ဒါတွေကလဲ ဘဝပဲ။
လူသား အတွေ့အကြုံ သံသရာဆိုတဲ့ simulation မှာ လူသားအတွေ့အကြုံကို အသက်ရှည်ရင်နှစ် ၁၀၀ လောက် ရလာတာပဲ။နောက် နှစ်ပေါင်း ၇၀ ဆိုရင်ကျွန််တော်တို့အားလုံး ရှိချင်မှရှိတော့မယ်။ လူဖြစ်တုန်း လူသားအတွေ့အကြုံကိုယူတဲ့အခါ ကောင်းတာဆိုးတာ ဒါရှင်သန်ခြင်းရဲ့ အဓိပ္ပာယ်ပဲ။ စိတ်၊ စေတသိတ်တွေမှာခံစား၊ စံစား သလို အလုပ်ထဲစျာန်ဝင် ကိုယ့်ရဲ့ဖြစ်တည်မှုနဲ့ စကြာဝဌာနဲ့တစ်သားတည်းဖြစ်နေတဲ့ ခံစားမှုမျိုးမတူညီတဲ့ အတွေ့အကြုံတွေကလူသားတွေရဲ့ ဖြစ်တည်မှုကို လတ်ဆတ်စေတာပဲ။ ဒဏ်ရာတွေ၊ နာကျဥ်မှုတွေ၊ မသေချာမှုတွေ၊ မရေရာမှုတွေ၊ ဝမ်းနည်းပူဆွေး၊ တွေ့ဆုံကြုံကွဲဒါတွေကလဲ ဘဝပဲ။ Phyo Paing @ Derek