Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

S သုံးလုံးလိုတယ်လို့ မြင်တယ်။

ကိုယ်မပါပဲ လည်ပတ်တဲ့
အသင့်ရောင်းလို့ရတဲ့ လုပ်ငန်း

ကိုယ့်လုပ်ငန်းကို
ကုန်ပစ္စည်းတစ်ခုလိုစဥ်းစားပါ။
ဒီလို စဥ်းစားခြင်းအားဖြင့်
ကိုယ့်ကိုကိုယ် လုပ်ငန်းရဲ့ equation ထဲက
ထုတ်လို့ရမယ်။

ကျွန်တော်ကတော့ freedom ဖက်ကို
ပိုသွားတဲ့ entrepreneur ဖြစ်တဲ့အလျောက်
ဒီလို business တည်ဆောက်ဖို့
S သုံးလုံးလိုတယ်လို့ မြင်တယ်။

၁။ Specialization

လျှောက်လုပ်နေလို့မရဘူး။ Generalized လုပ်လို့မရဘူး။
နေရာတစ်ခုကို specialized လုပ်ဖို့လိုတယ်။
ဥပမာ Nutrition market ကိုသွားမယ်ဆိုပါတော့။
ဒီ စျေးကွက်ကအကျယ်ကြီး။
Dedox လား၊ low crab diet လား၊ functional food လား၊
keto diet plan လား၊ အစရှိတဲ့ specialization ကို
သေချာရွေးလို့လိုအပ်တယ်။

၂။ Standardization

ဒီအဆင့်က အရမ်းအရေးကြီးပါတယ်။
တစ်ယောက်ချင်းစီပေါ်မူတည်ပြိး
Customization လုပ်နေရင်
ကိုယ့်လုပ်ငန်းကို ကုန်ပစ္စည်းတစ်ခုလိုလုပ်ဖို့
productize လုပ်ဖို့ ခက်ပါတယ်။
ဒီတော့ တစ်သားမှတ်ထဲဖြစ်အောင် standardize လုပ်ပါ။

၃။ Subscription

ကုန်ပစ္စည်းကိုရောင်းချမည့်အစား
John Warrillow ပြောသလို
automatic customers တွေဖန်တီးပါ။
ရေပုန်းနဲ့ ရေထမ်းရတာ ပင်ပန်းလွန်းလှပါတယ်။
ရေပိုက်သွယ်တဲ့ အဆင့်ပါ။
လစဉ်ကြေးနဲ့သွားလို့ရအောင်
business model တည်ဆောက်ပါ။

ကျွန်တော့်ဘဝမှာ စမ်းသပ်လေ့လာမှုတွေ
ပြုလုပ်တဲ့အထဲမှာ ကိုယ်မပါပဲ
လည်ပတ်တဲ့ လုပ်ငန်းဘယ်လို လုပ်မလဲဆိုတာပါပါတယ်။

Vision အသစ်တွေအတွက်
အရင်လကတော့ လွန်ခဲ့တဲ့ ၇ နှစ်က စခဲ့ပြီး
လက်သွေး စမ်းသပ်မှုတွေ ပြုလုပ်ခဲ့တဲ့
လုပ်ငန်းလေးကို ကျွန်တော့ကို ဒီ ၇ နှစ်လုံးလုံးမှာ
ကူညီပေးခဲ့တဲ့ ညီလေးကို အပြီးရောင်းခဲ့လိုက်တယ်။

အဲ့တုန်းကတော့ ဒီ S သုံးလုံးအကြောင်း
ကောင်းကောင်းမစဥ်းစားမိသေးဘူး။

ကိုယ့်မိတ်ဆွေတွေအတွက် မျှဝေပေးလိုက်ပါတယ်။

Akyanpay
ကိုယ်မပါပဲ လည်ပတ်တဲ့လုပ်ငန်းတည်ဆောက်ပါ။

#akyanpay

Share Your Idea!​