Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

Productivity နဲ့ Profit က
ဆက်စပ်နေတယ်။

ဒါကြောင့်လဲ ဘဝတစ်ခုလုံး
ဒီနှစ်ခုကိုဇောင်းပေးလေ့လာဖို့
ဟိုးအရင်နှစ်တော်တော်ကြာကတည်းက
ဆုံးဖြတ်ခဲ့တာ။

Productivity ကောင်းဖို့ဆိုရင်
Motivation, Mindset, Methodology,
Psychology, Personality, Physiology နဲ့
လောကကြီးကို မြင်တဲ့အမြင်
Perception အကုန်အရေးကြီးတယ်။
ဒါတွေကို ပေါင်းစပ်ပြီး
ကိုယ့်ရဲ့ အမူအကျင့် habit တည်ဆောက်တာပေါ့။
ဒါမှ ကိုယ်ဖြစ်ချင်တဲ့ ပုံစံဖြစ်မှာ။

ဥပမာ ကိုယ်က အရမ်းအောင်မြင်တဲ့
နည်းပညာ entrepreneur ဖြစ်ချင်တယ်ဆိုရင်
အဲ့လိုလူဖြစ်ဖို့ နေ့စဉ်ဘာတွေလုပ်ရမလဲ။
ဒီမေးခွန်း မေးဖို့လိုလာပြီ။
နေ့စဉ် ဘာတွေလုပ်မလဲဆိုတဲ့မေးခွန်း
အဖြေက ဘယ်ကရနိုင်လဲဆိုရင်
သူ့မှာ လိုအပ်တဲ့ skills တွေက ရနိုင်တယ်။
သူ့အနေနဲ့ စိတ်ခံစားမှုတွေကို စီမံခန့်ခွဲနိုင်ရမယ်။
IT သမားတွေကို manage လုပ်နိုင်ရမယ်။
စျေးကွက်ကို နားလည်ရမယ်။
English လို ပြောတတ်ရမယ်။
တရုတ်စျေးကွက်နားလည်ချင်ရင် တရုတ်စာ
တတ်ဖို့ လိုကောင်းလိုနိုင်တယ်။
ကျန်းမာဖို့ လိုမယ်။
နည်းပညာစာအုပ်၊ မားကတ်တင်း၊
စွန့်ဦးတီထွင်၊ စီမံခန့်ခွဲမှု အစရှိတဲ့
စာအုပ်တွေ ဖတ်ဖို့လိုမယ်။

ဒါတွေအကုန်လုံးနေ့စဉ် ဖြစ်နေဖို့
ကိုယ့်ရဲ့ lifestyle ကို design လုပ်ဖို့လိုတယ်။

လူတွေမှာ အိမ်မက်တွေ ကိုယ်စီရှိကြတယ်။
အိမ်မက်ဆိုတာ Vision board ချရေးရုံနဲ့
အလိုလို ရောက်မလာဘူး။
Law of attraction အတိုင်းသာ
ခံစားရုံနဲ့ ရောက်လာမယ်ဆိုရင်
နိုင်ငံတိုင်း ကမ္ဘာ့ဖလား ရနေပြီ။
ကမ္ဘာ့ဖလား ရချင်ကြတဲ့နိုင်ငံကြီးပဲ။
ဒါပေမယ့် နည်းစနစ်၊ အလုပ်၊
ကံ၊ ဥာဏ်၊ Culture ပေါ်မူတည်ပြီး
ရလဒ်တွေ ကွာသွာတယ်။

ဒါကြောင့် ”အကျင့်” အရေးကြီးတယ်။
နေ့စဉ်ရဲ့ စွမ်းပကားကို လျော့မတွက်နဲ့။

Phyo Paing @ Derek

Share Your Idea!​