Business Plan ဆိုတာ ကိုယ့်လုပ်ငန်းအတွက် အနာဂတ်အစီအစဉ်များကို ချရေးထားသည့် စာရွက်ဖြစ်သည်။ လုပ်ငန်းပိုင်ဆိုင်မှု၊ စျေးကွက်အကြောင်း၊ ဝန်းထမ်းရေးရာ၊ သွားချင်သည့်လမ်းကြောင်း၊ စျေးကွက်ဖော်ဆောင်မှုအကြောင်း၊ ငွေကြေးအကြောင်းအစရှိသည်တို့ပါဝင်သည်။
Business Plan ဘာကြောင့်ရေးကြသလဲ?
ရင်းနှီးမြုပ်နှံမှုရချင်လို့
ချေးငွေရချင်လို့
ကိုယ့်လုပ်ငန်းသွားမည့်လမ်းကြောင်းကို စနစ်တကျရေးသားထားဖို့
Business Plan တစ်ခုရေးရင် ဘာတွေအဓိကပါဝင်ရမလဲ?
-လုပ်ငန်းအကြောင်း အကြမ်းဖျင်းရေးသားမှု Executive Summary – ရင်းနှီးမြုပ်နှံသူအများစုသည် ဒီအပိုင်းကို အဓိကဖတ်ပြီးမှ ကျန်သည့်အပိုင်းကို ဆက်ဖတ်သည်။
-လုပ်ငန်းအနေဖြင့် အဓိကဖြေရှင်းနေသည့်ပြဿနာ နှင့် လုပ်ငန်းအတွက် အဓိကအောင်မြင်စေမည့် Critical Success Factor (CSF) ကိုရေးရပါသည်။
-ကိုယ့်လုပ်ငန်း၏ Vision, Mission နှင့် Core Values တို့ကို ချရေးပါ။
လုပ်ငန်းပိုင်ဆိုင်မှု အကြောင်း Company Limited မှာ လူဘယ်နှစ်ယောက်ဖြင့်ဖွဲ့စည်းထားသလဲ? (မြန်မာနိုင်ငံဥပဒေအရ Company Limited တွင်လူနှစ်ဦးအနည်းဆုံးဖြင့်ဖွဲ့စည်းသည်။)
-Company ဖွဲ့စည်းပုံ နှင့် Team Structure အကြောင်းပါဝင်ရမည်။
-Marketing Plan ပါဝင်ရမည်။
-ဖြန့်ချီရေး Plan ပါဝင်ရမည်။
– စျေးနှုန်းသတ်မှတ်မှုပါဝင်ရမည်။
-လုပ်ငန်းအားသာချက်၊ အားနည်းချက် သုံးသပ်မှု၊
-ပြိုင်ဖက်တွေအကြောင်း – ပြိုင်ဖက်တွေရဲ့အားသာချက်၊ အားနည်းချက်
-လုပ်ငန်းအတွက် PESTLE အနာဂတ်အတွက် ယူဆချက် –
Assumptions များကို နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ နည်းပညာ၊ ဥပဒေ နှင့် သဘာဝပတ်ဝန်းကျင်အပြောင်းအလဲများ ကိုသုံးသတ်ပြီး Plan ထဲမှာ ထည့်သွင်းရေးဆွဲရမည်။
-Milestones များ – ကိုယ့်လုပ်ငန်းအနေဖြင့် သွားချင်သည့်လမ်းကြောင်းတစ်လျှောက်မှာ ဆွတ်ခုးချင်သည့် အဆင့်များသတ်မှတ်ရမည်။ ဥပမာ ပထမတစ်ဆိုင်ဖွင့်ပြီး ဘယ်နှစ်လ သို့ နှစ်မှာ နောက်တစ်ဆိုင်ပြန်ဖွင့်မည်။ ဘယ်မြို့ကိုတော့ ချဲ့မည်။
-Financial Projections ဘဏ္ဏာရေးရေးဆွဲမှုအကြောင်း – နှစ်အလိုက်အရှုံးအမြတ်ခန့်မှန်းမှု၊ ပိုင်ဆိုင်မှုစာရင်း၊ ဝင်ငွေထွက်ငွေ အစရှိသည်တို့ကိုရေးဆွဲရမည်။
ရင်းနှီးမြုပ်နှံသည့် ငွေဘယ်ကရမလဲ?
ကိုယ်ပိုင်ငွေရင်းနှီးမြုပ်နှံမှု
ချေးငွေ
ပိုင်ဆိုင်မှုရောင်းငွေ
ချေးငွေရနိုင်သည့်လမ်းကြောင်းများ
1. မိသားစု
2. သူငယ်ချင်း
3. ဘဏ်
4. NGO နှင့် Micro-finance (eg. Daung Capital, World Vision, etc)
5. Peer-to-Peer အချင်းချင်းငွေချေးသည့်လုပ်ငန်းငန်းများ
ပိုင်ဆိုင်မှုရောင်းချပြီးရင်းနှီးမြုပ်နှံမှုရယူခြင်း
1. Angel Investor
2. Venture Capital
ဘယ်နည်းလမ်းအကောင်းဆုံးလဲ ?
ပိုင်ဆိုင်မှုကို ရောင်းချမှုကို အချိန်ကြာမှ လုပ်လေလေပိုကောင်းလေလေ။ အချိန်ကြာနိုင်လေလေ ပိုကောင်းလေလေ။ အကြောင်းကတော့ company ပိုင်ဆိုင်မှုကို ရောင်းချတဲ့အခါ ဆုံးဖြတ်မှုအပိုင်းမှာ control လုပ်ခံရမည်ဖြစ်သလို၊ အနာဂတ်မှာရနိုင်သည့် future profit ကို ဝေစုခွဲပေးရမည်ဖြစ်သည့်အတွက်ဖြစ်သည်။
တခြားနည်းလမ်းများ?
Crowd-Funding (eg. Kickstarter) ဒီနည်းလမ်းကတော့ donation ပုံစံဆန်သည်။ ပိုင်ဆိုင်မှုကိုရောင်းသည်မဟုတ်ပဲ ကိုယ့်လုပ်ငန်း ကုန်ပစ္စည်း၊ ဝန်ဆောင်မှု၊ idea ကိုသဘောကျသည့်အတွက် ကြိုတင်ငွေပေးချေထားပြီး ကိုယ့်လုပ်ငန်းအနေနဲ့ အထူးdiscount သော်လေည်းကောင်း၊ Limited edition color မျိုးသော်လည်းကောင်းထုတ်ပြီး ပြန်ပေးခြင်းဖြစ်သည်။ သူ့မှာ ကိုယ်လိုချင်တဲ့ target သတ်မှတ်ရသည်။
Financing နှင့်ပတ်သက်လို့ ရေတို၊ ရေလတ်၊ ရေရှည် သုံးမျိုးရှိသည်။
1. ရေတို (Trade Credit – ကုန်ပစ္စည်း အကြွေးရခြင်း ပုံမှန် တစ်ပတ်၊ နှစ်ပတ်ရသည်၊ Bank Overdraft – Bank မှ အပ်ငွေထက်ပိုထုတ်ခြင်း၊ Invoice Discounting (eg. Kyopay) ကိုယ့်အနေဖြင့်ရရန်ရှိသည့် invoice များကို ပေါင်ပြီးငွေကြိုတင်ရယူခြင်း။
2. ရေလတ် (Bank Loan ဘဏ်ချေးငွေ, Hire Purchase အရစ်ကျဝယ်ယူမှု or Leasing နှစ်ရည်ငှားရမ်းမှု )
3. Share Capital ရောင်းချခြင်း
Phyo Paing @ Derek