Analysis

အရေးမပါတာကို
အရာမပေးဖို့လိုတယ်။

စဥ်းစားတာရှင်းတယ်။အရေးပါလား။ အရေးမပါလားခွဲတယ်။အရေးပါတာကို အာရုံစိုက်တယ်။ ကိုယ့်အတွက်အရေးပါတာ၁။ တော်စေ၂။ ပျော်စေ၃။ ငွေပိုပွားစေ၄။ ပိုပေးချင်တာကို ပေးချင်သူတွေကို ပေးစေဒီအလုပ်တွေက ကိုယ့်အတွက်အရေးပါတယ်။ ကိုယ့်ကို မတော်စေ။မပျော်စေ။ငွေမပွားစေ။ကိုယ်မပေးချင်တဲ့သူတွေကိုမျှဝေပေးနေရတာ အရေးမပါဘူး။ အရေးမပါတာကို အရာမပေးဖို့လိုတယ်။ ကိုယ့်အတွက် အရေးပါတဲ့အလုပ်ကိုလုပ်။အရေးပါတဲ့သူတွေနဲ့တွေ့။အရေးပါတဲ့ နေရာမှာနေ။အရေးပါတဲ့ အရာတွေကိုမျှဝေ။ Phyo Paing @ Derek

အရေးမပါတာကို
အရာမပေးဖို့လိုတယ်။
Read More »

DEAL လိုတယ်။

ဘဝမှာ ပျော်ရွင်စိတ်ကျေနပ်ပြီးအောင်မြင်ချင်ရင် DEAL လိုတယ်။ Daily = နေ့စဥ်Enjoyable = နှစ်သက်ပျော်ရွင်တဲ့Activities = အလုပ်တွေလုပ်ပြီး forLong-term = ရေရှည်Achievement = ဆွပ်ခူးမှုတွေအတွက် လုပ်နေဖို့ပဲ။ လေ့လာရတာ၊ ဖန်တီးရတာ၊ကူညီအကြံပေးရတာ၊ သင်ကြားပေးရတာ၊စမ်းသပ်ရတာ ကြိုက်တော့နေ့တိုင်း ဒါပဲ လုပ်တယ်။ ကိုယ့်ရဲ့ Flow ကို ကိုယ်ရှာနိုင်ရင်အလုပ်ကို အလုပ်လိုလုပ်စရာမလိုတော့ဘူး။ PPC ကို Master Your Flow လို့ပြောင်းထားတယ်။ Phyo Paing @ Derek

DEAL လိုတယ်။ Read More »

တခါတလေ ကိုယ့်ဘဝကိုယ်ကို
စာရင်းစစ်ဖို့ မေ့နေတတ်တယ်။

အားတီ၊ အားမေတို့ရေငွေကြေးတွေ အသစ်ထွက်၊အပြောင်းအလဲ များပြီးကတိတွေပေးပြီး ဗလောင်းဗလဲများတဲ့လောကကြီးမှာ တခါတလေ ကိုယ့်ဘဝကိုယ်ကို စာရင်းစစ်ဖို့ မေ့နေတတ်တယ်။ ကျွန်တော်တို့ ကိုယ့်ဘဝကိုယ်ကိုစာရင်းစစ် လေ့ကျင့်ခန်းလေးလုပ်ကြည့်ရအောင်။ ၁ ကနေ ၁၀ ထိ အမှတ်ပေးကြည့်ကြည့်။ ၁ က အနဲဆုံး။၁၀ က အများဆုံး။ အခုဆိုရင် ၁။ ကိုယ့်ကျန်းမာရေးနဲ့ ကြံ့ခိုင်ရေးကို၁ က နေ ၁၀ ဆို ဘယ်လောက်အမှတ်ပေးမလဲ? ၂။ ကိုယ့်အလုပ်အကိုင်နဲ့ စီးပွားရေးအတွက် ၁ က နေ ၁၀ ဆို ဘယ်လောက်အမှတ်ပေးမလဲ? ၃။ ကိုယ့်အချစ်ရေးအတွက် ၁ က နေ ၁၀ ဆို ဘယ်လောက်အမှတ်ပေးမလဲ? ၄။ ကိုယ့်ငွေကြေးပိုင်ဆိုင်မှုနဲ့ပတ်သက်လို့၁ က နေ ၁၀ ဆို ဘယ်လောက်အမှတ်ပေးမလဲ?

တခါတလေ ကိုယ့်ဘဝကိုယ်ကို
စာရင်းစစ်ဖို့ မေ့နေတတ်တယ်။
Read More »

Social media မှာ ကိုယ့်ပုံတင်ရမှာရှက်စရာကြီးတဲ့။

အဲ့တော့ သူများပုံတွေပဲ ကြည့်ပြီးစိတ်ညစ်ခံနေမှာလား ပြန်စဉ်းစားကြည့်။ကိုယ့်အလှည့် သူ့အလှည့်ပေါ့။ 😂 Content Marketing မှာ ဆရာဒါလေးတင်လိုက်ရမလားလာမေးရင်“တင်ခြင်းသည် မတင်ခြင်းထက်ကောင်းတယ်” ဆဲခံရရင်ရော်?ဆဲခံရရင် ပြန်ပြင်ပေါ့။ဥပမာ ပိုက်ဆံဆိုတာအရာရာပဲလို့ရေးလိုက်တယ်။ကိုယ့်ကို ဝိုင်းဆဲကြရင်ဆရာတစ်ယောက်ကပြောတယ်ပိုက်ဆံဆိုတာ အရာရာပဲတဲ့ဆိုကိုယ့်ကိုဆဲဖို့ ခက်သွားပြီ။ဘယ်ဆရာပြောလဲတော့ မသိ 😆 ဒီနေ့လိုသတင်းတွေတင်ပြီး မှားရင်ပြန်ပြင်တဲ့ beta journaling ခေတ်မှာတင်ခြင်းသည် မတင်ခြင်းထက်ကောင်းတယ်။နောက် တင်ပြီးရင် ပြန်သုံးသပ်။ကိုယ့်ကိုကိုယ် data analysis လုပ်တဲ့သူတစ်ယောက်လိုမြင် အားတီ၊ အားမေတို့။ Phyo Paing @ Derek

Social media မှာ ကိုယ့်ပုံတင်ရမှာရှက်စရာကြီးတဲ့။ Read More »