တိုးတက်ချင်ရင်
တိုးတက်ချင်ရင် ပထမဆုံးပြောင်းရတာအတွေးအခေါ်ပဲ။ဒုတိယက အမူအကျင့်။တတိယက တွေ့နေကျလူတွေ။ပြီးမှ ပတ်ဝန်းကျင်။ Phyo Paing @ Derek
တိုးတက်ချင်ရင် ပထမဆုံးပြောင်းရတာအတွေးအခေါ်ပဲ။ဒုတိယက အမူအကျင့်။တတိယက တွေ့နေကျလူတွေ။ပြီးမှ ပတ်ဝန်းကျင်။ Phyo Paing @ Derek
သတင်းအချက်အလက်တွေသိပ်များတဲ့ခေတ်မှာ ဘယ်အရာက အဓိက၊ဘယ်အရာက သာမညခွဲသိခြင်းက “ပညာ”ပဲ။ ဖြုန်းတီးခြင်းဆိုတာအဓိကကို သာမညလုပ်၊သာမညကို အဓိကလုပ်ပြီးအရေးမပါတာကို အရာပေးခြင်းပဲ။ ဘဝမှာ အရေးပါတာတွေကိုအရာပေးနိုင်ဖို့လိုတယ်။ ဒီအတွက် မှန်ကန်တဲ့ “အိုင်ဒီယာတစ်ခု”၊“အမြင်တစ်ခု” က အရာရာကို ပြောင်းလဲပေးစေနိုင်တယ်။ Phyo Paing @ Derek
အရာရာကို ပြောင်းလဲပေးစေနိုင်တယ်။ Read More »
ကျွန်တော်တို့ တက်လမ်းကို ပိတ်ထားတဲ့အရာ သုံးခုရှိတယ်။ ၁။ အိုင်ဒီယာ ၂။ ကျွမ်းကျင်မှု ၃။ အချိတ်အဆက် ဒီ idea, skill နဲ့ network က လူတစ်ယောက်ရဲ့ဘဝကို အကြီးအကျယ်ပြောင်းလဲသွားစေနိုင်တယ်။ ဒါကြောင့် နေ့တိုင်း idea သစ်တွေရအောင်စာဖတ်တယ်။ လစဥ် ခရီးသွားတယ်။ လေ့လာတယ်။ မသိတဲ့သူတွေနဲ့ စကားပြောကြည့်တယ်။ ကျွမ်းကျင်မှုရှိနေဖို့ ကိုယ့်ရဲ့အသက်မွေးဝမ်းကြောင်းအလုပ်ကိုတစ်ပတ်ကို ငါးရက်တော့အနည်းဆုံးလုပ်သလိုနေ့တိုင်းလဲ အချိန်ပေးပြီးဖြည့်တယ်။ ပြင်ဆင်တယ်။ အချိတ်အဆက် network ကတော့ ကိုယ်ချိတ်ဆက်ချင်တဲ့သူတွေကို ဘယ်လိုကူညီနိုင်မလဲ အရင်စဥ်းစားကြည့်တယ်။ ကြိုတင်ပြင်ဆင်ထားလိုက်တယ်။ Phyo Paing @ Derek
လူတစ်ယောက်ရဲ့ဘဝကို
အကြီးအကျယ်ပြောင်းလဲသွားစေနိုင်တယ်။ Read More »
ဆယ်စုနှစ်တစ်ခုလောက်စိတ်ရှည်ရှည်အချိန်ပေးဖို့လိုနိုင်တယ်။ စိတ်ရှည်၊ သည်းခံ၊ လေ့လာရန်လိုတယ်။Year 1 နဲ့ Year 10 ပထမနှစ်နဲ့ နောက်ဆယ်နှစ် တူမှာမဟုတ်ဘူး။ ကျွန်တော်ကတော့ နေ့ရက်တိုင်းကို Iterative Process တွေလိုစဥ်းစားတယ်။ လတိုင်းကိုလဲ အလားတူပဲ။ ရှေ့ဆက်သွားမည့် မနက်ဖြန်တွေအတွက်နေ့ရက်တိုင်းက သင်ပေးလိုက်တဲ့ သင်ခန်းစာယူတယ်။ မဖြစ်သေးတဲ့ ပြဿနာတွေကို ကြိုတင်အဖြေရှာကြည့်မိတယ်။ လတိုင်းမှာလဲ အသစ်တွေသင်ယူဖို့လုပ်ကြည့်တယ်။နောက် ၂၀၃၄ မှာ အသက်ရှင်ကြအုံးမယ်ဆိုရင်ဘယ်လိုပုံစံနဲ့ ပြန်တွေ့ကြမလဲ ရင်ခုန်ဖို့ သိပ်ကောင်းတယ်။ Phyo Paing @ Derek
ဘဝကို သုံးလေးငါးနှစ်နဲ့
တည်ဆောက်လို့ ဘယ်လွယ်မလဲ။ Read More »
