ကျွန်တော်က မြန်မာပြည်ဖွား
တရုတ်လူမျိုး တတိယမျိုးဆက်ပဲ။
ဒါပေမယ့် ကိုယ်မွေးခဲ့တဲ့မြေက
ကိုယ့်အိမ်လို့ပဲ ခံယူသလို
ကိုယ်ရှိနေတဲ့အတွက်
ဒီနေရာကို တစ်ခုခုပြန်အကျိုးပြုရမယ်လို့
ခံယူထားတယ်။
ထမင်းစားဖို့အတွက် ပိုက်ဆံရှာရတယ်။
ဒါပေမယ့် ကိုယ့်ကြောင့်လူတွေ
အပြောင်းအလဲ တစ်ခုဖြစ်ရမယ်လို့
ခံယူထားတယ်။
ကိုယ်ကူညီနိုင်တာ ကိုယ်လေ့လာထားတာ
ကိုယ့်ဘဝဖြတ်သန်းမှုတွေကို
တချိန် ကိုယ်သေသွားရင်လဲ
တခြားသူတွေကို အကျိုးဆက်ပြုနေအောင်
နေ့စဥ် content တွေဖန်တီးတာပါ။
ဆယ်စုနှစ်တစ်ခု ရေးခဲ့တဲ့
ဘဝဖြတ်သန်းမှု မှတ်စုကြမ်းကို
www.drphyopaing.com မှာ
အကုန်တင်ထားတယ်။
နေ့စဥ် တစ်ရက်တစ်အုပ်ဖတ်ပြီး
video note ထုတ်ထားတာကိုတော့
Insider note
https://toetet.com/insidernote/ မှာ
တင်ထားတယ်။
This is my life work ပဲ။
ကိုယ်ကတော့ ကိုယ့်ရဲ့
ဖြစ်တည်မှုအတွက် ဂုဏ်ယူတယ်။
မနက်ထတိုင်း ကိုယ့်ကိုကိုယ်
ပြန်မေးတယ်။
ငါဒီနေ့သေသွားရင်
ကိုယ်နေထိုင်ခဲ့တဲ့ နေရာကို
အမြတ်ပိုထုတ်ခဲ့သလား၊
အကျိုးပိုပြုခဲ့သလား။
Phyo Paing @ Derek