human nature

လူတွေရဲ့ ရွေ့မည့်အကွက်တွေကို
ကြိုသိနေဖို့ လူ့အကြောင်းတော့
သေချာသိထားဖို့လိုတယ်။

လူတွေရဲ့ အငုံစိတ်ထဲမှာတခြားသူတွေထက် သာတယ်ဆိုတဲ့Superiority ဖြစ်ချင်တဲ့ စိတ်ရှိတတ်တယ်။ဒါကိုတော့ စိတ်ပညာရှင် Alfred Adler က ဆိုတယ်။ အဲ့လို သာတယ်ဆိုတဲ့ စိတ်ဖြစ်ဖို့နည်းလမ်းနှစ်မျိုးရှိတယ်။တစ်မျိုးက ကိုယ့်ရဲ့တိုက်ကို အမြင့်ဆုံးတည်ဆောက်တာ။နောက်တစ်မျိုးက တခြားတိုက်တွေကိုဖြိုတာ။ လူတစ်မျိုးက ကိုယ်လိုချင်တဲ့အိမ်မက်တွေ အကောင်အထည်ဖော်ဖို့လုပ်တယ်။နောက်တစ်မျိုးက တခြားသူတွေရဲ့ဆွတ်ခူးမှုကို ဘာမှမဟုတ်ပါဘူးကွာဖြစ်အောင်ဟာသလုပ်တယ်။တဖက်လူကို ပြောတာတစ်မျိုးလုပ်တာတစ်မျိုး hypocrite ဖြစ်အောင်ပုံဖော်ဖို့ကြိုးစားတတ်တယ်။ လူတွေရဲ့ Psycho နားမလည်ရင်ကိုယ်ကြီးခံနေရမည့်ခေတ်မှာလူတွေရဲ့ ရွေ့မည့်အကွက်တွေကိုကြိုသိနေဖို့ လူ့အကြောင်းတော့သေချာသိထားဖို့လိုတယ်။ Phyo Paing @ Derek

လူတွေရဲ့ ရွေ့မည့်အကွက်တွေကို
ကြိုသိနေဖို့ လူ့အကြောင်းတော့
သေချာသိထားဖို့လိုတယ်။
Read More »

ဘာလိုလိုနဲ့ ၂၀၂၃ ကုန်ဖို့
နှစ်လပဲ လိုတော့တယ်။

ဘာလိုလိုနဲ့ ၂၀၂၃ ကုန်ဖို့ နှစ်လပဲ လိုတော့တယ်။ ပုံမှန်ထင်ထားတာထက် အဆမတန် အချိန်ကုန်တာ ပိုမြန်တယ်။ တစ်နှစ်တစ်နှစ်ကုန်သွားတိုင်းတချို့တွေက ရုပ်ရည်အရ သိသိသာသာ လိုအပ်တာထက်ပိုအိုမင်းရင်ရော်လာတယ်။တချို့တွေကလဲ ရင့်ကျက်လာတယ်။ တချို့က အရင်လိုအတွေးရှိတုန်းပဲ။ တချို့က ဥာဏ်ပညာတိုးတက်လာတယ်။ တချို့က အရင်လို လောင်နေဆဲပဲ။တချို့က ဘဝကို အထာကျကျဖြတ်သန်းနိုင်လာတယ်။ တချို့က ခါတိုင်းလို ရုန်းကန်ရတုန်း။တချို့က ကြာလေ ဝင်ငွေတိုးပွားလေ။ တစ်နှစ်တစ်နှစ်ကုန်တိုင်းမှာဥစ္စာ၊ ပညာ၊ ကုသိုလ် တစ်ခုခုတော့တိုးပွားနေတာ ကောင်းတဲ့အလုပ်ပဲ။ Phyo Paing @ Derek

ဘာလိုလိုနဲ့ ၂၀၂၃ ကုန်ဖို့
နှစ်လပဲ လိုတော့တယ်။
Read More »

