Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

Respect every profession!!!!
တပါးသူတွေရဲ့ အသက်မွေးဝမ်းကြောင်းအလုပ်ကို လေးစားပါ။

အမှန်တော့

ကိုယ်တစ်နာရီလောက် စကားပြောတာကို တခြားသူနားထောင်အောင်လုပ်ရတာ တော်တော်မလွယ်ကူပါဘူး။
လေး၊ ငါးရက်ဆက်တိုက် တစ်ရက်ကို ၁၀ နာရီလောက် ကိုယ့်စကားနားထောင်ပြီးလိုက်လုပ်ဖို့ဆိုတာ ပိုလို့တောင်မလွယ်ပါဘူး။

တချို့က ဂုတ်အင်္ကျီဝတ်ပြီး၊ PowerPoint နဲ့ စင်ပေါ်မှာ တက်ပြောရင်ရတယ်ထင်ကြတယ်။ တစ်နာရီ၊ နှစ်နာရီလောက်ရကောင်းရလိမ့်မယ်။ တကယ့် ဆက်တိုက် Training ပေးတဲ့အခါ ကိုယ့်အရည်အချင်းလူသိပါမယ်။

အများစုဟာ စနစ်တကျ Training ဆိုတာ ကိုယ်သိတာကိုပြောတယ်ထင်တာ။ အဲ့လောက်မရိုးရှင်းပါဘူး။ Training ain’t telling ပါ။ ဒါကြောင့် knowledge အများကြီးရှိပြီး Training ပေးတဲ့အခါ မအောင်မြင်တာ Training method ကိုအသုံးမချဖြစ်လို့ပါ။ Transfer of knowledge မှာ အခက်အခဲ စဖြစ်တယ်။

1. Coaching
2. Facilitation
3. Training
4. Program Designing
5. Teaching

အဆင့်ဆင့်ရှိပါတယ်။ Teaching က Level အမြင့်ဆုံးဖြစ်ပါတယ်။ တချို့က Coaching ဆိုတာ အရမ်းအဆင့်မြင့်တယ်။ လေးရက် Training နဲ့ဖြစ်ပါ့မလား စဉ်းစားတယ်။ Coaching ဟာ Training ထက် ပို basic ကျပါတယ်။ Framework အတိုင်းသွားရင် Result ရပါတယ်။

Training မှာကျတော့ Methodology တွေရှိလာပြီ၊ Adult learning psychology ကိုသိရပြီ။ ကိုယ့်သိတာပဲ ထိုင်ပြောနေရင် စကားဝိုင်းတစ်ခုထက်ပိုမှာမဟုတ်ဘူး။ Training cycle မှာပါတဲ့အတိုင်းလုပ်ရပြီ။ တကယ်လို့ ကိုယ်က Immersion သွားမယ်ဆိုရင် Music တွေ၊ Context ကိုသေချာတည်ဆောက်ဖို့လိုပြီ။ ဒီမှာ Content အရေးကြီးသလို Context နဲ့ Consent ကလည်း အင်မတန်အရေးကြီးတယ်။

ကိုယ်ပိုင် Training တည်ဆောက်မယ်ဆိုရင် Instructional Design ဆိုတာလိုအပ်လာပြီ။ ကျွန်တော့် Training အများစုက ကိုယ်တိုင် Design လုပ်တာများပြီး အများစုက ကိုယ်လေ့လာဖူးတဲ့ အကောင်းဆုံးအရာတွေနဲ့ learning objectives ပေါ်မှာ အခြေခံရတယ်။

Online Program တွေတည်ဆောက်တဲ့ နေရာမှာလည်းအလာတူပဲ e-learning instructional design တွေ သေချာလုပ်ရပါတယ်။ Course တွေ review အထပ်ထပ်လုပ်ရပါတယ်။

ဘယ် အသက်မွေးဝမ်းကြောင်းအလုပ်မဆို မလွယ်ကူပါဘူး။ Profession တိုင်းကိုလေးစားတတ်ဖို့လိုတယ်။ အရေးကြီးဆုံးက ကိုယ်လုပ်တဲ့အလုပ် ကိုယ့် Profession ကို ခရေစေ့တွင်းကျ လေ့လာသင့်ပါတယ်။

Respect every profession.

Phyo Paing @ Derek

Share Your Idea!​