ဒီနေ့လုပ်နေတဲ့ အလုပ်ကို
“ပိုလွယ်အောင်”ဘယ်လိုလုပ်မလဲ။
“ပိုကောင်းအောင်” ဘယ်လိုလုပ်မလဲ။
“ကိုယ့်လိုအပ်မှုအနည်းဆုံး” နဲ့
လည်ပတ်အောင် ဘယ်လိုလုပ်မလဲ။
“ကိုယ်မလိုပဲ လည်ပတ်အောင်”
ဘယ်လိုလုပ်မလဲ။
လူတွေက motivation ကို
အပြင်ကလိုက်ရှာနေရရင်
ဒါ productivity system
မရှိသေးဘူးဆိုတဲ့သဘောပဲ။
ကျွန်တော်လဲ အရင်က
youtube video တွေကြည့်၊
စာအုပ်တွေဖတ်ပြီး motivation ယူခဲ့ဖူးတယ်။
ဥပမာ ကိုယ်က thesis လုပ်ဖို့ပဲဖြစ်ဖြစ်၊
စာဖတ်ဖို့ပဲဖြစ်ဖြစ် motivation ရလာပြီ၊
လုပ်ရင်းနဲ့ ခက်တဲ့အပိုင်းရောက်လာတဲ့အခါ
အဲ့တောင်ကိုကျော်ဖို့ စိတ်ပိုင်းဆိုင်ရာအရ
အားထုတ်ရပြီး စိတ်ပင်ပန်းမှုဓာတ်ကိုမခံနိုင်ပဲ
အများစု လက်လျော့အချိန်ဆွဲသွားတတ်ကြတယ်။
ဒါက productivity system မရှိလို့ဖြစ်တယ်လို့
ကျွန်တော်ကတော့ ယူဆတယ်။
ကျွန်တော့်ရဲ့ productivity system ထဲမှာ
အခွဲတစ်ခုဖြစ်တဲ့ EATER model ရှိတယ်။
၁။ Eliminate ဘယ်အလုပ်တွေကို ရပ်တန်းကရပ်ရမလဲ?
ဥပမာ ကိုယ်မလုပ်သင့်၊ လုပ်စရာမလိုပဲ
လုပ်မိနေတဲ့အရာတွေ ရှိတတ်တယ်။
၂။ Automate ဘယ်အပိုင်းတွေကို automate လုပ်လို့ရမလဲ။
အမြင်သာဆုံးက သော့လိုက်ရှာနေရတာပဲ။
နေရာတစ်ခု သတ်သတ်မှတ်မှတ်ထားထားရင် ရှင်းသွားတယ်။
ဝန်ထမ်းတွေကို orientation ပေးတဲ့အပိုင်းတွေ
automate လုပ်လို့ရတယ်။
Design ဆိုလဲ design system ထားတာ၊
Marketing ဆိုလဲ marketing system ထားတာမျိုး။
၃။ Transfer အလုပ်တာဝန်တွေကို ဘယ်သူ့ကိုလွဲပေးလို့ရမလဲ။
ဥပမာ မီတာခဆောင်တာ ဒါတွေက ကိုယ်တိုင်လုပ်နေစရာမလိုဘူး။
တချို့အလုပ်တွေက တခြားသူတွေကို transfer လုပ်လိုက်လို့ရတယ်။
၄။ Experiment စမ်းသပ်မှုတွေပြုလုပ်ပါ။
ဘယ်နည်းနဲ့ကိုယ်နဲ့ ကိုက်မလဲဆိုတာ မသိနိုင်ဘူး။
နေ့စဥ်ဘဝမှာ၊ အလုပ်ခွင်မှာ သေးငယ်တဲ့စမ်းသပ်မှုတွေကနေ
စတင်ကြည့်ပါ။
ရလဒ်ကောင်းတွေကို အသုံးချပါ။
၅။ Reduce ဘယ်အပိုင်းတွေ လျော့ချလို့ရမလဲ။
တချို့အပိုင်းတွေက လုံးလုံးဖယ်ပြစ်လို့မရဘူး။
ဒီလို ဘယ်လိုပုံစံမျိုး လျော့ချလို့ရမလဲစဥ်းစားကြည့်ပါ။
ဥပမာ မလိုအပ်ပဲ meeting တွေ အများကြီး၊
အကြာကြီးလုပ်နေတာမျိုးအတွက်
ပိုအကျိုးရှိတဲ့ နည်းလမ်းတွေ စဥ်းစားတာမျိုး။
Motivation ဆိုတာ ရေတိုဖြစ်တယ်။
Motivation ထက် ကိုယ်နဲ့ကိုက်တဲ့
Productivity System ကိုတည်ဆောက်ပါ။
Phyo Paing @ Derek