feeling

ဒဏ်တွေကို ခံပြီးမှ သန်မာလာကြတာ။

သန်မာတဲ့သူတွေ၊မပျော့ညံ့တော့တဲ့သူတွေ၊တခါတလေ ခံစားချက်မများတော့တဲ့သူတွေ၊အရေးပါတာကိုပဲ အရာပေးတဲ့သူတွေကအလိုလို သန်မာလာကြတာမဟုတ်ဘူး။ တချို့က ဒဏ်တွေခံရတဲ့အခါပြိုလဲတယ်။တချို့က ဒဏ်တွေခံရတဲ့အခါပြန်လည်ထပြီးထည့်မှတ်တယ်။တချို့က ဒဏ်တွေခံရတဲ့အခါအရင်ထက်ပို သန်မာလာတယ်။ ဒဏ်ကြောင့် ပိုသန်မာလာသူတွေကိုantifragile လို့ Nassim Nicholas Taleb က ဆိုတယ်။ ဒဏ်ကြောင့် ပြန်သန်မာလာဖို့လိုတယ်။ Phyo Paing @ Derek

ဒဏ်တွေကို ခံပြီးမှ သန်မာလာကြတာ။ Read More »

ခံစားချက် အရမ်းများတဲ့သူတွေနဲ့အလုပ်လုပ်ရင် အလုပ်မတွင်ဘူး။

ဒါကြောင့် ခံစားချက်များတဲ့သူတွေနဲ့အလုပ်လုပ်ဖို့ကို တတ်နိုင်သမျှရှောင်တယ်။ပုံပြင်ပေါင်းများစွာနဲ့။ ကိုယ်ပျော်ပျော်မပျော်ပျော်ထမင်းစားဖို့ အလုပ်ကလုပ်ရအုံးမှာပဲ။ပိုက်ဆံတွေအရမ်းချမ်းသာနေရင်တော့မပြောတတ်ဘူး။ ပျော်ပျော်မပျော်ပျော်customer serviceဖောက်သည်ဝန်ဆောင်မှုလုပ်ရင်တော့ပြုံးပြ စကားပြောချိုသာရမှာပဲ။ကိုယ်က ဒီအလုပ်အတွက်ပိုက်ဆံယူထားတာမဟုတ်လား။ ခံစားချက်များတဲ့သူတွေကအမြဲ play ခံနေရမှာ။မီဒီယာက ပလေးသွားလိုက်၊ဒုက္ခပေး၊ ထိန်းချုပ်ချင်သူကပလေးသွားလိုက်နဲ့။ ခံစားချက်တွေ ဘေးဖယ်ကိုယ့်တာဝန်ကိုယ်ကျေဖို့လိုတယ်။ Phyo Paing @ Derek

ခံစားချက် အရမ်းများတဲ့သူတွေနဲ့အလုပ်လုပ်ရင် အလုပ်မတွင်ဘူး။ Read More »

သံသရာတစ်ကွေ့
ဒီနေ့ကိုတော့
ကုသိုလ်၊ ပညာ၊ ဥစ္စာ
တစ်ခုခုတော့ ရအောင်
လုပ်ခဲ့ပါတယ်

တစ်နှစ်ကုန်တိုင်း လွမ်းသလိုလိုဘာလိုလိုဖြစ်တယ်။နောက်ဘယ်တော့မှပြန်မရောက်နိုင်တော့လို့။ဘာပဲဖြစ်ဖြစ် သံသရာတစ်ကွေ့ဒီနေ့ကိုတော့ကုသိုလ်၊ ပညာ၊ ဥစ္စာတစ်ခုခုတော့ ရအောင်လုပ်ခဲ့ပါတယ်လို့ကိုယ့်ကိုကိုယ် အားပေးရတာပဲ။ Phyo Paing @ Derek

သံသရာတစ်ကွေ့
ဒီနေ့ကိုတော့
ကုသိုလ်၊ ပညာ၊ ဥစ္စာ
တစ်ခုခုတော့ ရအောင်
လုပ်ခဲ့ပါတယ်
Read More »

