SME လုပ်ငန်းရှင်တွေအဆင့်
၁။ သင်တန်းဆရာ
လုပ်ငန်းစတင်တဲ့အခါ သင်တန်းဆရာနဲ့ တူတယ်။
ကိုယ့်လုပ်ငန်းရဲ့ လုပ်ပုံကိုင်ပုံသိအောင်
မားကတ်တင်း၊ အရောင်း၊ ဝန်ဆောင်မှုပေးပုံ၊
စာရင်းဇယားမှတ်ပုံ၊ လည်ပတ်ပုံ
ဝန်ထမ်းတွေကို သင်ပေးရတယ်။
ကိုယ်က စာရင်းဇယားတွေအကုန်
ဘွဲ့ရမထားရင်တောင်
ကိုယ့်လုပ်ငန်းလည်ပတ်တဲ့ စာရင်းဇယားပုံစံကို
ထဲထဲဝင်ဝင် သေချာသိမှရမယ်။
လုပ်ငန်းတစ်ခုဟာ
လုပ်ငန်းရှင်ကြီးသလောက်ပဲကြီးတယ်။
သူဥာဏ်ရှိသလောက်ပဲကြီးတယ်။
ကိုယ့်လုပ်ငန်းအကြောင်းကို
ထဲထဲဝင်ဝင် ကိုယ်တိုင်သိရမယ်။
၂။ တစ်ခုချင်းလွဲ
သင်ကြားပေးပြီးရင် လက်လွဲတဲ့အဆင့်။
စိတ်လောလို့မရဘူး။
တစ်ခုချင်းစီကို လူမှန်၊ နေရာမှန်
တဖြည်းဖြည်းချင်းလွဲရမယ်။
လုပ်ငန်းစီးဆင်းပုံတွေ
သေချာချရေးထားဖို့လိုတယ်။
ဘယ်သူက ဘယ်အလုပ်ကို
ဘယ်အချိန်အတွင်း ဘယ်လို
ဘာအတွက်ပြီးအောင်လုပ်ရမယ်
သေချာတိတိကျကျ သတ်မှတ်ရေးချ
ထားဖို့လိုတယ်။
တစ်ခုချင်းကို တစ်ယောက်ချင်း
လွဲပြောင်းပေးသွားဖို့လိုတယ်။
လူမမှန်၊ နေရာမမှန်ရင်
ဒီအဆင့်မှာ တိုင်ပတ်နေမယ်။
၃။ ခေါင်းဆောင်မွေး
လုပ်ငန်းဆောင်တာတစ်ခုချင်းစီဖြစ်တဲ့
မားကတ်တင်း၊ အရောင်း၊ စာရင်းဇယား၊
အစရှိတဲ့ အပိုင်းတွေလွဲပြီးရင်
ကိုယ့်ကိုယ်စား စီမံခန့်ခွဲပေးမည့်
ခေါင်းဆောင်ကို ရွေးပြီးလက်ဆင့်ကမ်းတဲ့အဆင့်။
ဒီအတွက် အချိန်ပေးရတယ်။
ကိုယ်နေ့စဥ်လုပ်နေတဲ့ အလုပ်တွေကို
မှတ်ထားတဲ့ မှတ်စုရှိရတယ်။
ဆုံးဖြတ်ချက်ဘယ်လိုချလဲ
ဥပဒေသတွေ သင်ပေးရတယ်။
ဘယ်လိုပုံစံဦးဆောင်ရတယ်။
အချိန်တစ်ခုပေးပြီး
ကိုယ့်လုပ်ငန်းတန်ဖိုးထားမှုတွေ
သွားမည့်လမ်းကြောင်းတွေ သင်ပေးရတယ်။
၄။ အကြံပေး
ခေါင်းဆောင်ကိုလွဲလို့ရရင်
ကိုယ်က အကြံပေးနေရာကနေပြီး
ခေါင်းဆောင်တိုးတက်ရေးကိုဖန်တီးပေးရတယ်။
ကမ္ဘာပေါ်မှာ လီကွမ်းယူကိုကြည့်ရင်
သူ့ PAP ပါတီကိုတည်ဆောက်ပြီး
Minister Mentor အနေနဲ့
နှစ်ပေါင်းများစွာ အကြံပေးနည်းပြပေးသွားတယ်။
မိုက်ခရီဆော့ကိုကြည့်ရင်လဲ
ဘီကိတ်အနေနဲ့ နှစ်ပေါင်းများစွာ
အကြံပေး advisory role က နေသွားတယ်။
နောက်မှ အကုန်လွဲသွားတာ။
ဂျက်မာတို့ကိုကြည့်ရင်လဲ
ဒီပုံစံပဲ။
SME အသေးလေးတွေမှာလဲ
ဒီပုံစံပဲ။
အများစုကိုယ့်လုပ်ငန်းကို
ကိုယ်မပါပဲ မလည်ပတ်နိုင်တာ
ကိုယ့်လုပ်ငန်းလည်ပတ်ပုံကို
ဝန်ထမ်းတွေကို သေချာ
မသင်ပေးနိုင်လို့လို့ ပြောရင်
မှားမယ် မထင်ဘူး။
Akyanpay
ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။
#akyanpay