အတိတ်နဲ့ အနာဂတ်ဆိုတာ
အယူအဆတစ်ခုပဲ။
အမှန်တော့ ပစ္စုပ္ပန်တစ်ခုပဲ
တကယ်ရှိနေတာ။
ပစ္စုပ္ပန်ကို သုံးပိုင်းခွဲလိုက်တယ်။
မနက်မှာ ကိုယ့်ကိုကိုယ် သိုင်းကျင့်တယ်။
တနည်းအားဖြင့် train တယ်။
စာဖတ်တာ၊ လေ့ကျင့်ခန်းလုပ်တာ၊
ပြန်လည်သုံးသပ်ဖို့ ရေးမှတ် journaling လုပ်တာ၊
စိတ်နဲ့ ခန္ဓာကို ပြန်ပြီးချိပ်ဆက်ဖို့ တရားထိုင်
meditation လုပ်တာ။
ဆယ်နာရီဆိုတာနဲ့ work အလုပ်လုပ်တာ။
တစ်နည်း ပိုက်ဆံဝင်တဲ့ အလုပ်လုပ်တာ။
ခြောက်နာရီနောက်ပိုင်းကျတော့
ပြန်လည်အားဖြည့် recharge လုပ်တာ။
ဝိုင်သောက်တာ၊ သူငယ်ချင်းတွေနဲ့တွေ့တာ၊
ရုပ်ရှင်ကြည့်တာ၊ မနက်ဖြန်ဆက်ရမည့်အရာအတွက်
အားဖြည့်တာ။
ဒါကို TWR နည်းစနစ်လို့ နာမည်ပေးထားတယ်။
တစ်ရက်ကုန်ရင်တော့ သတ်မှတ်ထားတဲ့
MIT သုံးခုပြီးရမယ်။
MIT ဆိုတာ တစ်ရက်တာအတွက်
Most Important Task အရေးအကြီးဆုံးအလုပ်။
ကိုယ့်တစ်ရက်တာကို ဘယ်လိုဖြတ်သန်းလဲဆိုတာ
အင်မတန်အရေးကြီးတယ်။
ဘဝဆိုတာ ပိုက်ဆံရှာတာတစ်ခုတည်းထက်ပိုတယ်လို့
ယူဆထားတယ်။
ဘဝဆိုတာ ကိုယ့်ရဲ့ အကောင်းဆုံး version
တည်ဆောက်ဖို့ပဲ။
Phyo Paing @ Derek