ခံစားမှုတွေမတူတဲ့အခါ
အရသာခံတဲ့ ပုံစံတွေမတူတော့ဘူး။

အသိဥာဏ်ပေါ်မူတည်ပြီးအရသာခံတဲ့ အရာတွေမတူတော့ဘူး။အသိဥာဏ်ဆိုတာ အကြောင်းအရာတစ်ခုအပေါ်သဘောပေါက်နားလည်မှု။ သဘောပေါက် နားလည်မှုပေါ်မူတည်ပြီးအထင်အမြင်တွေမတူတော့ဘူး။ အထင်အမြင်တွေမတူရင်အကြောင်းအရာ၊ အဖြစ်အပျက်အပေါ်ထားတဲ့ခံစားမှုတွေ မတူတော့ဘူး။ ခံစားမှုတွေမတူတဲ့အခါအရသာခံတဲ့ ပုံစံတွေမတူတော့ဘူး။ Tastes vary depending on intelligence. Intelligence is the understanding and comprehension of a subject. Based on this understanding, opinions and how we perceive things differ. When opinions differ, feelings towards events or phenomena change. When feelings differ, the ways of experiencing tastes also differ. Phyo

ခံစားမှုတွေမတူတဲ့အခါ
အရသာခံတဲ့ ပုံစံတွေမတူတော့ဘူး။
Read More »

စိတ်ခံစားမှုတွေရဲ့ အရင်းအမြစ်

လူတိုင်းရှောင်ရှားချင်တဲ့ပြဿနာတစ်ခုကတော့အထီးကျန်တာဖြစ်မယ်ထင်တယ်။ဒီအထီးကျန်တာကအနှုတ်သဘောဆောင်တဲ့စိတ်ခံစားမှုတွေရဲ့ အရင်းအမြစ်ပဲ။ The problem that everyone wants to avoidis probably loneliness.This lonelinessis just the source ofnegative emotions. Phyo Paing @ Derek

စိတ်ခံစားမှုတွေရဲ့ အရင်းအမြစ် Read More »

Relationship တစ်ခုမှာ ကျေးဇူးတင်တတ်တဲ့စိတ်
မထားတတ်ရင် ရေရှည်အဆင်မပြေနိုင်ဘူး

Relationship တစ်ခုမှာ ကျေးဇူးတင်တတ်တဲ့စိတ်မထားတတ်ရင် ရေရှည်အဆင်မပြေနိုင်ဘူး။ကိုယ်ရှိထား၊ ပိုင်ဆိုင်ထားတာကိုကျေးဇူးတင်စိတ်နဲ့ နေထိုင်ဖြတ်သန်းနိုင်ဖို့လိုတယ်။နောက်တစ်ခုက relationship လို့ဆိုလိုက်ရင်လူတိုင်းက ကိုယ်လိုချင်တာကိုပဲ စဉ်းစားကြတယ်။ ဘယ်လိုပုံစံ၊ ဘာအရည်အချင်း၊ချမ်းသာကြွယ်ဝမှုဘယ်လို၊ငါ့အပေါ်ဘာတွေလုပ်ပေးရမယ်။Relationship ဆိုတာကိုယ်သွားယူရတဲ့အရာမဟုတ်ဘူး။ လူတစ်ယောက်ကိုချစ်ရင်ပေးဆပ်ဖို့စဉ်းစားတဲ့နေရာ။တိုနီပြောတာ သဘောကျလို့။Relationship is not a place you go and take.It’s a place you go and give တဲ့။ Phyo Paing @ Derek

Relationship တစ်ခုမှာ ကျေးဇူးတင်တတ်တဲ့စိတ်
မထားတတ်ရင် ရေရှည်အဆင်မပြေနိုင်ဘူး
Read More »

ခံစားချက်မျိုးက စွဲလမ်းဖို့ကောင်းတယ်။

ရည်မှန်းချက်ပန်းတိုင်းတစ်ခုချသတ်မှတ်ထားတဲ့အချိန်အတွင်းမရောက်ရောက်အောင် ဝုန်းပြီးရည်မှန်းချက်ရောက်သွားတဲ့ခံစားချက်မျိုးက စွဲလမ်းဖို့ကောင်းတယ်။ ကျောင်းတုန်းကဆိုလဲ လုပ်ချင်တာလုပ်စာမေးပွဲနားနီးရင်7-days project ဆိုပြီး ဝုန်းရတာ၊10-days project ဆိုပြီး ဝုန်းရတာကနေ၊ခု 1-year တို့၊ 1-month တို့ ဝုန်းဝုန်းပြီး မရရအောင်လုပ်ပြီးWe did it လို့ပြောရတဲ့ ခံစားချက်ကဘာနဲ့မှ မလဲနိုင်ဘူး။ Phyo Paing @ Derek