အရေးကြီးတာ စွန့်လွတ်ရဲတဲ့စိတ်လိုတယ်

ဆင်းရဲမှ မဟုတ်ဘူး။ချမ်းသာရင်လဲ လောကဓံခံရတာပဲ။ကျဆုံးမှ မဟုတ်ဘူး။အောင်မြင်ရင်လဲ လောကဓံက ခံရတာပဲ။ ချမ်းသာရင် ဥစ္စာတွေ မပျောက်ပျက်သွားအောင်။အောင်မြင်ရင် ပြန်မကျဆုံးသွားအောင်။ဒီလောကဓံခံရပြန်တယ်။ ဒါပေမယ့် ချမ်းသာတဲ့လောကဓံကဆင်းရဲတဲ့ လောကဓံထက်ပိုခံသာတတ်တယ်။အောင်မြင်တဲ့ လောကဓံကကျဆုံးသာထက် နည်းနည်းလေးဖြစ်ဖြစ်ပိုခံသာအုံးမယ်။ အရေးကြီးတာ စွန့်လွတ်ရဲတဲ့စိတ်လိုတယ်။ဥစ္စာစောင့်မဖြစ်ဖို့လိုတယ်။ Phyo Paing @ Derek

အရေးကြီးတာ စွန့်လွတ်ရဲတဲ့စိတ်လိုတယ် Read More »

လူငယ် (မော်ဒီဖိုင်း ဗားရှင်း)

သတ္တိကောင်းတယ်။အမြဲလေ့လာ စူးစမ်းနေတယ်။ အမှားလုပ်ရမှာ မကြောက်ဘူး။သင်ခန်းစာယူတယ်။ပြဿနာတွေမှာ တွေဝေမနေဘူး။အဖြေတွေရှာတယ်။ ပိုက်ဆံအိတ်ထဲအများကြီး မရှိဘူး။အနာဂတ်အတွက် ပြန်ရင်းနှီးထားတယ်။ PhyO Paing @ Derek

လူငယ် (မော်ဒီဖိုင်း ဗားရှင်း) Read More »

မနေ့ကဆိုတာကို မေ့လိုက်လို့မရဘူး။

မနေ့ကဆိုတာ ဒေတာပဲ။မနေ့ကကို သင်ခန်းစာယူမှပစ္စုပ္ပန်နဲ့ အနာဂတ်ကိုပိုကောင်းအောင် တည်ဆောက်နိုင်မှာ။ လူသုံးမျိုးရှိတယ်။တချို့က မနေ့ကဆိုတာကို မေ့လိုက်တယ်။တချို့က မနေ့ကဆိုတာမေ့ပြီး ပစ္စုပ္ပန်ကိုအာရုံစိုက်တယ်။တချို့က မနေ့ကဆိုတာကနေ သင်ခန်းစာယူတယ်။ပစ္စုပ္ပန်ကိုအာရုံစိုက်ပြီး၊ အနာဂတ်အတွက်စီမံကိန်းချတယ်။ ကိုယ်ကဘယ်လိုလူမျိုးလဲ။ Phyo Paing @ Derek

မနေ့ကဆိုတာကို မေ့လိုက်လို့မရဘူး။ Read More »

