ဘွဲ့လဲရပြီ။ ဆေးလဲမကုဘူး။ ဒါက သေချာတယ်။
ခြောက်နှစ်လောက်သင်ခဲ့တာနဲ့
အသက်မမွေးဘူးဆိုမှတော့ သုညက
ပြန်စရမှာပေါ့။ အသက်ရှူတောင် သိပ်မဝချင်ဘူး။
အဲ့အချိန်ကပေါ့။
သင်တန်းတွေ အစုံလဲ လိုက်တက်ကြည့်ဖူးတယ်။
နောက်ဆုံး Business Management ကို
လေ့လာမယ်ဆိုပြီး Awarding Body တစ်ခုက
ပေးတဲ့ Ofqual Graduate Diploma ကို
ရွေးလိုက်တယ်။
အဲ့တုန်းက ဘာသာရပ် ငါးခုပါတယ်။
ငါးလလောက်အချိန်ပေးပြီး
exam ဖြေဖို့လုပ်လိုက်တယ်။
ကံကောင်းတာ တစ်ခုက
စိတ်ဝင်စားတဲ့ textbook တွေဖတ်ပြီးရင်
ဘယ်စာ ဘယ်နားပါတယ်ဆိုတာ
မှတ်မိနေတတ်တယ်။
အဲ့ဒီ awarding body ကတော့
ABE (UK) ပဲ။
ABE စာအုပ်တွေက ဖွဲ့စည်းထားတာ
တော်တော်လေး structure ကျတယ်။
အဲ့ဒီ အခြေခံတွေက MBA တက်တဲ့အခါ
တော်တော်လေး အထောက်အကူပြုသလို
အောက်သက်ကြေစေတယ်။
အဲ့ဒီအချိန်ကတော့ ABE ပြီးရင်
MBA ကို တခြားနိုင်ငံမှာတက်
Migrate လုပ်ဖို့ စဉ်းစားထားတာ။
တံခါးတွေပွင့်လာတော့
ဒီမှာပဲ အခြေချမယ်ဆိုပြီး
mission အသစ်တွေ တွေ့လာတာပဲ။
ပြောချင်တာကတော့ Business ကိုစိတ်ဝင်စားပြီး
Career Change ချင်ရင်
ကျွန်တော်ထင်တာ ABE ထက်
ကောင်းတာ၊ လွယ်တာ ပြည်တွင်းမှာ
အများကြီးရှိမယ် မထင်ဘူး။
နောက်ပြီး ဘွဲ့ရဖို့ လမ်းကြောင်း
Option ရွေးရလဲလွယ်တယ်။
Phyo Paing @ Derek