ခံစားချက်မျိုးက စွဲလမ်းဖို့ကောင်းတယ်။ Read More »

တခါတလေ ကိုယ့်ကို ခတ်ထားတဲ့
ဘောင်တွေရဲ့ အပြင်ဖက်ကို
ရုန်းထွက်နိုင်ဖို့လိုတယ်။

ငယ်ငယ်လေးကတည်း ဟိုဟာ မလုပ်ရဘူး။ ဒီဟာအလုပ်ရဘူး။ ဘာဖြစ်နိုင်တယ်။ ဘာမဖြစ်နိုင်ဘူး။ အားတီ၊ အားမေတို့ရဲ့ ပတ်ဝန်းကျင်ကဘောင်တွေ ခတ်ကြလိမ့်မယ်။ ငယ်ငယ်တည်းက ဘောင်ခတ်ခံလာခဲ့ရင်တခါတလေ အပြင်ကိုထွက်ဖို့ အခက်အခဲတွေ အများကြီးရှိနေနိုင်တယ်။ တခါတလေ ကိုယ့်ကို ခတ်ထားတဲ့ဘောင်တွေရဲ့ အပြင်ဖက်ကိုရုန်းထွက်နိုင်ဖို့လိုတယ်။ ဒီလို ထွက်နိုင်ဖို့ သတ္တိလိုတယ်။ Phyo Paing @ Derek

တခါတလေ ကိုယ့်ကို ခတ်ထားတဲ့
ဘောင်တွေရဲ့ အပြင်ဖက်ကို
ရုန်းထွက်နိုင်ဖို့လိုတယ်။
Read More »

ဒီနေ့ဒါဖြစ်အောင်လုပ်မယ်ဆိုတာကို
ဖြစ်အောင်လုပ်တာ။

ကိုယ့်ကိုကိုယ် သတ်မှတ်ထားတဲ့စည်းကမ်းအတိုင်းနေရတဲ့ခံစားချက်က အရမ်းကောင်းတယ်။မလုပ်ဘူးဆိုတဲ့အရာကို လုံးဝမလုပ်တာ။ဒီနေ့ဒါဖြစ်အောင်လုပ်မယ်ဆိုတာကိုဖြစ်အောင်လုပ်တာ။ ကိုယ့်ကိုကိုယ် ကောင်းအောင်မလုပ်နိုင်ပဲ သူများတွေကိုထိုင်ဟားဖို့ အဆင့်မရှိသေးဘူးလို့ခံယူထားတာပဲ။ မှန်မမှန်တော့ သေချာမသိဘူး။ Phyo Paing @ Derek

ဒီနေ့ဒါဖြစ်အောင်လုပ်မယ်ဆိုတာကို
ဖြစ်အောင်လုပ်တာ။
Read More »

ပြဿနာ + စိတ်ခံစားမှု = ဒုက္ခ

ဘဝဆိုတာ သင်္ချာပုစ္ဆာတစ်ခုလိုပဲ။ပေးထားချက်တွေကြားမှာပြဿနာကို အဖြေရှာရတာမျိုး။ ဘဝဆိုတာ ဒုက္ခလို့ဗုဒ္ဓက ဆိုမိန့်တယ်။ ပြဿနာကို စိတ်ခံစားမှုထည့်ရင်ဒုက္ခဖြစ်တယ်လို့ ယူဆတယ်။ ပြဿနာ + စိတ်ခံစားမှု = ဒုက္ခ အသက်ရှင်တုန်း ဒုက္ခရဲ့အီကွေးရှင်းကို ချိန်ဆဖို့ပြဿနာတွေကို ဖြေရှင်းနိုင်စွမ်းမြင့်အောင်နေ့စဉ်လေ့ကျင့်နေသလို၊စိတ်ခံစားမှုတွေကို ကွပ်ကဲထိန်းချုပ်နိုင်အောင်သတိ၊ အသိ၊ ပညာကလဲ အရေးကြီးတယ်လို့ခံယူထားတယ်။ Phyo Paing @ Derek

ပြဿနာ + စိတ်ခံစားမှု = ဒုက္ခ Read More »