တခြားသူတွေကို ကယ်ချင်ရင်ကိုယ့်ကိုယ်ကိုယ် အရင်ကယ်။ နေ့စဥ်နေ့တိုင်း ကိုယ့်ဆီလူတွေ အမှိုက်လာပစ်လိမ့်မယ်။ ကိုယ်က ဒီအမှိုက်တွေယူပြီးဒေါသတွေထွက်၊ မောဟအနေနဲ့ပြောင်းသွားတယ်။ ဒီအမှိုက်တွေကို ခြေဖျက်နိုင်တဲ့ စွမ်းအားလိုတယ်။တချို့က မေတ္တာနဲ့ ခြေဖျက်တယ်။တချို့က မှန်တာပဲလုပ်တယ်။ဘယ်သူဘာပြောပြောမမှုဘူးဆိုတဲ့ သစ္စာနဲ့လုပ်တယ်။တချို့က ဘူကောင်တွေကိုရှောင်တယ်။ဥပက္ခာနဲ့လုပ်တယ်။တချို့က လုပ်ပါစေ။ငါအနစ်နာခံလိုက်မယ်ဆိုတဲ့ အနစ်နာနဲ့လုပ်တယ်။တချို့က အတွေးအခေါ် ဒဿနနဲ့အမှိုက်ကို ရွှေပြန်ပြောင်းတယ်။ နေ့စဥ် လူတွေ အမှိုက်လာပစ်လိမ့်မယ်။တချို့က အနီးဆုံးသူတွေဆီကလာတယ်။တချို့က အလုပ်ခွင်ထဲက။တချို့က လူမှုကွန်ယက်က။ ဒီလို အမှိုက်လာပစ်တဲ့အခါခြေဖျက်နိုင်တဲ့ စူပါပါဝါရှိထားမှဘဝက နေပျော်ပျော်၊ မပျော်ပျော်အနေတော် ဖြစ်မှာ။ Phyo Paing @ Derek
တခြားသူတွေကို ကယ်ချင်ရင်ကိုယ့်ကိုယ်ကိုယ် အရင်ကယ်။ Read More »
နိဗ္ဗာန်ရောက်ဖို့လဲ ကျင့်ရတာပဲ။ပညာရပ်တစ်ခု ထူးချွန်ဖို့လဲ ကျင့်ရတာပဲ။ဘဝမှာ စိတ်ထားတတ်အောင်လဲ ကျင့်ရတာပဲ။ဘဝမှာ ကောင်းတာအကုန်လုံးကကျင့်ယူမှ ရတတ်တယ်။ သင်ယူရုံတစ်ခုနဲ့ မရဘူးကျင့်ဖို့လိုတယ်။ ကိုယ်လိုချင်တဲ့ လောကီပိုင်ဆိုင်မှု၊လောကုတ္တရာ ရည်ရွယ်ချက်အားလုံးကကျင့်မှ အကောင်အထည်ပေါ်မှာ။ Phyo Paing @ Derek
သင်ယူရုံတစ်ခုနဲ့ မရဘူးကျင့်ဖို့လိုတယ် Read More »
The One Degree Shiftတစ်ဒီဂရီ အပြောင်းအလဲ ဂေါ်သီးတစ်လုံးရဲ့ တာထွက်တစ်ဒီဂရီအပြောင်းအလဲကဘယ်နေရာမှာ လမ်းဆုံးမလဲဆိုတာကြီးကျယ်တဲ့ အဆုံးအဖြတ်ပေးတယ်။ လေယာဥ်တစ်စီးရဲ့တစ်ဒီဂရီ အပြောင်းအလဲကလဲအချိန်ကြာလေ ရောက်တဲ့လမ်းဆုံးမတူလေပဲ။ ဘဝဆိုတဲ့ သင်္ဘောကြီးသွားနေနဲ့လမ်းမှာအိုင်ဒီယာတစ်ခု၊ အတွေးအခေါ်တစ်ခု ကတစ်ဒီဂရီပဲ။ဒါပေမယ့် ဘဝတွေကို ကွာသွားစေနိုင်တယ်။ ဘဝမှာ တစ်ဒီဂရီအပြောင်းအလဲတွေအများကြီး ကြုံခဲ့ဖူးတယ်။ ၁။ တိုးတက်နေမှုသည် ပြီးပြည့်စုံမှုထက်ပိုအရေးကြီးတယ်။Progress > Perfect၂။ ဒီနေ့လုပ်လိုက်တဲ့ အလုပ်သည်မနက်ဖြန်အလုပ်ကို ခြွေတာပေးနိုင်ရမယ်။Multiply your time၃။ ဘာပဲလုပ်လုပ် အရှုံးကို ကန့်သတ်ထားပါ။Limit Your Loss၄။ ကိုယ်က ကိုယ့်လုပ်ငန်းထက်ပိုကြီးနေရမယ်။Be bigger than your business၅။ ကိုယ့်ကိုငွေပြန်ရှာပေးတဲ့အရာတွေမှာငွေသုံးဖို့ မနှေမြောပါနဲ့။Invest in things that can help you make money ကိုယ့်ကို တစ်ဒီဂရီအပြောင်းအလဲone degree
တစ်ဒီဂရီ အပြောင်းအလဲ Read More »
