behavior

အမူအကျင့်ကောင်းတွေ တည်ဆောက်ပါ။

ဆုတောင်းတာတွေ တကယ်ဖြစ်လာဖို့အမူအကျင့်ကောင်းတွေ တည်ဆောက်ပါ။ ဘာကြောင့်လဲဆိုတော့လူတိုင်းက ကိုယ့်အမူအကျင့်ရဲ့ရလဒ်ပါပဲ။ ကိုယ်တွေးတဲ့၊ ကြံစည်တဲ့၊ လုပ်ဆောင်နေကျအမူအကျင့်တွေရဲ့သားကောင်ပဲ။ ကိုယ်နေ့စဥ်မပျက်မကွက်လုပ်နေတဲ့အမူအကျင့်ကောင်းတွေရှိလားပြန်စဥ်းစားကြည့်ပါ။ ငယ်ငယ်က ကိုယ်သိထားတာတွေပြန်သင်ပေးတဲ့ သူတစ်ယောက်ဖြစ်ချင်တယ်။ အထူးသဖြင့် စီးပွားရေးနဲ့ မားကတ်တင်းပညာကိုပြန်သင်ပေးနိုင်ရင် တော်တော်လေး ကောင်းမယ်လို့ထင်တယ်။ ဒီလိုလုပ်ဖို့ နေ့စဥ်စာဖတ်၊ကိုယ်တိုင်ဆိုင်ဖွင့်ကြည့်၊လုပ်ငန်းတွေလုပ်ကြည့်၊နေ့တိုင်း အချိန်ပိုင်းစာသင်တဲ့အလုပ်ကိုလုပ်ဒီအမူအကျင့်ရဖို့ ကြိုးစားကြည့်တယ်။ အိပ်မက်တွေရှိပြီး အကောင်အထည်မဖော်နိုင်တာ အမူအကျင့်ကောင်း သေချာ မတည်ဆောက်လို့။ Phyo Paing @ Derek

အမူအကျင့်ကောင်းတွေ တည်ဆောက်ပါ။ Read More »

ကိုယ့်အိုင်ဒီယာကို ရှင်းရှင်းလင်းလင်းဖော်ပြနိုင်ရေးကမားကတ်တင်းအတွက်တင် မဟုတ်ပဲ

ကိုယ့်အိုင်ဒီယာကို ရှင်းရှင်းလင်းလင်းဖော်ပြနိုင်ရေးကမားကတ်တင်းအတွက်တင် မဟုတ်ပဲလုပ်ငန်းရှင်တိုင်းအတွက် အရေးကြီးတယ်။ စာနဲ့ ရေးရေး၊ စကားနဲ့ ပြောပြောကိုယ်ဆိုလိုချင်တာကို ကွက်ကွက်ကွင်းကွင်းရှင်းရှင်းလင်းလင်းသိဖို့ လိုတယ်။ ကျွန်တော့်မှာ အဲ့ပါရမီ မပါဘူး။ပါရမီ မပါတဲ့ ဘယ်အရာမဆိုစိတ်ရှည်သည်းခံရင် သင်ယူလေ့လာပြီးပြုစု ပျိုးထောင်လို့ရတယ်လို့ ယုံကြည်တယ်။ နေ့တိုင်း ဟုတ်သည်ရှိ မဟုတ်သည်ရှိစာရေးနိုင်အောင်နဲ့ရေးထားတာကို လူတွေဘယ်လိုတုန့်ပြန် feedback ပေးသလဲ လေ့လာဖို့လူမှုကွန်ယက်ပေါ်နေ့တိုင်းတင်တယ်။​ ကိုယ့်ရဲ့ စွမ်းဆောင်ရေကို တိုးတက်စေသလိုလူတွေရဲ့ စဥ်းစားပုံ၊ တုန့်ပြန်ပုံ၊အပြုအမူ behavior တွေကိုလဲလေ့လာပြီး ဖြစ်သလို၊ဘယ်စကားလုံးက တာပိုသွားတယ်၊responsive ပိုဖြစ်တယ်၊ဘယ်လို အကြောင်းအရာ topic ကိုလူတွေ ဘယ်လို တုန့်ပြန်လေ့ရှိတယ်အပြင်၊ကိုယ့်ကို ဝေဖန်တဲ့အခါဘယ်လို ပုံစံမျိုးဝေဖန်လေ့ရှိသလဲ၊ဒီလို ဝေဖန်တဲ့အခါ ဘယ်လိုဆွမ်းကြီးဝင်လောင်းကြသလဲ 😀ဒါကို ဘယ်လို ဖြေရှင်းလို့ရသလဲ၊ဒီလို ဖြေရှင်းတဲ့ နည်းလမ်းတွေကိုမားကတ်တင်း ဗျူဟာပိုင်းတွေမှာဘယ်လို ပြန်သုံးမလဲ အပြင်၊မားကတ်တင်းမှာ ပြန့်နှံမှုအားကောင်းတဲ့philosophy အတွေးအခေါ်တစ်ခုကိုဖန်တီးပြန့်နှံ့စေဖို့ နည်းလမ်းတွေရှာရတယ်။

