marketing

လွယ်ကူတဲ့ အတတ်ပညာတစ်ခု

ကိုယ့်ဘဝကို ပြောင်းလဲစေတဲ့အရာအများကြီးထဲမှာ Psychology, Entrepreneurship နဲ့ Marketing သုံးခုပါတယ်။ စိတ်ပညာတတ်တော့လူတွေကို နားလည်လွယ်တယ်။လူတွေကစားတဲ့ ဂိမ်းတွေကို အကွက်တွေမြင်တော့ ကိုယ့်ကို လာ play လို့ မလွယ်တော့ဒရာမာတွေကို ရှောင်လို့ရတယ်။ ကိုယ့်ရဲ့ စွမ်းဆောင်ရည်မြင့်အောင်ကိုယ့်စိတ်ကိုယ် စီမံခန့်ခွဲလာနိုင်တယ်။ စွန့်ဦးတီထွင်မှုနားလည်တော့စျေးကွက်ပြဿနာကို အမြတ်ငွေယူ ဘယ်လိုဖြေရှင်းရမလဲနားလည်လာတယ်။ လူနဲ့ စနစ်အားသုံးပြီးလည်ပတ်မှုထဲကိုယ်မပါဘဲ ငွေရှာပေးဖို့လုပ်ဆောင်လို့ရတယ်။ မားကတ်တင်းနားလည်တော့သူစိမ်းကို အသိ၊အသိကို ဖောက်သည်၊ဖောက်သည်ကို အမာခံပရိသတ်၊အမာခံပရိသတ်ကို အတွင်းလူပြောင်းဖို့နည်းလမ်းတွေသိလာတယ်။ဒီနေ့လို ဒီဂျစ်တယ်ဆက်သွယ်ရေးခေတ်မှာဘယ်နေရာနေနေ မားကတ်တင်းလုပ်လို့ရတဲ့လွယ်ကူတဲ့ အတတ်ပညာတစ်ခုဖြစ်လာတယ်။ Phyo Paing @ Derek

လွယ်ကူတဲ့ အတတ်ပညာတစ်ခု Read More »

ကိုယ့်ကိုယ်သာ သုညကနေပြန်စဖို့

ကိုယ့်ကိုယ်သာ သုညကနေပြန်စဖို့နေရာတစ်ခုမှာ ချလိုက်ရင်ဘာစလုပ်မလဲ အကြိမ်ကြိမ်စဥ်းစားဖူးတယ်။ ပထမဆုံးလုပ်မှာကတော့ကုန်ပစ္စည်း၊ ဝန်ဆောင်မှု တစ်ခုခုကိုရောင်းချတဲ့ “အရောင်း” လုပ်ငန်းလုပ်မယ်။ရောင်းမှ ပိုက်ဆံဝင်မှာ။ တပြိုင်တည်း ကုန်ပစ္စည်း၊ ဝန်ဆောင်မှုတွေအတွက်ချက်ချင်းကြော်ငြာရေး၊ချက်ချင်း ကြော်ငြာ၊ချက်ချင်းရောင်းတဲ့ Direct Response Marketing (DRM) လုပ်မယ်။ဒါကတော့ ချက်ချင်းရလဒ်တွေ့နိုင်တယ်။ တတိယအဆင့်ကကိုယ်နဲ့သက်ဆိုင်တဲ့နယ်ပယ်အတွက်content ဖန်တီးပြီး expert power တည်ဆောက်မယ်။အမှတ်တံဆိပ်တစ်ခု ဖြစ်အောင်လုပ်မယ်။ဒီအဆင့်ကတော့ ရေရှည် plan ဖြစ်ပြီးမြန်မာနိုင်ငံလိုမျိုးမှာ လအနည်းငယ်နဲ့ဖြစ်နိုင်ပြီးတခြားပြိုင်ဆိုင်မှု ပြင်းထန်တဲ့နိုင်ငံတွေမှာသုံးလေးငါးနှစ် ကြာနိုင်တယ်။ ကိုယ်သာဆို ဘာလုပ်မလဲ။ Phyo Paing @ Derek

