မလုပ်ချင်တာတွေ မလုပ်ရပဲ
လိုချင်တာရအောင်လုပ်လို့ရတယ်။
ဒါကို ဒီဇိုင်းလို့ခေါ်တယ်။
ကိုယ့်ဘဝမှာ မလုပ်ချင်တွေချရေးကြည့်။
ဥပမာ စီးပွားရေးမှာဆို
တိုးတက်မှုမရှိပဲ ငွေအတွက်ပဲ
အလုပ်လုပ်နေတာမျိုးမလုပ်ချင်တာမျိုး
ဖြစ်ရင်ဖြစ်မယ်။
ကိုယ့်စီးပွားရေးအတွက်
ကိုယ့်ဘဝကို စတေးရ၊
ပေးဆပ်ပြီး လုပ်ငန်းကြီး
ကြီးလာတာမျိုးမဖြစ်ချင်ဘူး
ဒါမျိုးဖြစ်ရင်ဖြစ်မယ်။
ဒါမှမဟုတ်
တစ်နေရာထဲမှာ ခြေချုပ်မိမည့်
ခရီးသွားလို့မရတဲ့ လုပ်ငန်းမလုပ်ချင်ဘူး။
ဒါမျိုးဖြစ်ရင်ဖြစ်မယ်။
ဝန်ထမ်းတွေကြောင့် စိတ်သောက
ရောက်နေတာမျိုးမလိုချင်ဘူး။
ဒါမျိုးဖြစ်ရင်ဖြစ်မယ်။
တပြိုင်တည်းမှာပဲ
ရချင်တဲ့ ရလဒ်တွေက ဘာတွေလဲ။
တစ်ခါတည်ဆောက်ပြီး
တစ်သက်လုံးရောင်းလို့ရမယ့်
အရာတွေဖန်တီးချင်တယ်။
အဖေခေတ်မှာ လုပ်လို့မရခဲ့တဲ့
ဆန်းသစ်တဲ့လုပ်ငန်းတွေလုပ်ချင်တယ်။
နေ့စဥ်တိုးတက်မှုရှိမည့်လုပ်ငန်း
လုပ်ချင်တယ်။
ကိုယ်တိုင်ဖန်တီးထားတဲ့
ကုန်ပစ္စည်းတွေ အဓိကရောင်းချင်တယ်။
ဒါမျိုးဖြစ်ရင်ဖြစ်မယ်။
ကိုယ်မလုပ်ချင်တာမလုပ်ရပဲ
လိုချင်တဲ့ရလဒ်ရဖို့
ဒီဇိုင်းလုပ်ဖို့လိုတယ်။
ဒီ ဒီဇိုင်းကို စီးပွားရေးလည်ပတ်ပုံမှာလုပ်ဆောင်တာကို
Business Model လို့ခေါ်တယ်။
Akyanpay
ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။
#Akyanpay