selfcare

ကိုယ့်အတွက်ကိုယ်အချိန်ပြန်ပေးဖို့လဲလိုတယ်။

ဘဝမှာ ငါ့အတွက်ငါပဲရှိရင်စိတ်နဲ့ကိုယ်ကို အကောင်းဆုံးအသုံးချရမှာပဲ။ စိတ်အတွက်နေ့စဉ်ပြုစုပျိုးထောင်ဖို့သတိလေးနဲ့နေတာ၊တရားထိုင်တာ၊စာဖတ်လေ့လာသင်ယူမှုပြုလုပ်တာ၊ကိုယ့်အတွေးတွေကိုချရေးတာ၊ကျေးဇူးတင်စိတ်ထားပြီးကောင်းမွန်တဲ့စေတသိတ်တွေနဲ့နေထိုင်တာမျိုးလုပ်ဆောင်လို့ရနိုင်တယ်။ ခန္ဓာကိုယ်အတွေ့ဆိုနေ့စဉ်ကိုယ်လက်လှုပ်ရှား၊ အားကစား၊​အစားအသောက်၊ကောင်းမွန်စွာအိမ်စက်အနားယူတာဒါမျိုးလုပ်ဆောင်လို့ရနိုင်တယ်။ သူအများအတွက်ကြီးပဲဂရုစိုက်နေမိတဲ့သူတွေအတွက်ကိုယ့်အတွက်ကိုယ်အချိန်ပြန်ပေးဖို့လဲလိုတယ်။ Phyo Paing @ Derek

ကိုယ့်အတွက်ကိုယ်အချိန်ပြန်ပေးဖို့လဲလိုတယ်။ Read More »

တစ်ရက်ကို ကိုယ့်အတွက်၂ နာရီ ပေးမယ်ဆို

လေ့ကျင့်ခန်းလုပ်ဖို့ မိနစ် ၃၀၊တရားထိုင် ရေချိုး ၃၀ မိနစ်ဂျာနယ်ရေး၊ ကိုယ့်အသက်မွေးဝမ်းကြောင်းအတွက်လေ့လာ ၁ နာရီ။ တစ်ရက်ကို ကိုယ့်အတွက်၂ နာရီ ပေးမယ်ဆိုကျန်တဲ့ ၂၂ နာရီကအလုပ်၊ အိမ်၊ အစား၊ အပျော်လုပ်လို့ရနိုင်တယ်။ သူများအတွက်ပဲ ဖြစ်နေတဲ့ဘဝမှာကိုယ့်အတွက်ကိုယ် အချိန်ပေးပါ။ Phyo Paing @ Derek

တစ်ရက်ကို ကိုယ့်အတွက်၂ နာရီ ပေးမယ်ဆို Read More »