growth

ပိုကောင်းချင် ဒီ ၇ ခုကို ပြောင်းကြည့်

၁။ အပျက်သဘောမှ အပြုသဘောသို့၂။ အတ္တဆန်မှုမှ ကိုယ်ချင်းစာနားလည်မှုသို့၃။ အကန့်အသတ်ရှိသောအတွေးမှ အကန့်အသတ်မဲ့အတွေးသို့၄။ တစ်ဖက်သတ်အမြင်မှ ဘက်စုံရှုထောင့်သို့၅။ အရှုံးပေးမှုမှ စိန်ခေါ်မှုအဖြစ် ရှုမြင်ခြင်းသို့၆။ ပုံသေကားကျအတွေးမှ ဆန်းသစ်တီထွင်မှုဆီသို့၇။ ရိုးရာဓလေ့ထုံးတမ်းမှ ခေတ်မီဆန်းသစ်သောအမြင်သို့ ကိုယ်တိုင်လဲ နံပတ် ၂ အချက်ကိုကြိုးစားပြင်နေတယ်။ Phyo Paing  @ Derek

ပိုကောင်းချင် ဒီ ၇ ခုကို ပြောင်းကြည့် Read More »

ကိုယ့်ရဲ့အစွမ်းအစ အမှန်ကို သိဖို့

ကိုယ်ကြိုက်တဲ့အလုပ်နဲ့မြန်မာလို တတိယနိုင်ငံမှာအသက်မွေးဝမ်းကျောင်းပြုလို့ရမယ်လို့ကို မထင်ခဲ့ဘူး။​ UI/UX designer, Front-end နဲ့Back-end, Database လူတွေစုပြီးလုပ်ချင်တာ လုပ်နေရတာအမြတ်ပဲဆိုပြီးToe Tet, Dream Lab, Akyanpay,Insidernote.app လုပ်ခဲ့ကြတယ်။​Developer တွေခေါ်ရတာခက်တဲ့အတွက်လဲCreathit Coding School လုပ်တယ်။ ဘဝမှာ ကိုယ့်ဘဝကိုယ်လုပ်ချင်တာလုပ်၊တခြားသူကို မထိခိုက်ရင်တောင်းပန်စရာမလိုဘူးလို့ထင်တယ်။ ရေးချင်တာရေးတယ်။ဘဝမှာ T သုံးလုံးက ကိုယ့်အတွက်အရေးကြီးတယ်။Tech, Teach (ing) and Truthနည်းပညာ၊ သင်ကြားမှုနဲ့ လောကရဲ့ဖြစ်တည်မှုthe nature of reality ကို ရှာဖွေဖို့။ကိုယ့်ရဲ့အစွမ်းအစ အမှန်ကို သိဖို့။ Phyo Paing @ Derek

ကိုယ့်ရဲ့အစွမ်းအစ အမှန်ကို သိဖို့ Read More »

နေ့စဥ် လေ့ကျင့်နေဖို့လိုတယ်

ဒီနေ့ ကိုယ့်အတွက်ခက်ခဲလှပါဆိုတဲ့ လေ့ကျင့်မှုတွေကိုတချိန် သွေးပူလေ့ကျင့်ခန်းဖြစ်အောင်လုပ်။ တချိန်က အင်္ဂလိပ်စာတစ်အုပ်ပြီးအောင်ဖတ်ဖို့ဆိုတာတစ်ပတ်နေလဲမပြီး၊တစ်လနေလဲမပြီး၊တခါတခါ သုံးလလောက်ကြာတယ်။ တခြားသူတွေလို မွေးကတည်းကအာဝဇွန်းက မရွှင်တဲ့အတွက်စင်ပေါ်တက်တိုင်း ဒူးတုန်၊​ အသံတုန်၊မှတ်ထားတာမေ့ပြီးအရှက်တကွဲ အကျိုးနည်းမှုပေါင်းများစွာဖြတ်သန်းခဲ့ဖူးတယ်။ စာရေးတစ်ပိုက်ကို စုစည်းပြီးရေးဖို့ရေးလိုက်ဖျက်လိုက်အကြိမ်နှစ်ဆယ်လောက်လုပ်ဖူးတယ်။ ကိုယ့်အတွက် နဖူးကချွေးခြေထိကျရတဲ့ခက်ခဲတဲ့ လုပ်ရပ်တွေကိုတချိန်ကိုယ့်အတွက် သွေးပူလေ့ကျင့်ခန်းလိုဖြစ်အောင် လုပ်ဖို့နေ့စဥ် လေ့ကျင့်နေဖို့လိုတယ်။ Phyo Paing @ Derek

နေ့စဥ် လေ့ကျင့်နေဖို့လိုတယ် Read More »

ဒါကြောင့် အမြဲတိုးတက်နေဖို့လိုတယ်

ကိုယ်က အမြဲတိုးတက်နေရင်တခြားသူတွေက ကိုယ့်ကိုကော်ပီကူးတဲ့အခါကိုယ့်ရဲ့အရင်ဗားရှင်းကိုပဲကော်ပီကူးလို့ရမယ်။အသစ်ဖြစ်သွားတဲ့ ဗားရှင်းကိုကော်ပီကူးလို့မရတဲ့အတွက်နောက်မှာ ပဲ အမြဲကျန်နေမှာ။ ဒါကြောင့် အမြဲတိုးတက်နေဖို့လိုတယ်။ Phyo Paing @ Derek

