Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

Plan ဆိုတာ အမြဲချနေရတာမျိုး။

Plan ဆိုတာ အမြဲချနေရတာမျိုး။

လုပ်ငန်းရှင်တချို့ထင်ကြတာ
ကျွန်တော်ကို Business Plan ဆွဲပေး၊
Marketing Plan ဆွဲပေးဆိုပြီး
တစ်ခါတည်းပြီးသွားမည့်အမျိုးလို့ထင်ကြတယ်။

Plan ဆိုတာ အဖြစ်အပျက်တစ်ခုမဟုတ်ပါဘူး။
Plan ဆိုတာ ဖြစ်စဥ်တစ်ခုပါ။
နောက်တစ်ပတ်လုပ်မည့်အစီအစဥ်ဟာ
ဒီရက်ပိုင်းမှာ ဖြစ်ပျက်မှုတချို့ကြောင့်
အပြောင်းအလဲရှိနေနိုင်ပါတယ်။
ဒါကြောင့် ကိုယ့် Plan ကိုအမြဲ update
လုပ်နေဖို့ လိုအပ်တယ်။

New Year ညမှာ ၂၀၂၂ အတွက်
plan ဆွဲပြီး တစ်ခါတည်းအကောင်ထည်
ဖော်တယ်ဆိုတာ အကောင်ဆုံးနည်းလမ်း
ဖြစ်ချင်မှ ဖြစ်လိမ့်မယ်။

ကိုယ့် plan အကောင်အထည်ဖော်နေတုန်းမှာ
အသိဥာဏ်သစ်တွေ၊ အတွေ့အကြုံသစ်တွေ
သင်ခန်းစာသစ်တွေက
ကိုယ့်ကိုသင်ကြားပေးသွားမှာဖြစ်တယ်။

ဒါကြောင့် Plan ဆိုတာ အမြဲ update
လုပ်နေရတဲ့ Process ဖြစ်တယ်။
ဒီလို အမြဲ update လုပ်နေရတဲ့ process အတွက်
Plan ချနည်းစနစ် Framework တွေ
ကိုယ့်မှာ ရှိထားဖို့လိုအပ်တယ်။

ဥပမာ Business Plan မှာ ဘာတွေပါရမယ်၊
Brand Plan မှာ ဘာတွေပါရမယ်၊
Marketing Plan မှာ ဘာတွေပါရမယ်၊
HR Plan မှာ ဘာတွေပါရမယ်၊
Training Plan မှာ ဘာတွေပါရမယ်။
ဒီလို ပါဝင်ရမည့်အဆင့်တွေနဲ့
လမ်းကြောင်းတွေကို Framework တွေ၊
Template တွေအနေနဲ့ စုစည်းထားတဲ့
Tool Box လူတိုင်းမှာလိုကြတယ်။

ဒါကြောင့်လဲ ကိုယ်မပါပဲလည်ပတ်တဲ့
လုပ်ငန်းတွေ လည်ပတ်အောင်
တည်ဆောက်ရေးမှာ ကူညီဖို့
Akyanpay Creator Studio နဲ့
လှည့်ကြည့်စရာမလိုတဲ့ Marketing Team
တည်ဆောက်ဖို့
Sapwar Strategy Tools ကို
ဖန်တီးဖြစ်ခဲ့တာဖြစ်တယ်။

#Akyanpay
ကိုယ်မပါပဲ လည်ပတ်တဲ့လုပ်ငန်းတွေ
တည်ဆောက်ပါ။

Share Your Idea!​