ငယ်ငယ်က မြန်မာဇာတ်ကားတွေမှာ
အနောက်တိုင်းက ပြန်လာတဲ့အခါ
လူတွေမမှတ်မိလောက်အောင်
တိုးတက်ပြောင်းလဲလာတာကို
တွေ့ရမှာ ဖြစ်သလို
ငယ်ငယ်က မြန်မာ့စာပေတွေမှာ
မောင်လူအေး ဘိလပ်ကပြန်လာတော့
မြန်စာစကားမပြောတတ်တော့ပဲ
“ရေချမ်းချမ်းတစ်ခွက်ပေးပါ” ဆိုတဲ့
ဝတ္တုထဲကအကြောင်းအရာမျိုး
လေးတွေဖတ်ဖူးလိမ့်မယ်။
ဆယ်တန်းပြီးတော့ Thomas Friedman ရဲ့
The world is flat ဆိုတဲ့စာအုပ်
ဖတ်လိုက်ရတဲ့အခါ အနာဂတ်အကြောင်း
ဘယ်လိုတွေ ဖြစ်နိုင်လဲဆိုတာ
ခပ်ရေးရေးပုံဖော်လို့ရလာတယ်။
၂၀၀၅ မှာ Internet ကို မန္တလေးမှာ
သုံးလို့ရတဲ့နေရာ KMD နဲ့
ဆေးကျောင်းရှေ့က Japan Store ပဲရှိတယ်။
KMD က တစ်နာရီ လေးရာ။
စောင့်ပြီးသုံးရတယ်။
asl pls ဆိုတဲ့ MIrc နဲ့ Meboo ခေတ်ကပေါ့။
KMD က ညနေ ၆ နာရီပိတ်တော့
Japan Store ညနေသွားတဲ့အခါ
တစ်နာရီငါးထောင်နဲ့ သွားသုံးခဲ့ရတဲ့ အချိန်တွေ။
YouTube သုံးနိုင်ဖို့အတွက်ဆိုတာ
Dtunnel တို့လို Freedom VPN နဲ့
မကောင်းတဲ့ line ကြားက
ဘာညာကျော်ခွရတဲ့အချိန်။
Metaverse ခေတ်မှာ
သူများတွေ Unreal နဲ့ Unity တို့သုံးပြီး
ပြင်ဆင်နေချိန်မှာ
Basic App တွေဖန်တီးနိုင််ဖို့
Team တည်ဆောက်ဖို့ကို talent ရှာဖို့
တော်တော်မလွယ်ဘူး။
အဓိက “အ” သုံးလုံးဖြစ်တဲ့
အင်္ဂလိပ်၊ အိုင်စီတီနဲ့ အင်တာနက်
အသုံးသေချာပြုနိုင်ပြီး
နေ့စဉ်ကြိုးစားရင်
နိုင်ငံခြားကျောင်းသွားတတ်မှ မဟုတ်ဘူး။
ဘယ်မှာနေနေ လူတွေမမှတ်မိလောက်အောင်
တိုးတက်ပြောင်းလဲနိုင်ပါတယ်။
Phyo Paing @ Derek