ကိုယ့်ကိုယ်သာ သုညကနေပြန်စဖို့ Read More »

မားကတ်တင်း လုပ်ဆောင်မှုတွေ

လုပ်ငန်းရှင်တစ်ယောက်အနေနဲ့တခြားသူတွေနဲ့ ထိတွေ့တဲ့လုပ်ဆောင်မှု မှန်သမျှကမားကတ်တင်း လုပ်ဆောင်မှုတွေပဲ။ ဘာကြောင့်လဲဆိုတော့မားကတ်တင်းဆိုသူစိမ်းကို အသိ၊အသိကို ဖောက်သည်၊ဖောက်သည်ကို အမာခံပရိသတ်၊အမာခံပရိသတ်ကို အတွင်းလူပြောင်းတဲ့ဖြစ်စဥ်ဖြစ်တယ်။ As a business owner,every interaction with othersis essentially a marketing activity. This is because marketing involvesturning strangers into acquaintances,acquaintances into customers,customers into loyal clients,and loyal clients into advocates,who then help to bring in more people internally. This process is a continuous cycle. Guerrilla Marketing CoachLow cost,

မားကတ်တင်း လုပ်ဆောင်မှုတွေ Read More »

ဓာတ်တူရာစုဆိုတာ
တူရာတူရာစုကြတယ်။

မားကတ်တင်းမှာတော့ တူရာတူရာစုတာကို စစ်ကမန်တေးရှင်း Segmentation လို့ခေါ်တယ်။တွေးခေါ်ပုံ၊ စဥ်းစားပုံ၊ လောကအမြင်၊ ဆုံးဖြတ်ချက်ချပုံတွေနဲ့တူရာတူရာစုလိုက်တာကိုစိတ်ပိုင်းဆိုင်ရာ တူရာတူရာစုခြင်းလို့ခေါ်တယ်။ ဒါကို Psychographic Segmentation လို့ခေါ်တယ်။ ဒါကြောင့် ကိုယ်က ဘယ်လိုလူဖြစ်ချင်သလဲအဲ့လိုလူတွေ ရှိတဲ့နေရာကို များများသွားဖို့လိုတယ်။ သူတို့ ဘယ်လိုစဥ်းစားလဲ၊ ဘယ်လိုမြင်လဲ လေ့လာဖို့လိုတယ်။ သေချာတာတစ်ခုက ပညာဖြစ်ဖြစ်၊ငွေကြေးဖြစ်ဖြစ်၊ စွမ်းဆောင်ရည်ဖြစ်ဖြစ်ထိပ်တန်းမှာရှိတဲ့သူတွေနဲ့၊သာမာန်လူတွေနဲ့၊ချာတူးလန်တွေနဲ့ ဘယ်လိုမှမတူနိုင်ဘူး။ လူတွေရဲ့ဘဝကို အပြောင်းအလဲဖြစ်စေနိုင်တာBIG တဲ့။ ကိုယ်ဖတ်တဲ့စာအုပ် Books you readကိုယ်နဲ့တွေ့တဲ့သူတွေ Individuals you meetကိုယ့်ရဲ့ရည်မှန်းချက်ပန်းတိုင် Goals you have တဲ့။ အတွေး၊ အကြံ၊ အလုပ်တွေကိုကိုယ်နဲ့ပေါင်းတဲ့သူတွေ၊တွေ့တဲ့သူတွေက လွမ်းမိုးမှုရှိတယ်။ Psychographic segmentation groups people based on their thinking, reasoning, worldview, and

ဓာတ်တူရာစုဆိုတာ
တူရာတူရာစုကြတယ်။
Read More »

