မားကတ်တင်းဆိုတာကတော့
ကိုယ့် ကုမ္ပဏီ၊ ကိုယ့်လုပ်ငန်းအကြောင်း
ကိုယ်သိစေချင်တဲ့လူတွေသိပြီး
ကြွေအောင် ထုတ်ဖော်ပြသပေးတဲ့
လုပ်ငန်းစဥ်ပဲ။
တချို့ကကြွေအောင်အရင်မလုပ်ပဲ
ရေဆာနေချိန် ရေရောင်းဖို့
စဥ်းစားကြတယ်။
ဒါက စျေးကွက်လိုအပ်ချက်
အရမ်းကောင်းနေတဲ့အချိန်
အဆင်ပြေနိုင်တယ်။
ဒါပေမယ့် ရေရှည်အတွက်ကတော့
raving fans တည်ဆောက်ဖို့လိုတယ်။
ဒီနေ့ခေတ် တစ်ကမ္ဘာလုံးကလဲ
Fans Economy ပိုင်းကိုသွားနေတယ်။
ကုန်ပစ္စည်းထုတ်လုပ်နေဆိုတာ
တဖြည်းဖြည်းနဲ့ commodity ဆန်လာတယ်။
ထုတ်လုပ်တဲ့သူက စားသုံးနိုင်တာထက်
ပိုထုတ်နိုင်တဲ့ အဆင့်တဖြည်းဖြည်း
ရောက်လာတယ်။
ဒီတော့ branding နဲ့ marketing က
အရင်ကထက် ပိုအရေးကြီးလာတယ်။
#GMC