psychology

ဒီလိုကြုံဖူးလား။

ဒီလိုကြုံဖူးလား။ငါအခုပဲ ဒါစဥ်းစားနေတာဒီစာက Facebook ကနေကိုယ့်ရှေ့ရောက်လာတာမျိုး။ မတွေ့တာ ကြာတဲ့ သူငယ်ချင်းတစ်ယောက်ကိုစဥ်းစားနေတုန်း၊သူ့ဆီက မက်ဆေ့ဝင်လာတာမျိုး။တခါတလေ အိပ်မက်မက်တဲ့အတိုင်းအပြင်မှာဖြစ်နေသလိုမျိုး။ ထူးခြားတဲ့တိုက်ဆိုင်မှုပေါ့။စိတ်ပညာရှင်ကြီး Carl Jung ကာယွန်းကဒါကို Synchronicity စန်ခရိုနီစတီလို့ခေါ်တယ်။ လူတွေရဲ့ စိတ်အတွင်းကမ္ဘာနဲ့ရုပ်ဝတ္ထုအပြင်ကမ္ဘာက ချိပ်ဆက်နေတယ်။လူတွေရဲ့သဘောတရားကပက်တန် pattern တွေကို အဓိပ္ပာယ်ဖွင့်တဲ့သတ္တဝါဖြစ်တဲ့အတွက်တခြားကိုယ့်ပက်တန်ထဲမဝင်တဲ့အရာတွေကိုကျော်သွားတတ်တယ်။ လူတွေအကုန်လုံးရဲ့အခြေခံအားလုံးကိုချိပ်ဆက်ပေးနေတဲ့Unus Mundus – The One ဆိုတာရှိတယ်လို့Carl Jung က ဆိုတယ်။ဥပမာ အပေါ်ယံမှာတွေ့နေရတဲ့သမုဒ္ဒရာရေလိုင်းတစ်ခုချင်းစီအောက်မှာသမုဒ္ဒရာရေကြီးရှိတယ်။အကုန်လုံးက တစ်ခုတည်းကလာတယ်။ချိပ်ဆက်နေတယ်။ တိုက်ဆိုင်မှု coincidence မှာကဘာတစ်ကိုယ်ရည်ခံစားချက်မှမရှိဘူး။ဖြစ်တော့မယ်ဆိုတာ အလိုလိုသိနေတာဒါက Intuition ဖြစ်ပြီးငါတွေးလိုက်မိသလိုအဓိပ္ပာယ်ရှိရှိဖြစ်လာတာမျိုးဒါကို Synchronicity လို့ခေါ်တယ်။ ကိုယ့်ဘဝမှာ အဓိပ္ပာယ်အရမ်းရှိတဲ့အချိန်တွေကြုံဖူးလိမ့်မယ်။ ဥပမာကျွန်တော့်ဘဝမှာဆိုလူတစ်ယောက်နဲ့တွေ့ပြီး၂၀၁၅ August တုန်းကတစ်ခါ၂၀၂၁ နှစ်ကုန်မှာတစ်ခါအချိန်တွေကိုခဏလောက်ရပ်တန့်ချင်စိတ်ဖြစ်တယ်။ဒီလိုဖြစ်တိုင်း ဘဝက ပြန်လည်စတင်restart လုပ်ပြီး ပိုကောင်းဖို့ဖြစ်လာမည့် အချိန်မျိုး။အဲ့လိုပဲ ကားမောင်းနေရင်းနဲ့မီးပွိုင့်စောင့်နေတုန်းမှာငါလမ်းသစ်ပြန်စရတော့မယ်ဆိုတဲ့ခံစားချက်နဲ့ထူးထူးခြားခြား ဒါလေးလုပ်ဖို့လိုတယ်ဆိုတဲ့အတွေးရောက်ရောက်လာတယ်။အဲ့ဒါတွေထလုပ်တိုင်းဘဝက နောက်တစ်ဆင့်ရောက်ရောက်သွားတယ်။​ ဘဝရဲ့အဓိပ္ပာယ်ရှိတဲ့တိုက်ဆိုင်မှုတွေကိုသိဖို့ကိုယ့်ရဲ့အသိ […]

ဒီလိုကြုံဖူးလား။ Read More »

“အပြင်မတင်နဲ့ အဖြေရှာ။”
“ပြိုင်မငြင်းနဲ့ မေး။”

