ဘဝရဲ့ operation system
စိတ်အေးချမ်းချင်ရင်ဗုဒ္ဓစကားနားထောင်ပါ။ လူအများစုက ဘဝမှာနေထိုင်မှုဘဝရဲ့ operation systemရေရေရာရာမရှိကြဘူး။ ဗုဒ္ဓက ဘဝကိုဖြတ်သန်းဖို့operation system တစ်ခုပေးခဲ့တယ်။ဒါပေမယ့် အများစုကဒီ operation system ကိုအသုံးမချနိုင်ဘူး။ ဗုဒ္ဓက ဘဝကို မဂ္ဂင်ရှင်းပါးနဲ့ဖြတ်သန်းဖို့နည်းပေးလမ်းပြခဲ့တယ်။ပထမတစ်ပါးကျင့်သုံးနိုင်ရင်ကိုဘဝကြီးက တော်တော်ကောင်းမွန်လာမယ်။ ဒါကတော့ “မှန်ကန်တဲ့အမြင်”။သမ္မာဒိဋ္ဌိ ပဲ။ ငွေရေးကြေးရေးအတွက်မှန်ကန်တဲ့အမြင်မရှိရင်ငွေရေးကြေးရေးအရအမြဲတိုင်ပတ်မယ်။ အချစ်ရေးအတွက်မှန်ကန်တဲ့အမြင်မရှိရင်အချစ်ရေးမှာ အမြဲတိုင်ပတ်မယ်။ လူမှုရေးမှာ မှန်ကန်တဲ့အမြင်မရှိရင်လူမှုရေးမှာ အမြဲတိုင်ပတ်မယ်။ စီးပွါးရေးမှာ မှန်ကန်တဲ့အမြင်မထားနိုင်ရင်စီးပွါးရေးလုပ်တိုင်းတိုင်ပတ်မယ်။ ဘဝမှာ မှန်ကန်တဲ့အမြင်မရှိရင်ဘဝဖြတ်သန်းမှုမှာ အမြဲတိုင်ပတ်မယ်။ သံသရာကလွတ်မြောက်ဖို့မှန်ကန်တဲ့အမြင်လိုသလို၊သံသရာထဲဖြတ်သန်းဖို့လဲမှန်ကန်တဲ့အမြင်လိုတယ်။ Phyo Paing @ Derek
ဘဝရဲ့ operation system Read More »
