Comfort Zone ထဲကထွက်ဖို့လိုတယ်ဆိုတာ Motivational speaker တိုင်းပြောတဲ့စကားပေါ့။ Motivation တွေက ဂျင်းတွေလား။ ဒီမေးခွန်းကို မသိခင်မှာ ကျွန်တော့်ဘဝ motivation နဲ့ကြုံခဲ့တဲ့ အဖြစ်အပျက်လေးတစ်ချို့ sharing လုပ်ပေးချင်တယ်။
၇ တန်းကျောင်းသားဘဝမှာ သူငယ်ချင်း သီဟဝင်း အိမ်ကိုရောက်သွားတယ်။ အဲ့မှာ computer ကိုစမြင်ဖူးတာ။ ဆင်းရဲဖေဖေ ချမ်းသာဖေဖေဆိုတဲ့ စာအုပ်တွေ့တယ်။ အိမ်ကိုငှားသွားတယ်။ အဲ့မှာ Financial freedom ဆိုတဲ့ concept ကိုစသိတာပဲ။ နောက်ပိုင်း ပီမိုးနင်းရဲ့ စိတ်ပညာတို့၊ အောင်မြင်ရေးတို့၊ စီးပွားရေးလုပ်နည်း ၁၀၀ တို့၊ ဂဏန်းဗေဒင်တို့ ပီမိုးနင်းရေးတာ အကုန်ဖတ်တယ်။
နောက်ပိုင်းဆယ်တန်းပြီး အင်္ဂလိပ်စာလေး မတောက်တခေါက်ဖတ်တတ်တော့ Think & Grow Rich တို့ How to win friends and people တို့ 7 Habits တို့ Australia စာရေးဆရာ Andrew Mattews ရဲ့ Being Happy တို့နဲ့ အကြိုက်တွေ့လာတယ်။ နောက်ပိုင်းကြော်ငြာတစ်ခုတွေ့တယ်။ အောင်မြင်ရေးသင်တန်းတဲ့။ သုံးရက်အတွင်းစိတ်တိုင်းမကျရင် 100% refund ဆိုတော့ စိတ်ဝင်စားပြီးသွားတတ်ကြည့်တယ်။ အဲ့မှာ ဆရာ ဂျော်နီကျော်မိုးနဲ့တွေ့တယ်။ ထိုင်ဝမ်မှာတက်ခဲ့တဲ့သင်တန်းတွေအကြောင်း၊ personal development အကြောင်းတွေလေ့လာခဲ့ပြီးနောက် Personal development လောကထဲက ဆရာတွေအကြောင်း စတင်မွှေနှောက်တော့တာပဲ။ ဒါပေမယ့် ဆရာဂျော်နီက Upsell မလုပ်ပါဘူး။ စေတနာအပြည့်ထားတာ လူတိုင်းသိပါတယ်။ ဒါ 2008 လောက်ကပါ။
အဲ့အချိန်က Youtube ကို လိုင်းပိတ်ထားတော့ Vtunnel တို့ Dtunnel တို့ Freedom VPN ကျော်ပြီး Course တွေကလဲစျေးအရမ်းများတော့ Rapidshare တို့မှာ လစဥ်ကြေးပေးပြီး Course တွေ download ပြန်လုပ်လေ့လာရတဲ့အချိန်။ Active Media တို့လို software ရောင်းတဲ့ခွေဆိုင်တွေမှာ Personal development နဲ့ပတ်သက်တာ အားလုံးမွေနှောက်တစ်ခွေတစ်ထောင်ဆိုတော့ အကုန်ဝယ်တယ်။
အဲ့ထဲမှာ life-changing လို့ပြောလို့ရတဲ့ ခွေတစ်ခွေပါလာတယ်။ Anthony Robbins ရဲ့ personal power ဆိုတဲ့အခွေပဲ။ The personal power is ability to take action ဆိုတော့ ကြွေသွားတယ်။ Triple P Principle လို့ခေါ်တဲ့ Pain & Pleasure Principle တွေ၊ NLP (neuro-linguistic programming) နဲ့ NAC (Neuro-associative conditioning) တွေနဲ့စတင်ရင်းနှီးခဲ့တယ်။ နောက်ပိုင်း သူငယ်ချင်းတွေကို ပြန်ပြောပြတဲ့အခါ တော်တော်လေးထိရောက်မှုကိုတွေ့ရတယ်။
