skill

ကျွမ်းကျင်မှုကို သုံးမျိုးခွဲထားတယ်။

ကိုယ်တစ်ရေးနိုးလုပ်ရင်တောင်လက်တန်းလုပ်ဆောင်နိုင်တဲ့ ကိုယ့်ကိုထမင်းကျွေးတဲ့ တစ်ဖက်ကမ်းခပ်ကျွမ်းကျင်မှု။ ဒုတိယက ခေတ်အခါအရမဖြစ်မနေလိုအပ်လာတဲ့ ကျွမ်းကျင်မှု။ တတိယတစ်ခုက ကိုယ့်ရဲ့မူလတစ်ဖက်ကမ်းခပ်ကျွမ်းကျင်မှုကိုပေါင်းစပ်ပေးနိုင်မည့် နယ်ပယ်အသစ်ကျွမ်းကျင်မှု။ စွမ်းဆောင်ရည်မြင့်ဖို့ အသုံးချစိတ်ပညာ၊ စိတ်ပညာခွဲခြမ်းစိတ်ဖြာမှု psychoanalysis မားကက်တင်းနဲ့ စွန့်ဦးတီထွင်မှုစီးပွားရေးပညာ၊ စာသင်ကြား၊ အကြံပေးခြင်းပညာဒါက ပထမကျွမ်းကျင်မှု။ ခေတ်အခါအရ လူမှုကွန်ယက်အကြောင်း၊အေအိုင်၊ Crypto/ Blockchain နဲ့ Retail investing in USD. တတိယကျွမ်းကျင်မှုအရဆို SaaS ပိုင်း၊ နည်းပညာ team တစ်ခုတည်ဆောက်ဖို့၊Digital Product စီမံခန့်ခွဲဖို့၊ ဘာသာစကားကျွမ်းကျင်မှု၊မတူညီတဲ့နေရာတွေမှာနေထိုင်ကြည့်ပြီးလူတွေရဲ့ စဥ်းစားပြုမူတဲ့အမူအကျင့်လေ့လာမှု။ Phyo Paing @ Derek

ကျွမ်းကျင်မှုကို သုံးမျိုးခွဲထားတယ်။ Read More »

ကိုယ်နဲ့ မထိုက်တန်ရင်
ဘယ်အရာမှ ကြာကြာမခံတတ်ဘူး။

အခွင့်အလမ်းပေးလဲအရည်အချင်းရှိမနေရင်ဖမ်းယူလို့မရဘူး။ကိုယ်နဲ့ မထိုက်တန်ရင် ဘယ်အရာမှ ကြာကြာမခံတတ်ဘူး။နေ့တိုင်း အခွင့်အလမ်းလာရင်ဖမ်းယူနိုင်တဲ့ထိုက်တန်တဲ့ ကျွမ်းကျင်မှုရှိဖို့သင်ယူ လေ့ကျင့်ချိန်တစ်ခုတော့ ပေးဖို့လိုနိုင်တယ်။ Phyo Paing @ Derek

ကိုယ်နဲ့ မထိုက်တန်ရင်
ဘယ်အရာမှ ကြာကြာမခံတတ်ဘူး။
Read More »

ခေတ် + စနစ် + စကေး = နေရာ

တော်တိုင်း နေရာမရဘူး။ ဥာဏ်ကောင်းတိုင်း မချမ်းသာဘူး။ကြိုးစားတိုင်း မအောင်မြင်ဘူး။ ခေတ် + စနစ် + စကေး = နေရာ ကိုယ်လုပ်တဲ့ အလုပ်၊ကိုယ့်ကျွမ်းကျင်မှုက ခေတ်၊ စနစ်နဲ့ မကိုက်ရင်အံဝင်ဂွင်ကျဖြစ်မှာ မဟုတ်ဘူး။ခေတ်၊ စနစ်၊ စကေးကကိုယ်ရောက်နေတဲ့နေရာကိုဖော်ပြတယ်။ အခုခေတ်က ဘာခေတ်လဲ။ နေနေတဲ့နေရာက ဘာစနစ်လဲ။ ကိုယ့်မှာရှိသင့်တာက ဘာစကေးလဲ။ Phyo Paing @ Derek

ခေတ် + စနစ် + စကေး = နေရာ Read More »

အလုပ်တွေ အများကြီးလုပ်တာကောင်းတယ်။

အလုပ်တစ်ခုတည်းမှာတော့ဖင်မြဲဖို့လိုတယ်။ အလုပ်တစ်ခုလုပ်တဲ့ အခါမကျွမ်းကျင်သေးတဲ့အဆင့်၊ကြည့်ကောင်းတဲ့အဆင့်၊ ကျွမ်းကျင်အဆင့်၊ဆရာ့ဆရာ အဆင့် အမျိုးမျိုးရှိတယ်။ တစ်ဆင့်ချင်းတက်ဖို့အတွက်Mastery level ရောက်ဖို့ နေ့တိုင်း လက်သွေး practice လုပ်နေဖို့လိုတယ်။ မားကတ်တင်းအပိုင်ဆိုပါတော့content ကို စာ၊ video ဒါမှ မဟုတ် graphic ပုံဘယ်လိုမျိုးပဲ ဖန်တီးတီးနေ့စဥ် တိုးတက်အောင် နည်းလမ်းရှာ၊လေ့ကျင့်၊ ပြင် နေဖို့လိိုတယ်လို့ထင်တယ်။ နောက် ကြော်ငြာလုပ်တဲ့အလုပ်တစ်ခုနဲ့တောင်သေချာ လုပ်ဆောင်နိုင်ရင်အသက်မွေးဝမ်းကြောင်းကောင်းကောင်းလုပ်လို့ရတယ်။ ဆရာကောင်းရှာ Mentor ရှိပြီဆိုရင်တစ်ဖက်ကမ်းခပ်ကျွမ်းကျင်မှု Mastery ရောက်အောင်နေ့တိုင်းလေ့ကျင့်။ ကိုယ့် mentor ထက် စကေးကြမ်းအောင်လုပ်။ လမ်းပျောက်နေတာ ကိုယ်လိုချင်တဲ့လမ်းကိုမတွေ့သေးတာဖြစ်နိုင်သလို၊ လမ်းတစ်ခုကို ထဲထဲဝင်ဝင် အာရုံမစိုက်သေးတာလဲ ဖြစ်နိုင်တယ်။ Phyo Paing @ Derek

အလုပ်တွေ အများကြီးလုပ်တာကောင်းတယ်။ Read More »