ဘဝမှာ ရွေးချယ်မှုလုပ်နိုင်ဖို့လိုတယ်
ပိုက်ဆံအရမ်းရပြီးကိုယ့်ရည်မှန်းချက်နဲ့သွေဖယ်မည့် အလုပ်မလုပ်ဘူး။မတိုးတက်စေမည့် အလုပ်သင်ယူမှု မရှိမည့်အလုပ် မလုပ်ဘူး။မလုပ်ချင်တဲ့ အလုပ်မလုပ်ဘူး။ ဒီလို မလုပ်ချင်တဲ့အရာကို မလုပ်ဖို့၊ကိုယ့်ဖန်တီးမှုတွေကို မရောင်းချင်တဲ့သူတွေကိုမရောင်းဖို့ အတွက်စား၊ ဝတ်၊ နေရေးအတွက် ကြိုစီစဥ်ရတယ်။ ဘဝမှာ ရွေးချယ်မှုလုပ်နိုင်ဖို့လိုတယ်။ကိုယ်ကြိုက်တဲ့အလုပ် လုပ်နိုင်ဖို့ဘွဲ့တွေ အများကြီးယူတယ်။ပညာတွေ အများကြီးလေ့လာတယ်။ဘူဖေးလိုပဲ ဒီထဲကမှ ကြိုက်တဲ့အလုပ်လုပ်တယ်။ကိုယ်လုပ်ချင်တဲ့အလုပ်က စျေးကွက်မှာမရှိရင်ကိုယ့်ကျွမ်းကျင်မှုနဲ့ ကိုယ်တိုင်ဖန်တီးလို့ရတယ်။ ပိုက်ဆံလဲ အလားတူပဲ။ဘာကြောင့်ပိုက်ဆံရှာသလဲ။ရွေးချယ်မှုတွေ များများလုပ်နိုင်ဖို့။ ပိုက်ဆံများများရှိလေလေရွေးချယ်လို့ရတဲ့ အရာတွေများသွားလေလေပဲ။ ဘဝမှာ စိတ်ကြိုက် ရွေးချယ်မှုတွေလုပ်နိုင်ဖို့ပိုက်ဆံလိုတဲ့အတွက်ဝင်ငွေကို တစ်ခုတည်းက မထားမိဖို့လိုတယ်။ရှိသမျှ မဖြုန်းလိုက်ဖို့လိုတယ်။Multiple Income Streams (MIS) လိုနိုင်တယ်။ Phyo Paing @ Derek
ဘဝမှာ ရွေးချယ်မှုလုပ်နိုင်ဖို့လိုတယ် Read More »