တစ်ခုခုလုပ်တော့မယ်အခါ
အရာရာ perfect ဖြစ်လိုစိတ်များတဲ့အခါ
ကိုယ့်ကိုကိုယ် စိတ်တိုင်းမကျဖြစ်လာမယ်။
နောက်ပြီး စတင်ဖို့ အခက်အခဲဖြစ်လာမယ်။
ကိုယ့်စိတ်ကူးထဲက perfect နဲ့
လက်ရှိ အခြေအနေနဲ့ တော်တော်လေး
ကွာနေတဲ့အခါ အားမလိုအားမရဖြစ်လာမယ်။
စတင်မည့်အလုပ်တွေ မစဖြစ်တော့ဘူး။
ဒါနဲ့ အချိန်ဆွဲမယ်။
အရေးမကြီးတဲ့ အလုပ်တွေနဲ့ အာရုံလွဲမယ်။
အချိန်ဆွဲတော့ ကိုယ့်ကိုကိုယ် ပိုအားမရဘူး။
အားမရလေလေ ဒီအလုပ်နဲ့အဝေးကို
ပြေးဖို့ ကြိုးစားလေလေ။
နောက်ဆုံး လက်လျော့လိုက်တဲ့အခါ
လက်လျော့တဲ့အကျင့်ကြီးပါသွားတတ်တယ်။
ဒီတော့ Perfect ဖြစ်စဥ်စိတ်အစား၊
Progress တိုးတက်မှုအသားပေး
စိတ်ထားကြည့်ကြည့်။
ဒါက ပထမ version ဖြစ်တဲ့အတွက်
တိုးတက်ဖို့တော့ ထပ်လိုအုံးမယ်။
ဒုတိယ version မှာ ပိုကောင်းလာလိမ့်မယ်။
ဒီလို Perfect ဖြစ်ဖို့ထက်
တိုးတက်မှုအသားပေး Progress ကို
အာရုံစိုက်တဲ့စိတ်က
အလုပ်ပိုပြီး မြောက်စေတယ်။
ဒါကြောင့် Progress > Perfect
Perfectionist ဖြစ်တာကောင်းတယ်။
Perfect ဖြစ်ချင်တဲ့စိတ်နဲ့
အလုပ်မလုပ်ဖြစ်တာ မကောင်းဘူး။
Phyo Paing @ Derek