နည်းပညာအသုံးပြု လုပ်ငန်းတွေကို
အကြမ်းဖျင်း လေးခုခွဲလို့ရတယ်။
ပထမက industry ကို disrupt လုပ်မည့်
mass market လူအများကိုပစ်မှတ်ထားတဲ့
startup တွေဖြစ်တယ်။
Uber, Grab, Facebook, Airbnb
ဒါတွေက scale ချဲ့ထွင်ဖို့ရည်ရွယ်ခဲ့တဲ့
startup တွေ ဖြစ်ပြီး
သူတို့ goal က IPO ဖြစ်တယ်။
ဒီအတွက် ရင်းနှီးမြုပ်နှံမှုတွေလိုတယ်။
တစ်ထောင်မှာ လုပ်ငန်းတစ်ခုလောက်ပဲ
US မှာ stock market မှာ
IPO လုပ်နိုင်ကြတယ်လို့
ကိန်းကဏန်းတွေက ဆိုတယ်။
ဒုတိယကတော့ small startup တွေ။
အဓိက ကတော့ SME လုပ်ငန်းကို
နည်းပညာထည့်ပြီး niche market
သွားတဲ့ နည်းပညာအသုံးပြု လုပ်ငန်းတွေပေါ့။
သူကတော့ လူဦးရေ တစ်သောင်း သို့
တစ်သိန်းလောက်ကိုပဲ ပစ်မှတ်ထားပြီး
လစဥ်ဝင်ငွေတည်ဆောက်သွားလို့ရတယ်။
ထားပါတော့ လူဦးရေတစ်သောင်းက
တစ်လကို တစ်ယောက်က
တစ်သောင်းသုံးရင် သိန်း ၁၀၀၀ ရပြီ။
တစ်ထောင်သုံးရင် သိန်း ၁၀၀ ရပြီ။
တတိယကတော့ ကုမ္ပဏီကြီးတွေကို
ပြန်ရောင်းမည့် startup တွေ။
လုပ်ငန်းလိုက်ပြန်ရောင်းဖို့
တည်ထောင်ထားတဲ့ လုပ်ငန်းတွေ။
နောက်တစ်ခုကတော့ Khan Academy တို့လို
Social enterprise တွေ။
ပထမတစ်ခုကို မြန်မာပြန်ကလုပ်ဖို့ဆို
Scalability issue တစ်ခုရှိနိုင်တယ်လို့မြင်တယ်။
အရှေ့တောင်အာရှမှာတော့
Unicorn (1 billion အထက် valuation) ရှိတဲ့
startup အများစုက Indonesia ကထွက်တယ်။
အဓိကကတော့ လူဦးရေကြောင့်။
Traveloka တို့ Gojek တို့လိုပေါ့။
ဖြစ်နိုင်ခြေအရှိဆုံးက ဒုတိယတစ်မျိုး။
ဒီတစ်မျိုးက ကျဆုံးနိုင်ခြေလဲနည်းသလို
ပုံမှန်ဝင်ငွေ တည်ဆောက်လို့လဲလွယ်တယ်။
ဒါကြောင့်လဲ အခုနှစ်ဆယ် + project ကို
2019 ကတည်းက စတင်ဖြစ်ခဲ့တယ်။
ဘယ်လောက်ထိသွားနိုင်မလဲ
စိတ်ဝင်စားဖို့ တော်တော်ကောင်းတယ်။
Phyo Paing @ Derek