Mainstream media က လူတွေကို
ဦးနှောက်ဆေးထားတာတွေရှိတယ်။
နောက်ပြီး အစားသောက် ကော်ပရေးရှင်းတွေက
လူတွေရဲ့ craving ဖြစ်အောင်
သကြားဓာတ်ကျွေးပြီးထိန်းထားတယ်။
ဒါကြောင့် regulations အရ
US မှာတော့ စားတဲ့အစားအစာထဲမှာ
ဘယ်လောက် ကယ်လိုလီပါပဲ
McDonald Menu တွေဘေးတွေ့ဖူးတယ်။
တခြားနေရာတွေတော့ မတွေ့ဖူးဘူး။
သတင်းတိုင်းကို ယုံလို့မရဘူး။
ဥပမာ တစ်ရက် အစာသုံးနှပ်စားရမယ်။
မစားရင် အစာအိမ်ဖြစ်မယ်ဆိုတာမျိုး။
1973 မှာ တင်သွင်းခဲ့တဲ့
Amos Tversky and Daniel Kahneman ရဲ့
“Availability Heuristic” အရ လူတွေက
စဉ်းစားမှုမလုပ်ကြပဲ mental shortcut
လုပ်လာကြတယ်။
Prospect theory နဲ့ နိုဘယ်ဆုရ ထားတဲ့
Professor Daniel Kahneman ရဲ့
မေးခွန်းလေး က လူတွေစဉ်းစားရ
ဘယ်လောက်ပျင်းလဲဆိုတာ သက်သေပြနေတယ်။
ဒီမေးခွန်းလေးဖြေကြည့်ကြည့်။
Tennis Bag နဲ့ Tennis Ball နှစ်ခုကို 11000 ကျပ်ကျတယ်။
Tennis Bag က Tennis Ball ထက် 10000 ပိုကျတယ်။
Tennis Ball 🎾 တစ်ခု ဘယ်လောက်ကျမလဲ။
1000 ကျတာပေါ့။
ကလေးမေးတောင်သိတယ်လို့ ဖြေလိမ့်မယ်။
အဲ့မှာ စလွဲတာပဲ။
စဉ်းစားကြည့်
Bat + ball = 11000 MMK
Bat = 11000 MMK – Ball
(Bat သည် Ball ထက် 10000 MMK ပိုများသောကြောင့်
Bat = 10000 MMK + Ball လို့အစားထိုးမယ်။)
10000 MMK + Ball = 11000 MMK – Ball
2 Balls = 1000 MMK
Ball = 500 MMK
အဖြေက ၅၀၀ ကျပ်ဖြစ်ရမှာ။
ကျွန်တော်တို့ ကျောင်းတွေမှာ ငယ်ကတည်းက
စဉ်းစားတတ်အောင် သင်မပေးလိုက်ဘူး။
ဒါကြောင့် လူအများစုက Emotional ပေါ်မူတည်ပြီး
Perception အရ automatic ဆုံးဖြတ်ကြတယ်။
တချို့ကိစ္စတွေက ဟုတ်မဟုတ်
သေချာစဉ်းစား ဆုံးဖြတ်တတ်ဖို့လိုတယ်။
Phyo Paing @ Derek