ဒါကြောင့် အမြဲတိုးတက်နေဖို့လိုတယ် Read More »

ဘဝမှာဦးနှောက်ကို နှိုးဆွဖို့

ဘဝမှာဦးနှောက်ကို နှိုးဆွဖို့intellectual stimulation ရှိတဲ့အလုပ်တွေ လုပ်နေဖို့လိုတယ်။ဦးနှောက်ကလဲ တခြားကြွက်သားတွေလိုပဲလေ့ကျင့်မှ လုပ်ဆောင်နိုင်စွမ်းတိုးတက်မြန်ဆန်လာမှာ။ဦးနှောက်ကိတ်အောင်လုပ်ပါအားတီ၊ အားမေတို့။ Phyo Paing @ Derek

ဘဝမှာဦးနှောက်ကို နှိုးဆွဖို့ Read More »

ဘယ်အတွေးအခေါ်မှ ကိုယ့်ကို
လာကန့်သတ်လို့မရဘူး။

လာကန့်သတ်တဲ့ ယုံကြည်ဆိုအကုန်စွန့်လွတ်လိုက်တယ်။ genghis khan လက်ထက်မတူညီတဲ့ မွန်ဂိုလူမျိုးစုတွေကိုထိန်းချုပ်ချင်တော့ Sherman သုံးတယ်။ လူထုကို လွမ်းမိုးချင်ရင်ဝါဒဖြန့်တာသုံးတယ်။ ကိုယ့်အတွေးအခေါ် ယုံကြည်မှုကိုယ့်ကိုကိုယ် ဒီဇိိုင်းလုပ်တယ်။တချို့စဉ်းမျဉ်းက အသစ်ရေးသင့်ကိုယ့်အတွက် ကိုယ်ရေးရမှာပဲ။ လိုချင်တာ မရရင် အရှုံးလို့တချို့တွေက ထင်တတ်ကြတယ်။လိုချင်တာမရရင် ပိုကောင်းတာရလိမ့်မယ်။ နောက်တစ်ခုကျ ကျရှုံးမယ်ဆိုမြန်မြန်ကျရှုံး၊ မြန်မြန်ပြန်ထ။Fail fast, Fast Forward ပဲ။ Phyo Paing @ Derek

ဘယ်အတွေးအခေါ်မှ ကိုယ့်ကို
လာကန့်သတ်လို့မရဘူး။
Read More »

ဘဝမှာ တိုးတက်မှု 10X ဖြစ်လာဖို့

စဥ်းစားကြည့်ကြည့်အင်္ဂလိပ်လို မဖတ်တတ်ရာကဖတ်တတ်၊ ပြောတတ်သွားတဲ့အချိန်။တရုတ်လို မပြောတတ်ရာကပြောတတ်သွားတဲ့အချိန်။လူရှေ့စကားပြောမတတ်ရာကပြောတတ်ဆိုတာ ပေါင်းသင်းတတ်တဲ့သူဖြစ်သွားတဲ့အချိန်။လုပ်ငန်းတစ်ခုကို ဘယ်လိုစရမလဲမသိရာကကြိုက်တဲ့လုပ်ငန်းကို အချိန်မရွေးစအချိန်တိုအတွင်း growth-hackingလုပ်နိုင်တဲ့ အချိန်။ ဘဝမှာ ဒီလို မလုပ်တတ်ရာကကျွမ်းကျင်မှုတစ်ခုရတဲ့ပျော်ရွင်မှုက ဘာနဲ့မှ ယှဥ်လို့မရဘူး။ ဘဝမှာ တိုးတက်မှု 10X ဖြစ်လာဖို့ကိုယ့်ရဲ့ skill တွေ ဂျွတ်နေမှဖြစ်မယ်။ Phyo Paing @ Derek

ဘဝမှာ တိုးတက်မှု 10X ဖြစ်လာဖို့ Read More »

ဘဝမှာ တိုးတက်မှု 10X ဖြစ်လာဖို့

စဥ်းစားကြည့်ကြည့်အင်္ဂလိပ်လို မဖတ်တတ်ရာကဖတ်တတ်၊ ပြောတတ်သွားတဲ့အချိန်။တရုတ်လို မပြောတတ်ရာကပြောတတ်သွားတဲ့အချိန်။လူရှေ့စကားပြောမတတ်ရာကပြောတတ်ဆိုတာ ပေါင်းသင်းတတ်တဲ့သူဖြစ်သွားတဲ့အချိန်။လုပ်ငန်းတစ်ခုကို ဘယ်လိုစရမလဲမသိရာကကြိုက်တဲ့လုပ်ငန်းကို အချိန်မရွေးစအချိန်တိုအတွင်း growth-hackingလုပ်နိုင်တဲ့ အချိန်။ ဘဝမှာ ဒီလို မလုပ်တတ်ရာကကျွမ်းကျင်မှုတစ်ခုရတဲ့ပျော်ရွင်မှုက ဘာနဲ့မှ ယှဥ်လို့မရဘူး။ ဘဝမှာ တိုးတက်မှု 10X ဖြစ်လာဖို့ကိုယ့်ရဲ့ skill တွေ ဂျွတ်နေမှဖြစ်မယ်။ Phyo Paing @ Derek

ဘဝမှာ တိုးတက်မှု 10X ဖြစ်လာဖို့ Read More »