ကိုယ့်ကိုယ်ကို ကောင်းကောင်းစီမံနိုင်မှကိုယ့် အသက်မွေးဝမ်းကြောင်းအလုပ်၊ကိုယ့်လုပ်ငန်းကို သေချာစိမံနိုင်မယ်။ ကိုယ်နေ့စဥ် လုပ်နေတဲ့ အပြုအမူတွေကကိုယ်ဘယ်သူဖြစ်လာလဲဆိုတာပုံဖော်ပေးနေတယ်။ ကိုယ့်ကိုယ်ကို အပြောင်းအလဲလုပ်ချင်ရင်နေ့စဥ် ကိုယ်လုပ်နေတဲ့ အရာတွေကိုအပြောင်းအလဲလုပ်ဖို့လိုနိုင်တယ်။ For effective management of one’s professional career and business, mastering self-management is paramount. Each action you take shapes your future self. To initiate personal transformation, altering your daily habits and behaviors is essential. Phyo Paing @ Derek
ကိုယ့်ကိုယ်ကို အပြောင်းအလဲလုပ်ချင်ရင် Read More »
ဆယ်တန်းမှာ ဂုဏ်ထူးတွေထွက်အောင်လုပ်၊ဆေးကျောင်းတက်၊ ဘွဲ့လွန်တွေထပ်ယူ။အဲ့ကွန်းခန်းထဲမှာ အလုပ်လုပ်ရမှာ။ ဒီ လူ အများဂုဏ်ယူတဲ့အရာကြီးကို လိုက်လုပ် ဂုဏ်လိုက်ယူရတာကြီးက အဖေ၊ အမေ ခေတ်မှာ ကျန်ခဲ့ပြီလို့ထင်တယ်။ လူတစ်ယောက်နဲ့ တစ်ယောက် ဂုဏ်ယူတဲ့ ကိစ္စ မတူကြဘူး။ ဘဝမှာလဲ အဲ့လိုပဲတစ်ခုခုကို နားလည်အောင်ကြည့်တဲ့အခါမော်ဒယ်တွေ အများကြီးရှိတယ်။ တချို့လူတွေက လောကကို မော်ဒယ်တစ်ခုတည်းနဲ့ ကြည့်တယ်။ မြန်မာမော်ဒယ်၊တရုတ်မော်ဒယ်၊ အေးရှန်းမော်ဒယ်၊အာရှမော်ဒယ်၊အနောက်တိုင်းမော်ဒယ်၊ကမ္ဘာ့မော်ဒယ်၊ လူ့ဂွစာတွေ မော်ဒယ်ကြည့်ကြည့်။ အမြင်သာဆုံးစကားလုံးတစ်ခုကWork-life balance ဆိုတဲ့ စကားလုံး။ ဘယ်လိုပေါ်လာတယ်။ဘယ်သူထွင်ခဲ့တယ်။ ဘာကြောင့်ပေါ်ခဲ့တယ်။ ဘယ်လို အသုံးပြုတယ် အများစုမစဥ်းစားမိကြဘူး။ Robert Owen က 1817 မှာထွင်ခဲ့တဲ့ စကားလုံး။ အဲ့အချိန်က အလုပ်ကြမ်းသမားတွေက တစ်ပတ်ကို နာရီ ၇၀ ကနေ ၁၀၀ လောက်လုပ်ရတယ်။အဲ့အချိန် အင်္ဂလန်မှာဆို တစ်ရက်ကို
မပြောင်းလဲနိုင်ရင် မျိုးတုန်းသွားနိုင်တယ်။ Read More »
ဒီအလုပ်နဲ့ ဘွဲ့ရတယ်။ဒါနဲ့ တစ်သက်လုံးအသက်မွေးရမယ်။အဲ့ဒီခေတ်ကုန်သွားပြီ။ ဒီနေ့ခေတ် career က project တစ်ခုလိုဖြစ်သွားပြီ။ ခေတ်အပြောင်းအလဲက အရမ်းမြန်တယ်။သင်ယူခြင်း သင်ကြားခြင်းဖြစ်စဥ်ကိုအမြဲလုပ်နေမှ ရမယ်။ လူဘယ်နှစ်ယောက်ကများကိုယ်ရထားတဲ့ ဘွဲ့နဲ့ အသက်မွေးကြသလဲကိန်းဂဏန်းတွေကို ပြန်ကြည့်ကြည့်လို့ရတယ်။ profession ဆိုတာ စျေးကွက်ပြဿနာတွေကိုဖြေရှင်းပေးဖို့။ ဒါတွေကို project တစ်ခုအနေနဲ့ကြည့်ပြီးအမြဲသင်ယူသွားဖို့လိုနိုင်တယ်။ Phyo Paing @ Derek
ဒီနေ့ခေတ် career က project တစ်ခုလိုဖြစ်သွားပြီ Read More »