ငယ်ငယ်လေးကတည်းက
အတွေးအခေါ်တွေ အဆိပ်ခပ်ခံခဲ့ရတတ်တယ်။

တချိို့မိဘတွေက ဘဝဖြတ်သန်းမှုအလျောက်သူတို့ကိုယ်သူတို့အဆိပ်မိလို့မိမှန်းမသိပဲအဆိပ်ကို သကြားထင်ပြီးသားသမီးတွေကို သူတို့ရဲ့အတွေးအခေါ်၊ ယုံကြည်မှု၊တန်ဖိုးထားမှုတွေနဲ့ဘဝပိုကောင်းဖို့ဆိုတဲ့အကြောင်းပြချက်နဲ့ဘောင်ခတ်လွမ်းမိုးဖို့ ကြိုးစားတတ်ကြတယ်။ အသက်အရွယ်တစ်ခုရောက်လာတော့စာတွေဖတ်၊ ပြန်လည်သုံးသပ်ပြီးကိုယ့်ရဲ့ယုံကြည်မှုနဲ့ ပတ်ဝန်းကျင် အသိုင်းအဝိုင်းနေထိုင်တဲ့နေရာနဲ့လူမျိုးရဲ့ယုံကြည်မှုတွေကို ပြန်လည်ဆန်းစစ်ဖြစ်တယ်။ နောက်ဖြေဆေးရှာကြည့်တယ်။ တချို့လူတွေက အတွေးအခေါ်အဆိပ်ခပ်ခံခဲ့ရတယ်။အဆိပ်သင့်နေတုန်းပဲ။ဒီအဆိပ်ဒဏ်အတွက်အတွေးအခေါ် ဖြေဆေးလိုတယ်။ Phyo Paing @ Derek

ငယ်ငယ်လေးကတည်းက
အတွေးအခေါ်တွေ အဆိပ်ခပ်ခံခဲ့ရတတ်တယ်။
Read More »

ဗုဒ္ဓဘာသာကိုးကွယ်ပြီးတချို့တွေ တစ်ကိုယ်ကောင်း
ဆန်သွားတတ်ကြတယ်။

ဗုဒ္ဓက သတ္တဝါတွေကို ကယ်တင်ဖို့ လေး အသင်္ချေ နှင့် ကမ္ဘာတစ်သိန်းပါရမီဖြည့်ခဲ့တယ်။ သတ္တဝါတွေအပေါ်မေတ္တာထားခဲ့တယ်။ ကျွန်တော်တို့က ကိုယ့်နောက်ဘဝကောင်းဖို့တခြားသူတွေကို ဒုက္ခပေးပြီး ရတဲ့ငွေနဲ့ ဒါနကောင်းရင် နောက်ဘဝကောင်းတယ်ဆိုပြီးတစ်ကိုယ်ကောင်းဆန်တဲ့ အတွေးအခေါ်တချို့ ဝင်ဝင်လာတတ်ကြတယ်။ ဗုဒ္ဓဘာသာကိုးကွယ်ပြီးမေတ္တာတရားခေါင်းပါးနေတတ်ကြတယ်။ ဗုဒ္ဓက ပစ္စုပ္ပန်ကို အာရုံစိုက်ဖို့သင်ကြားခဲ့ပေမယ့်အတိတ်ကံကို ရိုးမယ်ဖွဲ့နေတတ်တယ်။နောက်ဘဝဆိုတာကြီးကို လိုတာထက်ပိုအာရုံစိုက်နေတတ်ကြတယ်။ Phyo Paing @ Derek

ဗုဒ္ဓဘာသာကိုးကွယ်ပြီးတချို့တွေ တစ်ကိုယ်ကောင်း
ဆန်သွားတတ်ကြတယ်။
Read More »

ဒီလိုအချိန်ကို SEE လို့ခေါ်တယ်

ကိုယ့်ဘဝရဲ့ အကြေကွဲဆုံးအချိန်ကိုစဥ်းစားကြည့်လိုက်။အဲ့အချိန်က ကိုယ့်ဘဝကိုအပြောင်းအလဲ လုပ်ပေးတဲ့လူတစ်ယောက်နဲ့ ဆိုင်တယ်။ဘဝမှာ သေရာပါတဲ့ ဒဏ်ရာဆိုတာအဲ့ကနေလာတယ်။ဒီလိုအချိန်ကို SEE လို့ခေါ်တယ်။Significant Emotional Eventဒီအချိန်တွေက လူတွေကိုအပြောင်းအလဲ အကြီးအကျယ်ဖြစ်စေတယ်။ Phyo Paing @ Derek

ဒီလိုအချိန်ကို SEE လို့ခေါ်တယ် Read More »