အမှတ်တံဆိပ်တည်ဆောက်ခြင်း နှင့် မားကတ်တင်း

အမှတ်တံဆိပ်တည်ဆောက်ခြင်း နှင့် မားကတ်တင်း မားကတ်တင်းဆိုတာကတော့ ကိုယ့် ကုမ္ပဏီ၊ ကိုယ့်လုပ်ငန်းအကြောင်း ကိုယ်သိစေချင်တဲ့လူတွေသိပြီး ကြွေအောင် ထုတ်ဖော်ပြသပေးတဲ့ လုပ်ငန်းစဥ်ပဲ။ တချို့ကကြွေအောင်အရင်မလုပ်ပဲ ရေဆာနေချိန် ရေရောင်းဖို့ စဥ်းစားကြတယ်။ ဒါက စျေးကွက်လိုအပ်ချက် အရမ်းကောင်းနေတဲ့အချိန် အဆင်ပြေနိုင်တယ်။ ဒါပေမယ့် ရေရှည်အတွက်ကတော့ raving fans တည်ဆောက်ဖို့လိုတယ်။ ဒီနေ့ခေတ် တစ်ကမ္ဘာလုံးကလဲ Fans Economy ပိုင်းကိုသွားနေတယ်။ ကုန်ပစ္စည်းထုတ်လုပ်နေဆိုတာ တဖြည်းဖြည်းနဲ့ commodity ဆန်လာတယ်။ ထုတ်လုပ်တဲ့သူက စားသုံးနိုင်တာထက် ပိုထုတ်နိုင်တဲ့ အဆင့်တဖြည်းဖြည်း ရောက်လာတယ်။ ဒီတော့ branding နဲ့ marketing က အရင်ကထက် ပိုအရေးကြီးလာတယ်။ ၁။ Marketing ဆိုတာ ဘာလဲ။ Sales နဲ့ ဘာကွာသလဲ။ Marketing ရဲ့ တာဝန်က

အမှတ်တံဆိပ်တည်ဆောက်ခြင်း နှင့် မားကတ်တင်း Read More »

မာကတ်တင်းအကြောင်း

မားကတ်တင်းအကြောင်း နည်းနည်းပြောပြမယ်။ မားကတ်တင်း ဗားရှင်း 1.0 အဘိုးခေတ်မှာ မားကတ်တင်းမလိုဘူး။ ကုန်ပစ္စည်းရှိသူက ဆရာပဲ။ အဲ့ဒီခေတ်က ထုတ်သာထုတ်စမ်းပါကွာဆိုတဲ့ ထုတ်လုပ်မှုအသားပေးခေတ်။ Production Concept လို့ခေါ်တယ်။ မားကတ်တင်း ဗားရှင်း 2.0 နောက် အဖေ၊ အမေ လက်ထက်ကျတော့ လက်ဟောင်းပဲ ယူချင်တယ်။ စထုတ်တုန်းအရည်အသွေးကောင်းပြီး ရောင်းရပြီး နာမည်ကြီးရင် အရည်အသွေးညံံ့သွားတတ်လို့ဆိုတဲ့ ကုန်ပစ္စည်းအရည်အသွေးအသားပေး Product Concept ဆိုတာ ရောက်လာတယ်။ အထက်က နှစ်ခုကို Marketing 1.0 လို့ခေါ်တယ်။ မားကတ်တင်း version 1 ဆိုပါတော့။ Product-centric marketing ကုန်ပစ္စည်းအသားပေး မားကတ်တင်းလို့ခေါ်တယ်။ ကျွန်တော်ကတော့ “Me Marketing” လို့ အတိုကောက်နာမည်ပေးတယ်။ “ငါတော်တယ်၊ ငါမိုက်တယ်၊ ငါ့အသားပေး” မားကတ်တင်းပေါ့။

မာကတ်တင်းအကြောင်း Read More »