လိုချင်တာရအောင်လုပ်ဆောင်နိုင်စွမ်းမရှိတဲ့အခါအငုံ့စိတ်ဆိုတာ ဖြစ်လာတယ်။ အငုံ့စိတ်ဖြစ်လာတဲ့အခါအဖြေရှာဖို့ထက်အပြစ်တင်ဖို့ကို လုပ်ဆောင်တတ်တယ်။ ဒါကို စိတ်ပညာရှင်Alfred Adler ကInferiority Complex လို့ခေါ်တယ်။ငယ်ဘဝမှာ လိုချင်တာကို ပြည့်ပြည့်စုံစုံရခဲ့တာနဲ့ မရခဲ့တာကွာတယ်။ တချို့သူတွေဆို သူတို့ကိုနှိမ်လို့နှိမ်နေမှန်းမသိဘူး။တခြားသူတွေကိုလဲမနှိမ်တတ်ဘူး။ အဲ့လိုလူတွေအများကြီးတွေ့ဖူးတယ်။ တချို့သူတွေက တစ်ခုခုဆို comment မှာwall မှာ တခြားသူတွေကို အပြစ်ပြောတာ နှိမ်နေတာကိုတွေ့လိမ့်မယ်။ ဒါက အငုံ့စိတ်ရဲ့ တုန့်ပြန်မှုပဲ။ ကျွန်တော်လဲ အဲ့လို inferiority complex တော်တော်ဖြစ်ခဲ့ဖူးတယ်။အထူးသဖြင့် ၂၀၁၀ ထိပဲ။ လုပ်ချင်တာမလုပ်ရတဲ့ဘဝ။ကိုယ့်မှာအစွမ်းအစရှိတယ်လို့ယုံကြည်ပြီးတခြားသူတွေ ဖြစ်မြောက်တာတွေ့တော့ဒေါသထွက်။လောကကို အပြစ်တင်မိတာ။သတင်းတွေရဲ့ comment မှာဆိုကိုယ့်ကို အရင်ဆုံးတွေ့လိမ့်မယ်။ နောက်ပိုင်းကျတော့ဒါကို ကောင်းတဲ့အပိုင်းအသုံးချဖို့နည်းလမ်းရှာဖြစ်တယ်။ ဒီ inferiority complex ကို ကောင်းတဲ့ဖက်မှာသုံးဖို့ ဖြစ်ချင်တာဖြစ်ဖို့လောကအမြင်ကို update လုပ်ဖို့စဥ်းစားကြည့်တယ်။ နောက်ပိုင်းမှာ ဒီဥပဒေသနှစ်ခုသုံးတယ်။“အပြင်မတင်နဲ့ အဖြေရှာ။”“ပြိုင်မငြင်းနဲ့ မေး။” Phyo

“အပြင်မတင်နဲ့ အဖြေရှာ။”
“ပြိုင်မငြင်းနဲ့ မေး။”
Read More »

လွယ်ကူတဲ့ အတတ်ပညာတစ်ခု

ကိုယ့်ဘဝကို ပြောင်းလဲစေတဲ့အရာအများကြီးထဲမှာ Psychology, Entrepreneurship နဲ့ Marketing သုံးခုပါတယ်။ စိတ်ပညာတတ်တော့လူတွေကို နားလည်လွယ်တယ်။လူတွေကစားတဲ့ ဂိမ်းတွေကို အကွက်တွေမြင်တော့ ကိုယ့်ကို လာ play လို့ မလွယ်တော့ဒရာမာတွေကို ရှောင်လို့ရတယ်။ ကိုယ့်ရဲ့ စွမ်းဆောင်ရည်မြင့်အောင်ကိုယ့်စိတ်ကိုယ် စီမံခန့်ခွဲလာနိုင်တယ်။ စွန့်ဦးတီထွင်မှုနားလည်တော့စျေးကွက်ပြဿနာကို အမြတ်ငွေယူ ဘယ်လိုဖြေရှင်းရမလဲနားလည်လာတယ်။ လူနဲ့ စနစ်အားသုံးပြီးလည်ပတ်မှုထဲကိုယ်မပါဘဲ ငွေရှာပေးဖို့လုပ်ဆောင်လို့ရတယ်။ မားကတ်တင်းနားလည်တော့သူစိမ်းကို အသိ၊အသိကို ဖောက်သည်၊ဖောက်သည်ကို အမာခံပရိသတ်၊အမာခံပရိသတ်ကို အတွင်းလူပြောင်းဖို့နည်းလမ်းတွေသိလာတယ်။ဒီနေ့လို ဒီဂျစ်တယ်ဆက်သွယ်ရေးခေတ်မှာဘယ်နေရာနေနေ မားကတ်တင်းလုပ်လို့ရတဲ့လွယ်ကူတဲ့ အတတ်ပညာတစ်ခုဖြစ်လာတယ်။ Phyo Paing @ Derek

