Work + Study = Solution
အိမ်က ငွေကြေးမတတ်နိုင်တဲ့လူငယ်တွေအတွက်ကWork + Study ဒီနှစ်ခုကိုစဥ်းစားရမှာဖြစ်ပြီးကျောင်းပြီးတာနဲ့အလုပ်ရှာလို့လွယ်ပြီးအမြဲတမ်းနေထိုင်ခွင့်ရနိုင်တဲ့နေရာမျိုးကို စဥ်းစားရမှာဆိုပိုမှန်လိမ့်မယ်။ ဒီလိုလုပ်ဖို့ ကျွန်တော်ရောက်ဖူးတဲ့နေရာတွေကို ကြည့်မယ်ဆိုရင်အများစုက ဂျပန်၊ ကနေဒါ၊အမေရိကား၊ နယူးဇီလန် နိုင်ငံကြီးရှိမယ်။တခြားနိုင်ငံတွေထဲမှာထိုင်ဝမ်ဆို လူသိမများပဲအလုပ်ဝင်ငွေ အများကြီးမဟုတ်ပေမယ့်မဆိုးတဲ့နိုင်ငံတစ်ခုဖြစ်တယ်။ထိုင်းမှာကတော့ ကျောင်းပြီးအလုပ်ဝင်မယ်ဆိုရင်တော့ထိုင်းစကားပါသင်ထားမှ အဆင်ပြေနိုင်မယ်။ မလေးက ပညာရေးစျေးမကြီးပဲ ကွာလတီကောင်းတဲ့ ပညာရေးတော့ရတယ်။ ကျောင်းပြီး အလုပ်ရှာတဲ့အခါတော့ နည်းနည်း challenging ဖြစ်နိုင်တယ်။ သူကလဲ ထည့်စဥ်းစားထားလို့ရတယ်။ နေထိုင်မှု ကုန်ကျစရိတ်က သိပ်မများဘူး။ ထိုင်းထက်တောင်နည်းသေးတယ်။ ဒီလိုကျောင်းသွားတက်ဖို့အတွက် အချိန်တစ်ခုတော့ပေးရတတ်တယ်။ ၃ – ၆ လ လောက်တော့ အနည်းဆုံးပြင်ဆင်သင့်တယ်လို့မြင်တယ်။
Work + Study = Solution Read More »