ဘာများဖြစ်မလဲ?
Jan လ မှာ ကိုယ်လုပ်ခဲ့တဲ့ဂုဏ်အယူဆုံးအရာတစ်ခုဆို ဘာများဖြစ်မလဲ?
ဒီခရီး (ToeTet Insider’s Note) ကို စလာရက်ပေါင်း ၁၈၁ ရက်ရှိပြီ။ပြေးမရရင် လမ်းလျှောက်မယ်။လမ်းလျှောက်သွားမရရင် တွားသွားမယ်။ကိုယ့်ကိုကိုယ် ဂုဏ်ယူတဲ့အလုပ်တွေနေ့စဉ်လုပ်နေဖို့လိုတယ်။နေ့စဉ် စွမ်းပကားကို အကောင်းဆုံးအသုံးချဖို့လိုတယ်။ကိုယ်လုပ်နေတဲ့အလုပ် နယ်ပယ်မှာအကောင်းဆုံးပေးနိုင်တဲ့သူဖြစ်ရမယ်။ဒါကြောင့်လဲ နေ့တိုင်းဘာပဲဖြစ်နေနေ တိုးတက်အောင် လုပ်နေရတယ်။ Phyo Paing @ Derek
ဘာပဲဖြစ်ဖြစ် တိုးတက်အောင်လုပ်။ Read More »
တချို့သူတွေနဲ့ ဖုန်းပြောပြီးသွားတဲ့အခါကိုယ့် energy တွေ စုပ်ယူသွားသလိုဖြစ်ပြီးတော်တော်လေး လေးသွားတဲ့အချိန်တွေလူတိုင်းမှာ တစ်ချိန်မဟုတ် တစ်ချိန် ရှိတတ်ကြတယ်။ အဲ့လူတွေက ကိုယ့်အနီးစပ်ဆုံးလူတွေဖြစ်နေတတ်သလိုငါပဲမှန်တယ်ဆိုတဲ့ အယူအဆကိုဆုပ်ကိုင်ထားပြီး ပြောင်းလဲလိုစိတ်မရှိသူတွေလဲ ဖြစ်နေတတ်ကြတယ်။ကြုံဖူးကြလား? Phyo Paing @ Derek
ကိုယ်သာအတိတ်မေ့သွားခဲ့ပြီးအခုလုပ်နေတဲ့အလုပ်ကိုအစက ပြန်လုပ်ရမယ်ဆိုဘယ်လို စလုပ်မလဲ။Conformity, complacency နဲ့လုပ်နေကျတွေက creativity ရဲ့ရန်သူပဲ။ Phyo Paing @ Derek
ငါလုပ်နေတာမှန်ကောမှန်ရဲ့လားအစားငါလုပ်နေတာ မှန်တယ်ဆိုတာဘယ်လိုသိနိုင်မလဲဆိုတဲ့မေးခွန်းနဲ့ အစားထိုးပါ။ Phyo Paing @ Derek
မေးခွန်းပြောင်းပါ။ Read More »
ကိုယ် စာတကယ်ဖတ်တတ်ရဲ့လား။ လူအများစုက စာဖတ်ကြပေမယ့်စာဖတ်တဲ့ နည်းစနစ်မမှန်ကြဘူး။ ဒါကြောင့် စာတစ်အုပ်ပြီးဖို့ တစ်ပတ်၊ ဆယ်ရက်ကြာတတ်သလို တချို့ဆို ဒီထက်ပိုကြာနိုင်တာတွေ့ရတယ်။ စာအုပ်အမျိုးအစားအများကြီးရှိပြီးဒီမှာတော့ non-fiction တွေအပိုင်းကို အဓိကထားပြောမယ်ဆိုရင် ငယ်ငယ်ကကျောင်းမှာ စာဖတ်နည်းသေချာ မသင်ပေးလိုက်ဘူး။ Elon Musk ငယ်ငယ်က တစ်ရက်ကိုစာနှစ်အုပ်လောက်ဖတ်တတ်တဲ့။ စလုံးထိပ်တန်းတက္ကသိုလ်တစ်ခုမှာကလေးတွေ note-taking လုပ်တဲ့ပုံသူတို့ကို train ထားတဲ့ပုံကြည့်လိုက်ပြီးငါတို့ နောက်နှစ်သုံးဆယ်လဲ မီမှာမဟုတ်ဘူး သိလိုက်တယ်။ စာတစ်အုပ်ဖတ်ရင်တော့ အခြေခံcomprehension လိုတာပေါ့။တရုတ်စာမတတ်ပဲ တရုတ်လို speed-reading ဘယ်လုပ်လို့ရမလဲ။ ဒီ comprehension နားလည်မှုအဆင့်အတွက်စကားလုံးတွေကိုနားလည်ဖို့လိုလာတယ်။ English လိုဖတ်ပြီဆိုရင် နားမလည်တဲ့စကားလုံးတွေကို လိုက်ရှာနေမည့်အစားအသုံးများတဲ့ စကားလုံးနဲ့ phrase သုံးလေးထောင်လောက်ကို တခါတည်းမှတ်လိုက်လို့ရတယ်။စကားလုံးနည်းနည်းမြင့်တာလေးသုံးချင်ရင်Princeton Review Word Smart တို့လို သုံးလို့ရတယ်။ နောက် စကားလုံးမှတ်နည်းကို memory
ဘ၀မှာ လိုချင်တာ၊ ဖြစ်ချင်တာတွေ မြန်မြန်ဆန်ဆန် ထိထိရောက်ရောက်ဖြစ်လာဖို့ “စနစ်” လိုတယ်။ Read More »
✍️အောင်မြင်မှုဆိုတာ (ကိုယ့်ဝန်းကျင်က) လူအများစုလုပ်နိုင်တယ်ထင်တာထက် ပိုလုပ်နိုင်တာ အောင်မြင်မှုဖြစ်တယ်။ ✍️အဖေတို့ခေတ်က (နယ်မြို့မှာ) ဆယ်တန်းအောင်ရင် အောင်မြင်မှုပဲ။ ✍️ကျွန်တော်တို့ခေတ် (အဆောင်မှာ) ဂုဏ်ထူး ငါးခု၊ ခြောက်ခုလောက်ထွက်မှ အောင်မြင်မှုဖြစ်လာတယ်။ 👥(ပတ်ဝန်းကျင်) ပေါ်မူတည်ပြီး အောင်မြင်မှုရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်ကွာသွားတယ်။ ✍️ဝန်ထမ်းဘဝက sales target ထိတာရာထူးတိုးခံရတာဟာ အောင်မြင်မှုပါ။ ✍️သင်တန်းသားတွေ အများကြီးရှိတာTrainer တစ်ယောက်ရဲ့အောင်မြင်မှုလို့သတ်မှတ်ကောင်းသတ်မှတ်လိမ့်မယ်။✍️စျေးကောင်းပေးတဲ့ ကျောက်တစ်လုံးအရောင်းဝယ်ဖြစ်လိုက်တာ ကျောက်သူဌေးရဲ့အောင်မြင်မှုဖြစ်လိမ့်မယ်။ ✍️မယ်ဆုပေးပွဲမှာ ဆုရတာ အလှမယ်ရဲ့အောင်မြင်မှုဖြစ်လိမ့်မယ်။ ✍️ပညာရှင်တစ်ယောက်အတွက် သူ့စာတမ်းကိုထိပ်တန်းပညာရပ် journal မှာဖော်ပြခံရတာဖြစ်မယ်။✍️အသက်အရွယ်ရလာတော့ သားသမီးတွေရဲ့ဆွတ်ခူးနိုင်မှုဟာ သင့်ရဲ့အောင်မြင်မှုဖြစ်လာပြန်ရော။ 🧠ပတ်ဝန်းကျင်သတ်မှတ်တဲ့ အောင်မြင်မှုတွေထဲမှာ သင့်ဘဝမနစ်မြုပ်စေပါနဲ့။ 👀ကိုယ်ဘာကိုဖြစ်ချင်တာလည်း သေချာစဉ်းစားပါ။ (ပတ်ဝန်းကျင်) က သတ်မှတ်တဲ့ အောင်မြင်မှုတွေဟာသင်သွားချင်တဲ့ Next Level ရောက်ဖို့ အတားဆီးတစ်ခုဖြစ်နိုင်ပါတယ်။ Phyo Paing @ Derek
ပတ်ဝန်းကျင်က သတ်မှတ်ထားတဲ့
အောင်မြင်မှုတွေကြား လမ်းမဆုံးစေပါနဲ့။
Read More »
၁. ကိုယ့်ဘဝမှာ အဓိက ကြုံခဲ့တဲ့ ပြဿနာတွေက ဘာတွေလဲ? ၂. ဒီပြဿနာတွေကို ကိုယ်ဘယ်လိုဖြေရှင်းခဲ့သလဲ? ၃. ဒီဖြေရှင်းမှုတွေထဲက ဘယ်အရာတွေကို ထုတ်ကုန်ပစ္စည်း သို့ ဝန်ဆောင်မှုအနေနဲ့ ပြောင်းလို့ရနိုင်သလဲ? ၄. ဒီပြဿနာကို ဘယ်သူတွေ ကြုံတွေ့နေရသလဲ? ၅. လက်ရှိသူတို့ဘယ်လိုဖြေရှင်းနေသလဲ? ၆. သင့် product/service က လက်ရှိဖြေရှင်းချက်တွေထက်ဘာတွေပိုကောင်းသလဲ? ၇. သူတို့အတွက် အရင်လိုတဲ့ ဖြေရှင်းမှုများဖြစ်သလား? ၈. အလားအလာရှိတဲ့ customer တွေ သိအောင်မည်သို့လုပ်ဆောင်မည်နည်း? ၉. ပြိုင်ဖက်တွေ copy ကူးရင် မည်သို့ဖြေရှင်းမည်နည်း? ၁၀. ဖောက်သည်တွေ ဒီကုန်ပစ္စည်းဝယ်ပြီးရင် ဘယ်ကုန်ပစ္စည်းတွေ ထပ်ရောင်းမလဲ? ၁၁. လုပ်ငန်းစဖို့ အဓိက အတားဆီးက ဘာဖြစ်မလဲ? ၁၂. ဒါကို မည်သို့ကျော်ဖြတ်မလဲ? Phyo
လုပ်ငန်းစမယ်ဆို ဒီမေးခွန်း ၁၂ ချက်ကိုဖြေပါ။ Read More »
Q: Facebook Page ဖွင့်ပြီး စရောင်းသင့်သလား? A: ဒီအဆင့်တွေနဲ့သွားပါ။ ၁. Knowလူသိအောင်လုပ်ပါ။ ၂. Likeသဘောကျတဲ့အဆင့် ၃. Trust ယုံကြည်တဲ့အဆင့် ၄. Tryစမ်းကြည့်တဲ့အဆင့် ၅. Buyစတင်ဝယ်ယူတဲ့အဆင့် ၆. Repeat နောက်တစ်ခါ ထပ်ဝယ်ယူတဲ့အဆင့် ၇. Refer တခြားသူတွေကို မိတ်ဆက်ပေးတဲ့အဆင့် Phyo Paing @ Derek
ပုံမှန်ဖောက်သည်ဖြစ်ဖို့ အဆင့်များ Read More »
၁. ဒီနေ့မှာ ရချင်တဲ့ရလဒ်ကဘာလဲ? ၂. ငါဒီနေ့ဘာတွေလုပ်ရမလဲ? ၃. ဒီနေ့ဘာတွေသင်ယူလို့ရလိုက်သလဲ? Phyo Paing @ Derek