လွယ်ကူတဲ့ အတတ်ပညာတစ်ခု Read More »

ဓာတ်တူရာစုဆိုတာ
တူရာတူရာစုကြတယ်။

မားကတ်တင်းမှာတော့ တူရာတူရာစုတာကို စစ်ကမန်တေးရှင်း Segmentation လို့ခေါ်တယ်။တွေးခေါ်ပုံ၊ စဥ်းစားပုံ၊ လောကအမြင်၊ ဆုံးဖြတ်ချက်ချပုံတွေနဲ့တူရာတူရာစုလိုက်တာကိုစိတ်ပိုင်းဆိုင်ရာ တူရာတူရာစုခြင်းလို့ခေါ်တယ်။ ဒါကို Psychographic Segmentation လို့ခေါ်တယ်။ ဒါကြောင့် ကိုယ်က ဘယ်လိုလူဖြစ်ချင်သလဲအဲ့လိုလူတွေ ရှိတဲ့နေရာကို များများသွားဖို့လိုတယ်။ သူတို့ ဘယ်လိုစဥ်းစားလဲ၊ ဘယ်လိုမြင်လဲ လေ့လာဖို့လိုတယ်။ သေချာတာတစ်ခုက ပညာဖြစ်ဖြစ်၊ငွေကြေးဖြစ်ဖြစ်၊ စွမ်းဆောင်ရည်ဖြစ်ဖြစ်ထိပ်တန်းမှာရှိတဲ့သူတွေနဲ့၊သာမာန်လူတွေနဲ့၊ချာတူးလန်တွေနဲ့ ဘယ်လိုမှမတူနိုင်ဘူး။ လူတွေရဲ့ဘဝကို အပြောင်းအလဲဖြစ်စေနိုင်တာBIG တဲ့။ ကိုယ်ဖတ်တဲ့စာအုပ် Books you readကိုယ်နဲ့တွေ့တဲ့သူတွေ Individuals you meetကိုယ့်ရဲ့ရည်မှန်းချက်ပန်းတိုင် Goals you have တဲ့။ အတွေး၊ အကြံ၊ အလုပ်တွေကိုကိုယ်နဲ့ပေါင်းတဲ့သူတွေ၊တွေ့တဲ့သူတွေက လွမ်းမိုးမှုရှိတယ်။ Psychographic segmentation groups people based on their thinking, reasoning, worldview, and

ဓာတ်တူရာစုဆိုတာ
တူရာတူရာစုကြတယ်။
Read More »

နာမည်တစ်လုံးတည်ဆောက်ဖို့
အရေးကြီးတယ်။

J.K. Rowling က Harry Potter နဲ့ အရမ်းအောင်မြင်တော့ သူ့အရေးအသားတွေကြောင့်ပဲနာမည်ကြီးတာမျိုးလိုချင်တယ်။သူ့နာမည်ကြောင့် နာမည်ကြီးတာမျိုးမဖြစ်ချင်တာကြောင့် ကလောင်နာမည်အသစ်နဲ့ The Cuckoo’s Calling ဆိုပြီးထုတ်တယ်။စာအုပ်ဖတ်ပြီးတဲ့ သူတွေက လက်ကမချချင်လောက်အောင်အရမ်းကောင်းတယ်လို့ပြောတယ်။ဒါပေမယ့် ပထမသုံးလမှာ စာအုပ်ရေ ၁၅၀၀ ပဲရောင်းရတယ်။ တစ်ရက်မှာ အရောင်းရဆုံးစာအုပ်အဖြစ်ဘိတ်ချီးလောက်ကနေ Best-seller ဖြစ်သွားတယ်။ ဘာကြောင့်လဲဆိုတော့ သိတဲ့သူတစ်ယောက်က ဒီစာအုပ်ကိုရေးတဲ့သူက J.K. Rowling ဖြစ်တယ်ဆိုတာဖော်ထုတ်လိုက်လို့ဖြစ်တယ်။ ဒါကြောင့် နာမည်တစ်လုံးတည်ဆောက်ဖို့အရေးကြီးတယ်။ ဒါကို ငွေကြေးနဲ့ trade-off လုပ်တာရေတိုကို ကြည့်လွန်းရာရောက်တယ်။ နာမည်တည်ဆောက်ဖို့အတွက် အချိန်တစ်ခုပေးရတယ်။ လူသိဖို့ exposure လိုတယ်။Social Psychology မှာ ကိုယ့်ကိုပိုတွေ့လေလေသဘောကျလေလေတဲ့။ ဒါကြောင့် ကိုယ့်ရဲ့ မလှဘူးထင်တဲ့ရုပ်မကောင်းဘူးထင်တဲ့ စာတွေကြောက်ပြီး ဖွက်မထားနဲ့။ တင်သာတင်။ တွေ့တာများရင် ရင်းနှီးသဘောကျပြီးကိုယ့် customer ဖြစ်လာနိုင်တယ်ဆိုတဲ့သဘောပဲ။