ကိုယ့်အိုင်ဒီယာကို ရှင်းရှင်းလင်းလင်းဖော်ပြနိုင်ရေးကမားကတ်တင်းအတွက်တင် မဟုတ်ပဲ Read More »

ဦးနှောက်မှာရှိတဲ့
neurotransmitter တွေကြောင့်ဖြစ်လာတယ်။

ဘာကြောင့် လေ့ကျင့်ခန်းလုပ်လဲ။လုပ်ပြီး သို့ လုပ်နေစဥ်ရတဲ့အရသာကြိုက်လို့။ ဘာလို့ အစားအသောက်သေချာစနစ်တကျစားသောက်သလဲ။သူကရတဲ့ အရသာကြိုက်လို့။ ဘာ့ကြောင့် ပညာရပ်အသစ်တွေလေ့လာသလဲ။အသစ်တွေလေ့လာတဲ့အခါရတဲ့အရသာကြိုက်လို့။ဘာကြောင့် တရားထိုင်သလဲ။သူကပေးတဲ့ အရသာကြိုက်လို့။ လူတွေရဲ့ အမူအကျင့်ကိုဖြစ်စေတာအရသာ။ဒီအရသာက ဦးနှောက်မှာရှိတဲ့neurotransmitter တွေကြောင့်ဖြစ်လာတယ်။ Why do we exercise? It’s because of the pleasure we get during and after doing it. Why do we eat food systematically? It’s because of the taste we enjoy. Why do we learn new subjects? It’s because of the enjoyment

ဦးနှောက်မှာရှိတဲ့
neurotransmitter တွေကြောင့်ဖြစ်လာတယ်။
Read More »

ကိုယ်ပိုင်အတွေးအခေါ် အထင်အမြင်

ကိုယ့်ကိုယ်ကိုလေးစားတန်ဖိုးထားရင်ရည်ရွယ်ချက်ရှိရှိ ဘဝကိုဖြတ်သန်းဖို့လိုတယ်။ လူတွေက ရည်ရွယ်ချက်ရှိလာတဲ့အခါကိုယ်မလိုချင်တာတွေထက်လိုချင်တာတွေကို အာရုံစိုက်တတ်လာတယ်။ ပြဿာနာတွေ ထိုင်ညီးတာထက်အဖြေရှာတာကို အသားပေးလာတယ်။ တခြားသူတွေကို ဝေဖန်အပြစ်တင်တာထက်ကိုယ့်ကိုယ်ကို ပြန်လည်သုံးသပ်ပြုပြင်လာတယ်။ တခြားသူတွေရဲ့ အထင်အမြင်မှာအသက်ရှင်တာထက်၊ကိုယ်ပိုင်အတွေးအခေါ် အထင်အမြင်ရှိလာတယ်။ To navigate life with purpose,It’s essential to value and respect oneself. When people develop a sense of purpose,They start focusing more on what they wantRather than what they don’t. They shift from dwelling on problemsTo actively seeking solutions. Instead of criticizing

ကိုယ်ပိုင်အတွေးအခေါ် အထင်အမြင် Read More »

ဒီနေ့က ပြန်စ။

ဒီနေ့က ပြန်စ။ မနေ့ပြီးသွားပြီ။ မနက်ဖြန်က မဖြစ်လာသေးဘူး။ မနေ့ကကို ကြည့်ပြီး ကိုယ့်ကိုယ်ကို အပြစ်တင်မနေနဲ့။ တချိန်က အကောင်းဆုံးလုပ်နိုင်ခဲ့တဲ့အချိန်နဲ့အခုလိုသာမာန်အချိန်နဲ့ နှိုင်းယှဥ်ပြီးကိုယ့်ကိုယ်ကို အပြစ်မတင်နဲ့။ အဖြစ်သေးတဲ့ အနာဂတ်ကို စဥ်းစားပြီးလဲ တွေးပူမနေနဲ့။ မနက်ဖြန်မှာ ဆင်ဖမ်းမဲ့ကိစ္စတွေကိုစဥ်းစားရင်း တွေးပူမနေနဲ့။ အရေးအကြီးဆုံးက ဒီနေ့။ ဒီနေ့က ပြန်စ။ Phyo Paing @ Derek

ဒီနေ့က ပြန်စ။ Read More »

