၁. သတ္တဝါတွေကို ကယ်တင်ဖို့ လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီဖြည့်ခဲ့တယ်။
လုပ်ငန်းတွေမှာ လုပ်ငန်းရှင်အတွက်သာမဟုတ်ပဲ ဝန်ထမ်းတွေ သို့ ဖောက်သည်တွေ (တပါးသူတွေအတွက်) အကျိုးပြုစေမည့် Mission ရှိရမည်။
Google ရဲ့ Mission သည် ကမ္ဘာပေါ်မှာရှိသည့် သတင်းအချက်အလက်များကို လူအများအား အလွယ်တကူရရှိစေနိုင်ဖို့ဖြစ်သည်။
၂. ဂေါတမ မြတ်စွာဘုရားဖြစ်ရန် ရည်မှန်းချက်ပန်တိုင်ထားခဲ့ပါတယ်။
လုပ်ငန်းတွေမှာလည်း တစ်ချိန် ဘယ်ရောက်အောင်သွားမလဲ Vision လိုပါတယ်။
ဥပမာ Microsoft ရဲ့ Vision သည် အိမ်တိုင်းအိမ်တိုင်းမှာ ကွန်ပျူတာ တစ်လုံးစီရှိရမယ်။ ကွန်ပျူတာတိုင်းမှာ Microsoft Windows တပ်ဆင်ထားရမယ် လို့ထားခဲ့ပါတယ်။
၃. မလျော့မတင်း စောင်းကြိုးညှင်း လမ်းစဉ်ကျင့်သုံးခဲ့ပါသည်။
မဇ္ဇိမ လမ်းစဉ်ကို အသုံးပြုပြီး အလယ်အလတ်လမ်းစဉ်အတိုင်း ကြိုးစားခဲ့တယ်။
Vision ကိုရောက်ဖို့ Strategy မဟာဗျူဟာလိုပါတယ်။ Buddha သည် Strategy ပေါင်းများစွာ ကျင့်သုံးခဲ့ပေမယ့် အလယ်အလတ်လမ်းစဉ်နဲ့ ရည်မှန်းချက်ပန်းတိုင်ရောက်ခဲ့ပါသည်။
Business တွေမှာလည်း ရည်မှန်းချက်ပန်းတိုင်ရောက်ဖို့ မဟာဗျူဟာတွေလိုသလို ဒီမဟာဗျူဟာတွေဟာ Flexible ဖြစ်ဖို့လိုပါတယ်။
၄. အခြေခံအယူအဆ နဲ့ လိုက်နာရန်စည်းကမ်းလိုပါတယ်။
Buddhism ရဲ့ အခြေခံ အယူအဆသည် သစ္စာလေးပါးဖြစ်သည်။ သွားဖို့ လမ်းသည် မဂ္ဂင်ရှစ်ပါးဖြစ်သည်။ ဗုဒ္ဓဘာသာတစ်ယောက်သည် ငါးပါးသီလ 5 precepts ကို လိုက်နာရသည်။
လုပ်ငန်းတစ်ခုမှာ အခြေခံ Corporate philosophy လိုသည်။ အယူမှားရင် မိစ္ဆာ ဒိတ္တိဖြစ်တယ်။ ဒါ့ကြောင့် Corporate Philosophy မှာ တန်ဖိုးထားမှု Core Values လိုက်နာရမည့် အပြုအမူ Credo တို့လိုပါတယ်။ Enron သည် အယူမှားသည့် example တစ်ခုဖြစ်သည်။
၅. ဓမ္မပြန့်ဖို့
ဗုဒ္ဓရဲ့ ဓမ္မကို လိုက်နာတဲ့ ကိုးကွယ်ဆည်းကပ်သူတွေရှိသလို အနှောက်အယှက် တွေလည်းရှိတယ်။
ဒါ့ကြောင့် လုပ်ငန်းတစ်ခုသည် Company အပြင် Customer နဲ့ Competitor ဒီ 3 C ကိုအာရုံစိုက်ရပါသည်။
၆. ပြောတာကြီးပဲ မယုံဖို့ ကိုယ့်ကိုကိုယ်စဉ်းစားသုံးသပ်ဖို့ဟောခဲ့ပါတယ်။
ဗုဒ္ဓသည် ဘာလုပ်ဘာလုပ်ပြောတာထက် မေးခွန်းအများဆုံးမေးတာကို ဇာတ်တော်တွေ လေ့လာရင်သိနိုင်ပါတယ်။
ဒါ့ကြောင့် လုပ်ငန်းတွေမှာ Manager တွေအနေနဲ့ လုပ်ငန်းရှင်တွေအနေနဲ့ ငါခိုင်းတာလုပ် ပြန်မပြောနဲ့အစား မေးခွန်းကောင်းတွေမေးနိုင်ပါတယ်။ ဒါ့ကြောငါ့ ဘောလုံးလောကမှာ မန်နေဂျာကို Coach လို့လည်းခေါ်လေ့ရှိတာကိုတွေ့ရမှာဖြစ်ပါတယ်။
ဆက်စပ်မိတာလေးပါ။ 2018 က ရေးထားတာလေး။
Phyo Paing @ Derek