တခြားသူတွေကို သုံးအောင်ပြန်သင်ပေးခိုင်း

လူအများစုInternet Explorer ကနေFirefox နောက်Chrome ဘာကြောင့်ဒီလိုတွေ ဖြစ်လာလဲ? မားကတ်တင်းကလူတွေချစ်အောင်လုပ်တဲ့ပညာ။ နည်းပညာတီထွင်ဆန်းသစ်မှုကလူတွေ မရှိမဖြစ်၊ မသုံးမဖြစ်ဖြစ်အောင်လုပ်တဲ့ပညာ။ Pebble Watch ကိုဘယ်လောက်ချစ်ချစ်ဒီနေ့မှာတော့ တခြားနာရီတွေဖြစ်သွားပြီ။ နည်းပညာမားကတ်တင်းမှာလူတွေ အသုံးပြုရလွယ်ကူအောင်လုပ်နိုင်တာက မားကတ်တင်းပဲ။ Myspace တို့၊Friendster တို့၊16 နှစ်ကျော်ခံခဲ့တဲ့ Gtalk တို့ဒီနေ့မသုံးကြတော့ဘူး။ ဒါက အပြောင်းအလဲပဲ။ ဘဝမှာ နေ့စဥ် မရှိမဖြစ်တကယ့်အသုံးပြုနေရတဲ့နည်းပညာကုန်ပစ္စည်းတွေအတွက်အကောင်းဆုံးမားကတ်တင်းက“သိ”၊ “သုံး”၊ “သင်”ပဲ။ သိအောင်လုပ်။သုံးအောင်လုပ်။တခြားသူတွေကို သုံးအောင်ပြန်သင်ပေးခိုင်း။Snapchat တို့လိုပေါ့။ #GMC

တခြားသူတွေကို သုံးအောင်ပြန်သင်ပေးခိုင်း Read More »

မားကတ်တင်းရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်

မားကတ်တင်းရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေကိုမတူညီတဲ့ဆရာတွေကိုမေးကြည့်မတူညီတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေကိုတွေ့လိမ့်မယ်။ တချို့က ဖောက်သည်ရဲ့လိုချင်တာလိုအပ်တာကို နှစ်ဦးနှစ်ဖက်အကျိုးရှိရှိ ဖြည့်ဆည်းပေးတာ။ တချို့က ဖောက်သည်နဲ့ အကျိုးအမြတ်ရမည့်ရေရှည်ဆက်ဆံရေး တည်ဆောက်တာ။ တချို့က စိတ်ဝင်စားအောင်လုပ်တာ။ တချို့က သူစိမ်းတွေကို အသိ၊အသိကိုဖောက်သည်၊ဖောက်သည်ကို အမာခံ၊အမာခံပရိသတ်ကို အတွင်းလူအဖြစ်ပြောင်းတာ။ တချို့က မားကတ်တင်းဆိုတာအမြင်ပြောင်းပညာ။ တချို့က မားကတ်တင်းဆိုတာစျေးကွက်ရှာဖွေမှု ပညာ။ အဓိပ္ပာယ်ဖွင့်ဆိုချက် နောက်တစ်ခုရှိတယ်။ ဒါနဲ့ ဂေါ်ရဲလား?

မားကတ်တင်းရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက် Read More »

ဒီကိုးဆင့်ကိုလုပ်

မားကတ်တင်း မိုးလင်းသိမယ် 😀 ဒီကိုးဆင့်ကိုလုပ် ၁။ ဘာရောင်းမလဲ?၂။ ဘယ်သူဝယ်မလဲ?၃။ ဘာကြောင့်ဝယ်သင့်သလဲ?၄။ ဝယ်သင့်တာကို ဘယ်လိုပြောမလဲ?၅။ ဘယ်ကနေပြောမလဲ?၆။ လာမေးရင် ဘယ်လိုဖြေပြီးရောင်းမလဲ?၇။ ဘယ်လိုပို့မလဲ?၈။ ဘယ်လို စိတ်တိုင်းပိုကျအောင်လုပ်ပေးလို့ရမလဲ?၉။ ဘာလိုကုန်ပစ္စည်းတွေနဲ့ဖောက်သည်ဘဝပိုကောင်းအောင်လုပ်ပေးမလဲ? #GMC

ဒီကိုးဆင့်ကိုလုပ် Read More »