time

ဘဝကို ချစ်ရင်
အချိန်ကို နှမြောတတ်ဖို့လိုနိုင်တယ်။

အချိန်ကို ကပ်စေးနည်းပါ။အချိန်က သံသရာဖြတ်သန်းမှုအတွက်လောင်စာပဲ။ အချိန်က ကုသိုလ်လဲဟုတ်တယ်။အချိန်က ပညာလဲဟုတ်တယ်။အချိန်က ဥစ္စာလဲဟုတ်တယ်။ အချိန်ကို အဖိုးတန်စေတာအသိ၊ သတိ နဲ့ သမာဓိ။ဒီသုံးခုကို နိုးကြားစူးရှစေတာစိတ်ဓာတ်၊ စည်းကမ်း၊ ပညာ။ တချို့က အချိန်ရှိတယ်။အချိန်ရဲ့တန်ဖိုးကိုနားလည်တဲ့အသိမရှိဘူး။တချို့က အချိန်ရှိတယ်။စိတ်နဲ့ကိုယ်မကပ် သတိမရှိဘူး။တချို့က အချိန်ရှိတယ်။အကြောင်းအရာတစ်ခုကိုအချိန်အကြာကြီး စူးစိုက်မှု မပြုနိုင်ဘူး။ အချိန်က ဘဝလဲဟုတ်တယ်။အချိန်က ရထားလဲဟုတ်တယ်။အချိန်က အရင်းအမြစ်လဲဟုတ်တယ်။အချိန်က အရာရာပဲ။ ဘဝကို ချစ်ရင်အချိန်ကို နှမြောတတ်ဖို့လိုနိုင်တယ်။ Phyo Paing @ Derek

ဘဝကို ချစ်ရင်
အချိန်ကို နှမြောတတ်ဖို့လိုနိုင်တယ်။
Read More »

အချိန်မဖြုန်းနဲ့။

အချိန်မဖြုန်းပဲ အကောင်းဆုံးဘဝတည်ဆောက်ရေးအသုံးပြုခဲ့လို့ နောင်တရတယ်ဆိုတာ မရှိဖူးသေးဘူး။ဒါကြောင့် အချိန်မဖြုန်းနဲ့။ကိုယ့်ကိုကိုယ် သတိပေးဖြစ်တယ်။ Phyo Paing @ Derek

အချိန်မဖြုန်းနဲ့။ Read More »

အချိန်က သိမ်းထားလို့မရဘူး။
ပြောင်းလို့ပဲရတယ်။

အချိန်ဖြုန်းနေတဲ့သူအများစုကအမြဲငယ်နေမယ်ထင်တတ်ကြတယ်။အမြဲတမ်း ကျန်းမာနေမယ်ထင်တတ်တယ်။အမြဲတမ်းအချိန်ရှိနေမယ်ထင်တတ်ကြတယ်။ အချိန်က သိမ်းထားလို့မရဘူး။ပြောင်းလို့ပဲရတယ်။ ဘယ်တန်ဖိုးရှိတဲ့အရာအနေနဲ့ပြောင်းမလဲ။ Phyo Paing @ Derek

အချိန်က သိမ်းထားလို့မရဘူး။
ပြောင်းလို့ပဲရတယ်။
Read More »

စီမံခန့်ခွဲမှုလိုတယ်။

ပညာနဲ့ ပိုက်ဆံ အနည်းဆုံးတစ်ခုခုတော့အများကြီးလိုတယ်။ပညာနဲ့ ပိုက်ဆံရှာလို့ရသလိုပိုက်ဆံနဲ့ ပညာရှာပြီးပိုတိုးတက်ကြီးပွါးအောင်လုပ်လို့ရတယ်။ ဒါတွေလုပ်ဖို့စွမ်းအင် (အင်နာဂျီ)၊ ကျန်းမာရေး၊အချိန်၊ စိတ်အာရုံစီမံခန့်ခွဲမှုလိုတယ်။ Phyo Paing @ Derek

စီမံခန့်ခွဲမှုလိုတယ်။ Read More »

အချိန်က အရှားပါးဆုံး အရင်းအနှီးပဲ။

အသက်ကြီးလာတာနဲ့မျှဦးနှောက်က တွက်ချက်တတ်လာတယ်။ ပေးရတာနဲ့ ပြန်ရတာမတန်တဲ့ အလုပ် မလုပ်ဖြစ်တော့ဘူး။ နည်းနည်းလုပ် များများရတဲ့highly leveraged activities တွေကိုပဲအဓိက ထားလုပ်တော့တယ်။ ကိုယ်အချိန်ပေးသင့်တဲ့သူတွေကိုပဲအချိန်ပေးဖြစ်လာတယ်။ highly selective ဖြစ်လာတယ်။ ဘာကြောင့်လဲဆို လူတစ်ယောက်အတွက်အချိန်က အရှားပါးဆုံး အရင်းအနှီးပဲ။ အချိန်လို့ပြောလိုက်တဲ့အခါအာရုံကလဲ နောက်ကလိုက်လာတယ်။ အချိန်ရှိပြီး အာရုံမစိုက်နိုင်စိတ်တွေဗျာများနေရင်လဲအကောင်းဆုံးမတွေးနိုင်၊မဖန်တီးနိုင်၊ကိုယ့်အချိန်ကို အကောင်းဆုံးအသုံးမချနိုင်ဘူး။ ဒါကြောင့် ဗုဒ္ဓက သမ္မာသတိ မှန်သော အောက်မေ့ နှလုံးသွင်းမှုနဲ့သမ္မာသမာဓိ မှန်သော တည်ကြည် စူးစိုက်မှုရှိဖို့မဂ္ဂင်ရှစ်ပါးမှာ ကျွန်တော်တို့ နေ့စဥ်ဘဝမှာကျင့်သုံးဖို့ဟောကြားခဲ့တယ်။ အသက်ရှင်ဖို့ အဓိပ္ပာယ်ရှိတဲ့ဘဝလေးဖြစ်ရမယ်။တန်ဖိုးရှိတဲ့သူ တစ်ယောက်ဖြစ်ရမယ်။ Phyo Paing @ Derek

