Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

Relationship မှာ
ပထမဆုံးစတွေ့တဲ့အခါ

အရင်ကတည်းက ရင်းနှီးနေသလိုပဲ။
ဒါကို phenomenon of recognition တဲ့။

နောက် သိတာမှမကြာသေးဘူး။
နှစ်ရှည်လများ သိနေသလိုပဲ။
ဒါကို phenomenon of timelessness တဲ့။

တတိယအဆင့်က အချိန်ကြာလာလေ
ပိုရင်းနှီးလာလေ၊ ပိုယုံကြည်လာလေ။
ပိုစာနာပြီး တစ်ဖက်လူဖက်ကခံစားပေးလေတဲ့။

နောက်တစ်ဆင့်ကျတော့ illusion
ထင်ယောင်ထင်မှားဖြစ်တဲ့အဆင့်တဲ့။
ကိုယ့် partner ရဲ့ စိတ်ကူးထဲက
ideal ဖြစ်တဲ့ပုံစံအတိုင်းပြုမူတတ်တဲ့အတွက်
ဒါက ငါ့စိတ်ကူးထဲက relationship ပဲဆိုတဲ့
ကမ်းမမြင်လမ်းမမြင်အဆင့်။

နောက်ကျတော့ အရင်သဘောကျတဲ့အဆင့်တွေက
စိတ်ညစ်စရာဖြစ်တဲ့အဆင့်။
အရင် အနေအေးလိုက်တာ၊ စကားနည်းတာ
ကောင်းတယ်ဆိုတဲ့ အထင်အမြင်ကနေ
အချိန်ကြာလာတော့ ပျင်းစရာကောင်းလိုက်တာ၊
ငြီးငွေ့စရာ အထီးကျန်စရာကောင်းလိုက်တာ
ဆိုတဲ့အဆင့်။

နောက် power struggle တစ်ယောက်နဲ့တစ်ယောက်
စိတ်ဆိုး၊ စိတ်ကောက်၊
အနာကို ဒုတ်နဲ့ဆွမိတဲ့အဆင့်။
တစ်ယောက်နဲ့တစ်ယောက် ဝေဖန်မိရင်း
ဒဏ်ရာတွေနဲ့ ဒေါသ ဒါမှမဟုတ်
တော်ပါပြီ နောက်ဆုံးငါပဲနာကျင်ရတယ်ဆိုတဲ့
အကြောက်နဲ့ ဆုံးတဲ့အဆင့်။

နောက်အတတ်နိုင်ဆုံး ရှောင်ဖယ်တဲ့အဆင့်။
ခပ်ခွာခွာနေတဲ့အဆင့်။

ဒီအဆင့်တွေအကုန်လုံးက မသိိလိုက်မသိဖာသာ
unconscious မသိစိတ်က ဖြစ်နေတာတဲ့။

ဒီလိုမဖြစ်ဖို့ conscious partnership
ဖြစ်ဖို့လိုတယ်တဲ့။
relationship ဆိုတာ relationship တစ်ခုထက်ပိုတယ်တဲ့။
ငယ်ဘဝက ဒဏ်ရာတွေကို ကုစားဖို့
ဆိုတာ မမေ့နဲ့တဲ့။

Dr. Harville Hendrix က
အချစ် သီအိုရီသုံးခုဖြစ်တဲ့

၁။ အမျိုးသမီးဆို ကိုယ့်ကို ကာကွယ်ပေးဖို့ သို့
အမျိုးသားဆို evolution အရ မျိုးပွားဖို့

၂။ ကိုယ်နဲ့ အဆင့်အတန်းသိပ်မကွာတဲ့
သူအချင်းချင်း ဆေးပေးမီးယူဖို့
1 + 1 > 2 ဖြစ်ဖို့ exchange theory

၃။ Persona theory လို့ခေါ်တဲ့
ကိုယ့်မှာမရှိတာ ကိုယ့်ရဲ့ image ကို
တက်စေတာကြောင့် ချစ်ကျွမ်းဝင်ကြတယ်တဲ့။

Getting the love you want
စာအုပ်ကတော့ တော်တော်လေးမဆိုးဘူး
အားတီ၊ အားမေတို့။

Phyo Paing @ Derek

Share Your Idea!​