ကိုယ့်ရဲ့နေ့စဉ်ဘဝနေထိုင်မှုမှာ
ပျော်နေဖို့ အရေးကြီးတယ်။

ကိုယ့်ကမ္ဘာနဲ့ ကိုယ်။ လူတိုင်းက ကိုယ်လုပ်တဲ့အလုပ်အကိုင်ဝင်ငွေ၊ အပေါင်းအသင်း၊ အသိုင်းအဝိုင်းမတူကြဘူး။ ဒါကို နှိုင်းယှဉ်ပြီး စိတ်ညစ်နေစရာမလိုဘူး။ကိုယ့်ရဲ့နေ့စဉ်ဘဝနေထိုင်မှုမှာပျော်နေဖို့ အရေးကြီးတယ်။ ဒီလိုဖြစ်ဖို့ ၁။ Mastery တစ်ဖက်ကမ်းခတ်ကျွမ်းကျင်တဲ့အလုပ်၂။ Money ကိုယ်နေချင်တဲ့ ဘဝနေထိုင်မှုပုံစံအတွက်ဝင်ငွေ၃။ Muscle နေ့စဉ် လေ့ကျင့်ခန်းလုပ်တာကလဲ ပျော်စေတယ်။ ၄။ Mate သူငယ်ချင်း သို့ ကိုယ့်ချစ်သူရည်းစားလင်မယားဒီအချက်လေးချက်က အရေးကြီးတယ်လို့ထင်တယ်။ Phyo Paing @ Derek

ကိုယ့်ရဲ့နေ့စဉ်ဘဝနေထိုင်မှုမှာ
ပျော်နေဖို့ အရေးကြီးတယ်။
Read More »

လူတွေကို လွမ်းမိုးထားတဲ့
hormone တွေ၊ neurotransmitter တွေကို
လိုသလို ကစားလို့ရတယ်ဆိုတာ
တဖြည်းဖြည်း နားလည်လာတယ်။

ယောင်္ကျား တွေမှာ testosterone ကျားဓာတ်များလာတာနဲ့ တိုက်ချင် ခိုက်ချင်စိတ်က ပြင်းထန်လာတတ်ပြီး အလိုလိုသိစိတ် Intuition ကနည်းလာတတ်တယ်။ အရင်ဝတုန်းကဆို တရားထိုင်ပြီးရင်အလိုလိုသိစိတ်က မြင့်နေတယ်။ နောက်ပိုင်းကျတော့ deadlift တွေမပြီးရင်Testosterone ကျားဓာတ်မြင့်လာပြီးတစ်ခုကို လက်တီးနဲ့ ထိုးချင်နေတာမျိုးဖြစ်ဖြစ်နေတယ် LOL… တချို့ အဘိုးကြီးတွေဆို ငယ်ငယ်ကသေလောက်အောင်ဆိုးပြီးကြီးလာတော့ ပျော့သွားတာ။အလေးမရင် ဒီကျားဓာတ် Testosterone ထွက်တယ်။ကျားဓာတ် နည်းသွားလို့ဖြစ်စဥ်ကို ကာကွယ်ဖို့ ကြွက်သားဖန်တီးဖို့လိုတယ်။ လူတွေကို လွမ်းမိုးထားတဲ့ hormone တွေ၊ neurotransmitter တွေကို လိုသလို ကစားလို့ရတယ်ဆိုတာ တဖြည်းဖြည်း နားလည်လာတယ်။ ငယ်ငယ်က ရည်းစားထားသလိုပဲ။ ခဏနေပျင်းသွားရင် ပျက်လိုက်နောက်တစ်ယောက်ထားလိုက်နဲ့။ အမှန်တော့ ကိုယ်က dopamine လိုနေတာ။ ရည်းစားစထားခါစ နှစ်နှစ်အတွင်းဆို ခန့်မှန်းလို့သိပ်မရသေးတော့ ရန်ဖြစ်လိုက် ပြန်ချစ်လိုက် ရင်ခုန်တယ်။ နောက်ပိုင်းကျတော့

လူတွေကို လွမ်းမိုးထားတဲ့
hormone တွေ၊ neurotransmitter တွေကို
လိုသလို ကစားလို့ရတယ်ဆိုတာ
တဖြည်းဖြည်း နားလည်လာတယ်။
Read More »