Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

Social Media မှာ Personal Branding ပြုလုပ်တဲ့နေရာမှာ သိသင့်တဲ့ အချက် ၉ ချက်

Introduction

နာမည်ပေးဖြစ်တဲ့အကြောင်းရင်းကျွန်တော့်ကိုသိတဲ့သူတိုင်း ခင်ဖို့ကောင်းပြီး ကူညီတတ်တာကိုသိကြပါတယ်။ ဒီ Page စဖွင့်တုန်းက Dr. ဆိုတာကို တပ်သင့်မတပ်သင့်စဉ်းစားကြည့်တယ်။ နောက်ပိုင်း ကိုယ်ဝါသနာမပါတဲ့ ဘာသာရပ်တစ်ခုကို မိဘတွေရဲ့ childhood dream ကိုအကောင်ထည်ဖော်ပေးနိုင်ခဲ့တဲ့အတွက် တပ်လိုက်တယ်။

ကျွန်တော့်အဖေနဲ့ အဒေါ်လက်ထက်က FRC ဖြစ်တဲ့အတွက် ဆေးကျောင်းတက်နိုင်တဲ့ အမှတ်ရပေမယ့် ကျောင်းတက်ခွင့်မရခဲ့ဘူး။ အမေက ကျောင်းဆရာမဖြစ်ပေမယ့် အဖိုး FRC ဖြစ်တဲ့အတွက် SAT အထက်တန်းပြမဖြစ်ခဲ့ဘူး။ ဒါကြောင့်သူတို့ဟာ ညီအစ်ကိုနှစ်ယောက်ကို ဆရာဝန်ဖြစ်စေချင်ခဲ့တယ်။

ကျောင်းပြီးတော့ ဘဝရဲ့ရည်မှန်းချက်ပန်းတိုင်ကို ပြန်စဉ်းစားကြည့်တော့ စီးပွားရေးလုပ်ငန်းတွေကိုစိတ်ဝင်စားသလို၊ စာသင်ရတာစိတ်ဝင်စားတဲ့အတွက် Marketing & Business Trainer & Consultant စလုပ်ခဲ့တယ်။

နောက်ပိုင်း Social Media အသုံးပြုပြီး Y.E.C Learning Center ကိုတည်ဆောက်ခဲ့တယ်။ နောက်ပိုင်း Personal Branding အတွက် ဒီ Page လေးကိုဖွင့်ခဲ့တယ်။ဒီနေ့မှာတော့ မိတ်ဆွေတို့အတွက် အကျိုးရှိမယ်လို့ယူဆရတဲ့

ဒီနေ့မှာတော့ မိတ်ဆွေတို့အတွက် အကျိုးရှိမယ်လို့ယူဆရတဲ့

Social Media မှာ Personal Branding ပြုလုပ်တဲ့နေရာမှာ သိသင့်တဲ့ အချက် ၉ ချက် ကိုချက်ကို sharing ပြုလုပ်ပေးသွားပါမယ်။

  1. Authenticity အရေးကြီးတယ်။ စစ်မှန်ဖို့လိုတယ်။ သူများရေးထားတဲ့ content ကို အမြဲရှဲတာထက် ကိုယ်ပိုင် Content တွေနဲ့ authentic ဖြစ်ဖို့လိုတယ်။ မိသားစုပုံ၊ ခရီးသွားပုံတင်ပါ။
  2. အမြဲ Perfect ပုံစံဖမ်းတာထက် ကိုယ်လည်း Vulnerable ဖြစ်တယ်ဆိုတာပြပြီး တကယ့်ကို Hyper မဖြစ်တဲ့အကြောင်းကို ကိုယ့်ကိုကိုယ်ဟာသလေးလုပ်ဖို့ ရံဖန်ရံခါလိုတယ်။
  3. ပုံမှန် Post တင်ဖို့လိုတယ်။ အကောင်းဆုံးကတော့ 2 posts per day. Live in the comment သူငယ်ချင်းတွေရဲ့ post မှာ like တွေ၊ comment တွေပေးပါ။ HDB ဆိုတာမျိုးအတိုကောက်တွေရှောင်ပါ။
  4. ကိုယ်ဖြစ်စေချင်တဲ့ Image တည်ဆောက်ဖို့ Identity ကို သေချာတည်ဆောက်ဖို့လိုတယ်။ ကိုယ်မကျွမ်းကျင်တဲ့အရာတွေကို မဝေဖန်ပါနဲ့။ အပြုသဘောဆောင်ရေးပါ။
  5. ကိုယ့်ရဲ့ ကျွမ်းကျင်မှုနယ်ပယ်နဲ့ ကိုယ်ကိုယ်စားပြုတဲ့နယ်ပယ်ပေါ်မူတည်ပြီး ဘယ်လို Content တွေတည်ဆောက်မယ်ဆိုတာ Content Map တည်ဆောက်ထားဖို့လိုတယ်။
  6. Crisis တစ်ခုမဖြစ်ပေါ်အောင် အစတည်းက ကြိုတင်ပြင်ဆင်ထားဖို့လိုတယ်။
  7. အရောင်း Post တွေပဲတင်တာထက် အနည်းဆုံး 4:1 လောက်တော့သွားရမယ်။ Valuable Content 4 ခု၊ အရောင်း 1.
  8. Idea ဟာ Power ဖြစ်တဲ့အတွက် ကိုယ် promote လုပ်ချင်တဲ့ ideology နဲ့ belief system အတွက်မားမတ်တဲ့ ကျောက်တိုင်ကြီးတွေလိုနေပြီး Raving fans တွေစုဆောင်းပါ။ တချိန်တည်းမှာ လူတိုင်းကိုယ့် ပုရိပ်သပ်မဖြစ်နိုင်တာ နားလည်ထားပါ။
  9. နာမည်ကြီးလာလေလေ၊ အတင်းပြောခံရလေလေကို အမှတ်ယူပါ။ တိုက်ခိုက်မှုတွေနည်းအောင် KOL (Key Opinion Leader) တွေနဲ့ခင်မင်မှုရယူပါ။ Fusion Marketing လုပ်ဆောင်နိုင်တဲ့ group တစ်ခုထားပါ။

Phyo Paing @ Derek

Share Your Idea!​