နေ့စဥ် လေ့ကျင့်နေဖို့လိုတယ်
ဒီနေ့ ကိုယ့်အတွက်ခက်ခဲလှပါဆိုတဲ့ လေ့ကျင့်မှုတွေကိုတချိန် သွေးပူလေ့ကျင့်ခန်းဖြစ်အောင်လုပ်။ တချိန်က အင်္ဂလိပ်စာတစ်အုပ်ပြီးအောင်ဖတ်ဖို့ဆိုတာတစ်ပတ်နေလဲမပြီး၊တစ်လနေလဲမပြီး၊တခါတခါ သုံးလလောက်ကြာတယ်။ တခြားသူတွေလို မွေးကတည်းကအာဝဇွန်းက မရွှင်တဲ့အတွက်စင်ပေါ်တက်တိုင်း ဒူးတုန်၊ အသံတုန်၊မှတ်ထားတာမေ့ပြီးအရှက်တကွဲ အကျိုးနည်းမှုပေါင်းများစွာဖြတ်သန်းခဲ့ဖူးတယ်။ စာရေးတစ်ပိုက်ကို စုစည်းပြီးရေးဖို့ရေးလိုက်ဖျက်လိုက်အကြိမ်နှစ်ဆယ်လောက်လုပ်ဖူးတယ်။ ကိုယ့်အတွက် နဖူးကချွေးခြေထိကျရတဲ့ခက်ခဲတဲ့ လုပ်ရပ်တွေကိုတချိန်ကိုယ့်အတွက် သွေးပူလေ့ကျင့်ခန်းလိုဖြစ်အောင် လုပ်ဖို့နေ့စဥ် လေ့ကျင့်နေဖို့လိုတယ်။ Phyo Paing @ Derek
နေ့စဥ် လေ့ကျင့်နေဖို့လိုတယ် Read More »