Go Big or Go Home
ဘဝမှာ ယုံကြည်လက်ခံထားတာတစ်ခုက Go Big or Go Home ပဲ။ ဘဝရဲ့ ပေးထားချက်ကိုလက်ခံ စရာမလိုဘူး။လိုချင်ရင် ပြောင်းယူလို့ရတယ်။ ကိုယ်လိုချင်တဲ့ ကျွမ်းကျင်မှု၊အလုပ်အကိုင်၊ ကျန်းမာကြံ့ခိုင်မှု၊အချစ်ရေး၊ ငွေရေးကြေးရေး၊စီးပွားရေးလုပ်ငန်း၊လိုချင်တာ ရအောင်လုပ်လို့ရတယ်လို့အကြွင်းမဲ့ ယုံကြည်ထားတယ်။ သေချာတာ တစ်ခုကတော့ဆုတောင်း ရုံတစ်ခုထဲနဲ့ မရဘူး။စိတ်ဆန္ဒပြင်းပြမှု၊စူးစမ်းလေ့လာ အဖြေရှာမှု၊လက်တွေ့ လုပ်ဆောင်မှု၊အမှားတွေကပြန်လည်သင်ခန်းစာယူမှု၊အမြဲ မပြတ်လေ့ကျင့်မှု၊အာရုံစူးစိုက်မှု၊ဇွဲနဲ့ ဒူပေဒါပေခံမှုလိုတယ်။ နေသလို ဖြစ်တဲ့ဘဝမှာဖြစ်သလို နေလို့ရပေမယ့်ဖြစ်သလိုနေတာကကိုယ်ရင်ခုန်တဲ့ဘဝမဟုတ်ရင်ဘဝကြီးကို ဖြစ်သလိုရေဆုန်မြော ဖြတ်သန်းတာကအဖြေမဟုတ်ဘူး။ Phyo Paing @ Derek