အချိန်က အရှားပါးဆုံး အရင်းအနှီးပဲ။ Read More »

အချိန်ကုန်တာမြန်တယ်။

ပျော်ရင်အချိန်ကုန်တာမြန်တယ်။စိတ်ညစ်ရင် အချိန်ကုန်တာနှေးတယ်။ဝမ်းသာရင် ခဏလို့ထင်ရပြီးအထီးကျန်ရင် တစ်ဘဝလို့ထင်ရတတ်တယ်။ Phyo Paing @ Derek

အချိန်ကုန်တာမြန်တယ်။ Read More »

ပြန်မရနိုင်တာ အချိန်ပဲ။

နေ့ရက်တိုင်းက ကိုယ့်ဘဝကိုအပြောင်းအလဲအကြီးအကျယ်ဖြစ်သွားစေနိုင်တယ်။ ဒီလို အပြောင်းအလဲဖြစ်ဖို့ နေ့တိုင်း ကိုယ့်ရဲ့အသိပညာ၊ကျွမ်းကျင်မှု၊ တွေးခေါ်နိုင်မှု၊ဘာသာစကား၊ပေါင်းသင်းဆက်ဆံပြောဆိုနိုင်စွမ်းကိုလေ့ကျင့်ပျိုးထောင်ထားရင်အပြောင်းအလဲဖြစ်ဖို့ ၁။ လူတစ်ယောက်နဲ့တွေ့ဖို့၂။ အကြံဥာဏ်သစ်တစ်ခုရဖို့၃။ ပတ်ဝန်းကျင်အသစ်တစ်ခုရောက်ဖို့၄။ ပလက်ဖောင်းတစ်ခုတွေ့ဖို့ပဲလိုတယ်။ နေ့ရက်တိုင်း ကိုယ့်ဘဝအကြီးအကျယ် အပြောင်းအလဲဖြစ်သွားနိုင်တယ်။ တစ်လဝင်ငွေက တချိန် တစ်နာရီဝင်ငွေလဲဖြစ်သွားနိုင်တယ်။ ပြန်မရနိုင်တာ အချိန်ပဲ။ Phyo Paing @ Derek

ပြန်မရနိုင်တာ အချိန်ပဲ။ Read More »

ဒီနေ့၊ ပစ္စုပ္ပန်ကို တန်ဖိုးထားတတ်ဖို့လိုနိုင်တယ်။

တချို့အရာတွေက ဆုံးရှုံးမှ တန်ဖိုးထားရကောင်းမှန်သိတတ်ကြတယ်။ ဒီနေ့ အသက်ဝဝရှူလို့ရနေတာ၊ နားမကျန်မဖြစ်ပဲ ကျန်းကျန်းမာမာနေနေနိုင်တာ၊ ငယ်ရွယ်နုပျိုမှု၊ ရှိနေတဲ့အချိန်ဒါတွေက ဆုံးရှုံးပြီးမှ နောက်တရတတ်ကြတယ်။ နေ့ရက်တိုင်းက တန်ဖိုးထားစရာပဲ။ ဘဝကို နှမျောရင် အချိန်ကို တန်ဖိုးထားဖို့လိုနိုင်တယ်။ဘယ်လောက်ပဲ ချမ်းသာသာသတ်မှတ်တဲ့ အချိန်ပြည့်ရင်အကုန်ထားခဲ့ရမှာ။ ဒီနေ့၊ ပစ္စုပ္ပန်ကို တန်ဖိုးထားတတ်ဖို့လိုနိုင်တယ်။ Phyo Paing @ Derek

ဒီနေ့၊ ပစ္စုပ္ပန်ကို တန်ဖိုးထားတတ်ဖို့လိုနိုင်တယ်။
Read More »

လူတိုင်းအတွက် အချိန်တိုင်းမအားပါနဲ့။

လိုချင်အောင်လုပ်ပြီးအလွယ်တကူမရအောင်လုပ်တာLuxury Brand တွေရဲ့ အထာပဲ။စားသောက်ဆိုင်ဆိုလဲ ၂၄ နာရီဖွင့်မထားသလို ကြိုတင် booking ယူရတာမျိုး။ အိတ်ဆိုလဲ ကန့်သတ်ထုတ်တဲ့limited edition လိုမျိုး။ ဆက်ဆံပုံမတူ လူရင်း၊ လူဟောင်းဦးစားပေးဆက်ဆံတာမျိုး။ ပေးတိုင်းပြန်မရပါဘူး။ သက်ရောက်မှုတိုင်းက နေရာ၊ လူ၊ အချိန်မတူရင်တန်ပြန်မှုကလဲ မတူပါဘူး။ စေတနာပေးတိုင်း စေတနာ ပြန်မရတတ်ပါဘူး။ တခါတလေ ဝေဒနာပါဖြစ်တတ်တယ်။ ဒီစာလေးကို ဖတ်နေတဲ့သူက တန်ဖိုးမြင့်အမှတ်တံဆိပ်ပဲ။ ဒီနေ့လို အချိန်မှာလူတိုင်းအတွက် အချိန်တိုင်းမအားပါနဲ့။ Phyo Paing @ Derek

လူတိုင်းအတွက် အချိန်တိုင်းမအားပါနဲ့။ Read More »