နာမည်တစ်လုံးတည်ဆောက်ဖို့
အရေးကြီးတယ်။
Read More »

အပေါ်ယံ relationship တွေနဲ့
deeper level of intimacy ကိုမရဘူး

တချို့သူတွေရဲ့ ငယ်ဘဝဖြတ်သန်းမှုကသူတို့ရဲ့ relationship မှာလွမ်းမိုးမှုရှိတယ်။တချို့က တစ်ယောက်ကို တစ်ရာရာခိုင်နှုန်းယုံပြီးပုံအပ် commit လုပ်ဖို့မသိစိတ်ထဲမှာ ကြောက်နေရတတ်တယ်။နာကျင်မှာ၊ အဆင်မပြေမှာ၊ လွတ်လပ်မှုတွေ ဆုံးရှုံးသွားမှာ။ဒီတော့ အပေါ်ယံ relationship တွေနဲ့deeper level of intimacy ကိုမရဘူး။ဒါက ငယ်ငယ်က နာကြင်မှုTrauma response လို့ဆိုကြတယ်အားတီ၊ အားမေတို့။ ℙ𝕙𝕪𝕠 Paing @ Derek

အပေါ်ယံ relationship တွေနဲ့
deeper level of intimacy ကိုမရဘူး
Read More »

“ငါဘယ်သူ”ဆိုတဲ့ အတ္တကြီးကို
ပြောင်းလဲဖို့ လိုလာတယ်

ငါ ဘယ်သူလဲဆိုတဲ့အရာက သင့်ကို ကန့်သတ်ထားတာပဲ။ လူတွေက စူပါမင်းအင်္ကျီဝတ်လိုက်တဲ့အခါဒါမှမဟုတ် မျက်နှာဖုံးတပ်လိုက်တဲ့အခါဒါမှမဟုတ် online မှာ နာမည်အတုနဲ့ဖြစ်တဲ့အခါသာမာန်နဲ့မတူတော့တဲ့ ကိုယ်ရည်ကိုယ်သွေးအပြုအမူတွေ ထွက်လာတယ်။ လူတစ်ယောက်က online မှာပြုမူတဲ့ပုံနဲ့အပြင်နဲ့ ကွာနေတာကို စိတ်ပညာမှာonline disinhibition effect လို့ခေါ်တယ်။ အင်တာနက်မှာက ကိုယ်ပြောချင်တာကိုအတားအဆီးမရှိ ဖော်ပြလို့ရတဲ့အတွက်အပြင်မှာပြောတာနဲ့ ကွာနေတာမျိုးပေါ့။ ဒါကို အသုံးပြုပြီး The Alter Ego ဆိုတာဖန်တီးလို့ရတယ်။ ဥပမာ ကိုယ်က ဟာသတွေဖန်တီးချင်တယ်။ဒါပေမယ့် ကိုယ့်ရဲ့ခေါင်းထဲကအသံက သာကောရေ မင်းဒီလို လျှောက်မလုပ်နဲ့။ဒါက မင်းပုံစံမဟုတ်ဘူးကွ။ မင်းက စာသင်၊ အကြံပေး၊ စောက်ဆရာကြီးလုပ်နေတာဟ။ ဟင်… ဟုတ်သားပဲ။ အဲ့လို ဖြစ်သွားတတ်တယ်။ Gym တွေဘာတွေသွားတော့လဲ၊ သားကြီးရင် မင်းဘယ်လောက်လုပ်လုပ်ကျမှာလဲ မဟုတ်ဘူး။အလွန်ဆုံးခံ တစ်ပတ်ပေါ့။ ဟင်််……. Gym သွားပင်ပန်း၊

“ငါဘယ်သူ”ဆိုတဲ့ အတ္တကြီးကို
ပြောင်းလဲဖို့ လိုလာတယ်
Read More »