ကျွန်တော်နဲ့ ပေါင်းတဲ့သူငယ်ချင်းတွေထဲမှာ ဆေးပညာကိုစိတ်မဝင်စားလို့ Game ပဲထိုင်နှိပ်နေတဲ့သူတွေပါတယ်။ အဲ့တော့ focus-meaning-action ဆိုတဲ့ Tony Robbins ရဲ့ Framework အတိုင်း သူတို့ meaning ကိုပြောင်းပေးကြည့်တယ်။ သူငယ်ချင်း မင်း Game ပဲထိုင်နှိပ်နေရင် မင်းမကြိုက်တဲ့ပညာရပ်ကြီးကိုလေ့လာရတဲ့အချိန်ကြာသွားမယ်။ အိမ်အတွက်လဲမကောင်းဘူး။ မင်းအတွက်လဲမကောင်းဘူး။ စပြီးတဲ့အလုပ် အဆုံးသတ်ဖို့တော့လိုတယ်။ မင်းသာ စာတွေလုပ်ရင်၊ စာမေးပွဲမြန်မြန်အောင်၊ ကျောင်းမြန်မြန်ပြီး၊ လုပ်ချင်တဲ့ဝါသနာပါရာအလုပ်ကိုလုပ်မကောင်းဘူးလား။ ဒီတော့သူတို့စဥ်းစားလာတယ်။ ပြောင်းလဲလာတယ်။
2015 မှာ NLP Certification Program တက်ဖြစ်တယ်။ သိန်း ၁၀၀ လောက်ကုန်တယ်။ NLP Certification ကို Bangkok မှာ superstar ဆုတွေဘာတွေရတယ်။ အမှန်တော့ ကိုယ်က Tony Robbins ရဲ့ Power Power II ကို အလွတ်ရသလောက်ဖြစ်နေပြီ။ 😀
နောက်ပိုင်း Tony Robbins ရဲ့ Seminar Unleash the power within ဆိုတာ သွားတယ်။ အကုန်ကသိပြီးသားတွေပဲ။ ဒါပေမယ့်တစ်ခုတော့ ရအောင်ယူမယ်စိတ်ပိုင်းဖြတ်ထားတယ်။ အဲ့မှာ အရင်မစဥ်းစားခဲ့ဖူးတဲ့ Breakthrough တစ်ခုရတယ်။ ဒါကတော့ လူတွေမှာ 6 Human needs ဆိုတာရှိတယ်။
၁။ သေချာရေရာမှုကိုရချင်တယ်။ Certainty လိုတယ်။
၂။ မသေချာမှု၊ အရောင်အလင်စုံဖို့ Variety လိုတယ်။
၃။ အချစ်မေတ္တာလိုတယ်။ Love & Connection ပေါ့။
၄။ လူတွေအသိအမှတ်ပြုခံရဖို့လိုတယ်။ Significance ပေါ့။
၅။ တိုးတက်ဖို့လိုတယ်။ Growth
၆။ လောကအကျိုးသယ်ပိုးဖို့ လိုတယ်။ Contribution
ဒီက လူတိုင်းမှာလိုအပ်တဲ့ Needs 6 ခုပေါ့။ ဒါကအရင်တုန်းက သိပြီးသား။ Abraham Maslow ရဲ့ Maslow’s Hierary of needs နဲ့နည်းနည်းဆင်သလိုလိုရှိတယ်။ ဒါပေမယ့်မတူဘူး။ ဒါကသိပြီးသား။ ဒါပေမယ့် Online ရှိတဲ့ content အများစုက Focus Meaing Action Framework နဲ့ 6 Human needs ကိုမချိပ်ပြထားဘူး။
အဲ့ဒီ Seminar မှာ အောင်မြင်တဲ့လူ၊ ပျော်ရွင်တဲ့သူအများစုရဲ့ Focus က အောက်လေးဆင့်မှာမရှီဘူး။ အထက်နှစ်ဆင့်ဖြစ်တဲ့ Growth & Contribution မှာရှိတယ်။ အောင်မြင်တဲ့ဘယ်သူ့ကိုကြည့်ကြည့် ဒီ Pattern ကိုတွေ့ရလိမ့်မယ်။
