Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

Power Niche တစ်ခုထားပါ။


Riches in the niches ဆိုတဲ့စကားရှိပါတယ်။
လူအများစုမတွေ့ပဲ ကျော်သွားတဲ့
စျေးကွက်ကို တူးဖော်အသုံးပြုပါ။

Niche Market ဆိုတာ
ပုံမှန်စျေးကွက်ရဲ့ 1% သော
သူတွေကို သီးသန့်ပစ်မှတ်ထားတာပါ။

ဥပမာ ကိတ်မုန့်ရောင်းတယ်ဆိုတဲ့
စျေးကွက်မှာ
၁၂ အောက်ကလေးလေးတွေအတွက်
Birthday Cake လှလှလေးတွေ
ဖန်တီးရောင်းချ စျေးကွက်ဖောက်တာမျိုး။

ယောဂသင်တာတောင်မှ
ဗိုက်ကြီးသည်တွေအတွက်ပဲ
သီးသန့် ယောဂသင်ပေးတာမျိုးကို
Niche Market လို့ခေါ်ပါတယ်။

ဒီလို အပျောက်စျေးကွက်လေးတွေက
လုပ်ငန်းအတွက် အမြတ်အများကြီး
ဖြစ်စေတတ်တဲ့အတွက်
Riches in the niches လို့ခေါ်ကြပါတယ်
အမျိုးတို့။

Akyanpay
ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။
#akyanpay

Share Your Idea!​