အလုပ်ကတစ်သက်လုံးလုပ်လို့ရတယ်။
အလုပ်က တစ်သက်လုံးဖြစ်မနေဘူး။
အလုပ်ဖြစ်တာကိုလိုက်ရှာတာကအလုပ်ကြိုးစားတာထက်ပိုခက်တတ်တယ်။ အလုပ်ဖြစ်တယ်ဆိုတာကနည်းနည်းလုပ်လိုက်ပြီးများများပြန်ရတာကိုဆိုတာ။ဥပမာ ၁ ဆအားထည့်ပြီး၁၀ ဆ၊ အဆ ၁၀၀ ပြန်ရတာမျိုး။ ဒီလိုနည်းနည်းလုပ်များများရတာကိုleverage လို့အသုံးပြုပါတယ်။ ကိုယ်တွေလို ကိုယ့်ဘဝကိုယ်တည်ဆောက်ရသူတွေအတွက်ဒီ leverage က အရေးကြီးတယ်။ ဘာကြောင့်လဲဆိုတော့ခုန်ပျံကျော်လွှားမှမကြီးရင်အချိန်အများကြီးမရှိဘူး။ ဥပမာအနေနဲ့ပြောရရင်၂၀၁၄ ကာလကနေ၂၀၂၀ လောက်ထိကကြော်ငြာ Facebook Ads တွေနည်းနည်းကြော်ငြာများများရတဲ့ကာလ။ ၂၀၁၇ Live ကာလ။၂၀၁၈ နှောင်းပိုင်းမှာcontent ဖန်တီးတာတွေကလူမှုကွန်ယက်သုံးdigital leverage လုပ်လို့ရတဲ့ကာလ။ ဒါက ဒီဂျစ်တယ်မားကတ်တင်းပိုင်းမှာ။ ဘဝမှာ အဲ့လိုနည်းနည်းလုပ် များများရကာလတွေရှိတယ်။ဒီနေ့ခေတ်ကတော့ အေအိုင်ဆိုပါတော့။ ဂုဏ်ထူးထွက်ဖို့ စာများများကျက်စရာမလိုဘူး။အလုပ်ဖြစ်တဲ့ မေးနိုင်တဲ့စာကိုဖတ်မှတ်လေ့လာနိုင်ဖို့ပဲလိုတယ်။ ဘဝမှာလဲ အများကြီးကျွမ်းကျင်စရာမလိုဘူး။အလုပ်ဖြစ်တာကို ကျွမ်းကျင်ရင်ရပြီ။ စာဖတ်တယ်ဆိုတာအလွယ်လမ်းနဲ့ ဘယ်အရာကိုယ့်အတွက် အလုပ်ဖြစ်သလဲလိုက်ရှာတာပဲ။ အဲ့ထက်မြန်တဲ့နည်းသိပ်မတွေ့ဖူးသေးဘူး။ လူတစ်ယောက်ရဲ့အတွေးရဲ့အရည်အသွေးကလူတစ်ယောက်ဘဝရဲ့ အရည်အသွေးပဲ။ ခရီးသွား၊ လူသစ်တွေ့၊စာဖတ်၊ စမ်းကြည့်၊ လေ့လာ။အလုပ်ဖြစ်တာတွေ့ရင်ဝုန်းသာဝုန်း။ အလုပ်ကတစ်သက်လုံးလုပ်လို့ရတယ်။အလုပ်က တစ်သက်လုံးဖြစ်မနေဘူး။ Phyo Paing […]
အလုပ်ကတစ်သက်လုံးလုပ်လို့ရတယ်။
အလုပ်က တစ်သက်လုံးဖြစ်မနေဘူး။ Read More »