Tony Robbins ရဲ့ UPW မှာ Upsell တွေလုပ်တယ်။ သင်တန်းတစ်ခုကို သိန်း ၁၀၀ ဆိုတော့ ကိုယ်ကမလိုအပ်ဘူးထင်တဲ့အတွက် Business Mastery တို့ဘာတို့ မအပ်ခဲ့ဘူး။ သင်တန်းပေးတာကြာတော့ Course တတ်ခုရဲ့အသွားအလာတွေကို သိလာခဲ့ပြီးဖြစ်တဲါအတွက် ပါပါမယ်။
နောက်ပြီး T Harv တို့ရဲ့ Training Program တွေ မတက်ဖြစ်ဘူး။ Personal Value မတူဘူးလို့ခံစားရတဲ့အတွက်ဖြစ်တယ်။ Online ကနေတော့ $500 တန် Course တစ်ခုဝယ်ပြီး ဘာတွေသင်လဲ လေ့လာဖူးတယ်။ ဝယ်ပြီပြီးချင်းပဲ Pop Up မှာ ကြော်ငြာတစ်ခုက the same online course ကို $250 ဆိုတော့ Refund ပြန်ပေးပြီး $250 ကိုပြန်ဝယ်ခဲ့ဖူးတယ်။ Tony Robbins ကတော့ စေတနာပါတာ မျက်နှာကမြင်ရတယ်။ ထားပါတော့။ Onine Course တွေကတော့ အများကြီးလေ့လာဖူးတယ်။
အပြစ်ပြောလို့မရတာက Training တချို့မှာ Sales Funnel ဆိုတာရှိတယ်။ In-Up-Max လို့လဲသုံးတယ်။
၁။ Free content အမြည်းပေးမယ်။
၂။ In အဆင့်မှာ စျေးသက်သာတာလေးရောင်းမယ်။
၃။ Up အဆင့်မှာ Original ထက် 10X တန်ဖိုးရှိတဲ့ Product ကိုရောင်းမယ်။
၄။ Max အဆင့်မှာ 100X (သာမာန်ထက် အဆ ၁၀၀ ရှိတဲ့ ကုန်ပစ္စည်းကိုရောင်းမယ်။ ဥပမာ In အဆင့်မှာ ၁၀၀၀၀ ကျပ် ရောင်းရင် Max အဆင့်မှာ သိန်း ၁၀၀ ဖြစ်သွားမယ်။)
နောက်ဆုံး လစဥ် Subscription နဲ့သွားမယ်။ ဒါက Training လောကရဲ့ Business Model ဖြစ်ပါတယ်။
ဒီအဆင့်တိုင်းမှာ In မှာ အယောက် ၁၀၀၀ ဆို Up မှာ အယောက် ၃၀၀ ကျန်တယ်။ Max မှာ ၃၀ ယောက်ကျန်တယ်။ နောက်ဆုံး Subscription မှာ Inner circle တို့ဘာတို့လုပ်ပြီး Subscription model သွားတယ်။ ဒါကပုံမှန် သင်တန်းတွေသွားတဲ့ Business Model ပါ။
ဒီ Model ရဲ့အားသာချက်က Motivational Speaker တွေရဲ့ ဝင်ငွေကို Maximize လုပ်ပေးတယ်။ အားနည်းချက်က သင်တန်းတစ်ခုတက်တာနဲ့ စာသင်တာအပြင် ရောင်းတာကိုပါလုပ်နေရတယ်။ Upsell ကို aggressive selling technique လုပ်ရတယ်။ T Harv ကတော့ Upsell အရမ်းလုပ်တဲ့အတွက် တရားစွဲခံရဖူးတယ်။
Personal development သင်တန်း Motivation တွေက ဂျင်းလားဆိုရင် မဂျင်းပါဘူး။ ဒါပေမယ့် တက်မည့်သူတွေအနေနဲ့ Motivational speaker တွေသွားတဲ့ buiness model လေးကိုသိထားသင့်ပါတယ်။ နောက်ပြီး Motivation သင်တန်းတွေဟာ အိမ်မက်နဲ့ မျှော်လင့်ချက်ကို အဓိကရောင်းတာသိရပါမယ်။
ဒါကတော့ ကျွန်တော့်တစ်ဦးထဲရဲ့အမြင်သာဖြစ်ပါတယ်။
Phyo Paing @ Derek