Flow state ဆိုပြီး ခေါ်ကြတယ်။

ကိုယ်အကြိုက်ဆုံး music လေးနားထောင်ပြီးကိုယ်ကြိုက်တဲ့အလုပ်တွေကို အချိန်တွေ မေ့ပြီးလုပ်နေမိတဲ့အခိုက်အတန့်တွေဘာတွေနဲ့မှ လဲလို့မရဘူး။ ဒါကို စျာန်ဝင်တယ်လို့ ပညာရှင်တွေကFlow state ဆိုပြီး ခေါ်ကြတယ်။ Phyo Paing @ Derek

Flow state ဆိုပြီး ခေါ်ကြတယ်။ Read More »

အချိန်ထက် အကြိမ်ရေအရေးကြီးတယ်။

အချိန်ထက် အကြိမ်ရေအရေးကြီးတယ်။ အစွမ်းထက်တဲ့ နည်းပြဖြစ်ဖို့အချိန်ဘယ်လောက်လိုမလဲ။ အင်္ဂလိပ်စာပြောတတ်ဖို့ အချိန်ဘယ်လောက်လိုမလဲ။ ကျွန်တော်တို့ မေးခွန်းတွေ မှန်သင့်သလောက် မမှန်ခဲ့ကြဘူး။ ကျွမ်းကျင်မှုတစ်ခုပြုစုပျိုးထောင်တဲ့အခါအချိန်ထက် အကြိမ်နဲ့ ပိုဆိုင်တယ်။ Phyo Paing @ Derek

အချိန်ထက် အကြိမ်ရေအရေးကြီးတယ်။ Read More »

တစ်ရက်တစ်ရက် ကိုယ့်ကိုကိုယ်
တိုင်းတာတဲ့ metrics က

တစ်ရက်တစ်ရက် ကိုယ့်ကိုကိုယ်တိုင်းတာတဲ့ metrics က ၁။ ဒီနေ့ အသစ်လေ့လာပြီးပြီလား?၂။ ဒီနေ့ ကျန်းမာရေးတိုးတက်အောင်လုပ်လား?၃။ ဒီနေ့ဝင်ငွေရအောင်လုပ်လား?၄။ အနာဂတ်ဝင်ငွေရဖို့ လုပ်လိုက်လား?၅။ ကိုယ့်ကိုကိုယ် ပိုနားလည်လာလား?၆။ ဒီနေ့အချိန်ကို အကောင်းဆုံးအသုံးချခဲ့လား?၇။ ဒီနေ့ အိမ်ပြန်ပြီးပြီလား (စိတ်နဲ့ကိုယ်ကပ်)? Phyo Paing @ Derek

တစ်ရက်တစ်ရက် ကိုယ့်ကိုကိုယ်
တိုင်းတာတဲ့ metrics က
Read More »

အရေးမပါတာတွေကို အရာမပေးတတ်ဘူး။

လုပ်ငန်းရှင်ကြီးတော်တော်များများမှာ တွေ့ရတာတစ်ချက်ကအရေးမပါတာတွေကို အရာမပေးတတ်ဘူး။အရေးမပါတဲ့ ကိစ္စတွေအတွက်အချိန်ကုန် ခံမနေဘူး။ဒီတော့ တခါတလေ power buyer တွေကိုရောင်းရတာ စိတ်ချမ်းသာတယ်။ Phyo Paing @ Derek

အရေးမပါတာတွေကို အရာမပေးတတ်ဘူး။ Read More »

ငါ့ကြောင့်လူတွေ မျက်ရည်ကြီးငယ်
မကျရဘူးလို့ အမြဲစဥ်းစားတယ်။

ကိုယ်နဲ့သိကျွမ်းတဲ့သူတိုင်းအကျိုးရှိစေရမယ်။ အဲ့စိတ်ပဲ အမြဲထားတယ်။ စေတနာနဲ့ ကိုယ်မျှဝေပေးနိုင်တာလုပ်တယ်။ ကိုယ်နဲ့သိကျွမ်းလို့ အကျိုးယုတ်တယ်ဆိုတာမရှိရဘူး။ အဲ့လိုစိတ်နဲ့ပဲ ဘဝကို ဖြတ်သန်းလိုက်တယ်။ ကိုယ်လဲ စင်းလုံးချောကောင်းတဲ့သူဟုတ်ချင်မှဟုတ်မယ်။ အတ္တတွေ၊ မာန်မာနတွေ၊ အတွေးတွေနဲ့လူဖြစ်တဲ့အတွက် ကိုယ့်ကိုကိုယ် အမြဲပြန်ဆန်းစစ်တယ်။ ငါ့ကြောင့်လူတွေ မျက်ရည်ကြီးငယ်မကျရဘူးလို့ အမြဲစဥ်းစားတယ်။ Phyo Paing @ Derek

ငါ့ကြောင့်လူတွေ မျက်ရည်ကြီးငယ်
မကျရဘူးလို့ အမြဲစဥ်းစားတယ်။
Read More »