Social psychology နဲ့
Social Neuroscience နဲ့မတူဘူး

လူတွေက တစ်ယောက်တည်းနေတာနဲ့ အများကြားနေတာနဲ့တောင်ပုံစံမတူဘူး။ အိမ်မှာတစ်ယောက်တည်းနေရင်ပြုမူတဲ့ပုံစံတစ်မျိုး။အမျိုးတွေနဲ့ တွေ့ရင်တစ်မျိုး။သူငယ်ချင်းတွေနဲ့တွေ့ရင်တစ်မျိုး။ မင်္ဂလာဆောင်သွားရင်တစ်မျိုး။ Club သွားရင်တစ်မျိုး။ လူတွေဟာ တစ်ယောက်ထဲနေတဲ့အချိန်နဲ့Group အလိုက်နေတဲ့အချိန်ကွာတယ်။ ဒါကြောင့် Social psychology နဲ့ Social Neuroscience နဲ့မဘူဘူး။ Neurobiology မှာက ဦးနှောက်မှာရှိတဲ့motor neuron တွေ၊ mirror neuron နဲ့ frontal, parietal, occipital, temporal lobe ဘယ်လိုအလုပ်လုပ်သလဲ လေ့လာပြီးSocial Psychology က လူတွေက ဘယ်လို အခြေအနေမျိုးမှာ ဘယ်လိုပြုမူတယ်ဆိုတာ social lab ကြီးထဲမှာလေ့လာတာဖြစ်တယ်။ ကမ္ဘာကျော်စမ်းသပ်မှုကြီးဖြစ်တဲ့ Professor Zimbardo ဦဆောင်တဲ့ Stanford Prison Experiment မှာဆို လူတွေဟာ အာဏာကို လိုက်နာမှုobedience နဲ့ group

Social psychology နဲ့
Social Neuroscience နဲ့မတူဘူး
Read More »

စိတ်ပညာမှာ nexting ဆိုတာရှိတယ်။

ဒါပြီး ဘာထပ်ဖြစ်မလဲဆိုတာ အမြဲစဉ်းစားမိနေစေတာမျိုး။ ဒီအချက်ကြောင့် အခုကြုံတွေ့နေရတဲ့အသက်ရှင်မှုအရသာကို မခံစားရတာမျိုးကြုံတတ်ကြတယ်။ တခါတလေ ”ပစ္စုပ္ပန် အရသာ” ကိုသိဖို့ခဏလောက် ကိုယ့်ရဲ့အတွေးတွေကိုဖယ်ပြီး အသက်ရှင်မှုကို ခံစားကြည့်သင့်တယ်။ Phyo Paing @ Derek

စိတ်ပညာမှာ nexting ဆိုတာရှိတယ်။ Read More »

Principles

Billionaire Ray Dalio ရဲ့Principles စာအုပ်ထဲကစာကြောင်းတစ်ကြောင်းကိုအရမ်းသဘောကျတယ်။“လူအများစုဟာဘာသာတရားနဲ့ legal framework တွေ၊ယဥ်ကျေးမှု သတ်မှတ်ချက်တွေရဲ့pre-packaged principles တွေကြားကရုံးမထွက်နိုင်ကြဘူးတဲ့။” ဥပမာ ဒီဘဝမှာ ဒုက္ခရောက်တာအရင်ဘဝက မကောင်းတာလုပ်ခဲ့လို့ဆိုတဲ့guilty ဖြစ်အောင် လုပ်တဲ့ အယူအဆမျိုး။လူသားတွေအားလုံးဟာ အပြစ်ရဲ့သားကောင်ပါဆိုတဲ့ sinner ဆိုတဲ့guilty ဖြစ်အောင်လုပ်ပြီးလူတွေကို religion နဲ့ ထိန်းချုပ်ခဲ့ကြတယ်။ လူသားတွေရဲ့ Psychological safetyပြဿနာကိုဖြေရှင်းပေးဖို့ Religion ဆိုတာပေါ်ပေါက်လာတယ်။ အနောက်တိုင်းကနေ Colony ပြုတော့ပထမဆုံး export လုပ်တာ religion ပဲ။အာသောကမင်းကြီးလက်ထက်မှာBuddhism ကိုပြန့်အောင်လုပ်ခဲ့တယ်။​တရုတ်က သူ့နိုင်ငံနဲ့ ယဥ်ကျေးမှုကိုပြန့်ဖို့ရာConfucius Center ဆိုတာလုပ်တယ်။​Empire တစ်ခု တည်ဆောက်ဖို့philosophy တစ်ခု၊ Belief System တစ်ခုကိုပြန့်အောင်လုပ်ပြီးလူအများလက်ခံဖို့လိုတယ်။ Empire တစ်ခုတည်ဆောက်ဖို့philosophy တစ်ခု၊ ယုံကြည်မှုတစ်ခုကိုပြန့်ပွားအောင် propagade လုပ်တဲ့အခါတချို့ message

Principles Read More »