အရောင်းသမားတွေအနေနဲ့ ပစ္စည်းရောင်းတဲ့အခါ
Benefit တွေကိုပဲထိုင်ပြောနေတာထက်
Category ခွဲပြောရောင်းတတ်ဖို့အရေးကြီးတယ်။
ဥပမာ အဝတ်လျှော်စက်ရောင်းမယ်ဆိုပါတော့
၁။ သူက စွမ်းဆောင်ရည်ပိုမြင့်တယ်။
– Motor လည်နှုန်းမြန်တဲ့အတွက် အချိန်ကုန်ပိုသက်သာစေတယ်။
– Size အတူတူပေမယ့်အတွင်းမှာပိုကျယ်လို့ အဝတ်ပိုထည့်လို့ရတယ်။
၂။ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းမှုစနစ်ပါတယ်။
-ဒါကြောင့် လျှပ်စစ်စားသက်သာတဲ့အတွက် မီတာခလဲသက်သာတယ်။
-သဘာဝပတ်ဝန်းကျင်အတွက် ဒီဇိုင်းထုတ်လုပ်ထားတဲ့အတွက် ပတ်ဝန်းကျင်အတွက်အထောက်အကူပြုတယ်။
FAB အလွန် (Features, Advantage, Benefits)
Phyo Paing @ Derek