Future

ကိုယ့်ရဲ့အဖြေကိုယ်ပဲသိတယ်။
ကိုယ့်ရွေးချယ်မှု။

နောက် ၁၀ နှစ်အတွင်း အခုဝင်ငွေနဲ့ ပိုင်ဆိုင်မှု ၂ ဆ ဒါမှမဟုတ်၁၀ ဆ နဲ့ အဆ ၁၀၀ မကတိုးတက်ပြောင်းလဲဖို့ ကိုယ်တစ်ဆင့်ချင်းလုပ်ရမလဲ။ ဒီအတိုင်းပဲ ဆက်သွားနေရင်တိုးတက်မလား။ ဘာတွေကိုရပ်ရမလဲ။ ဘာတွေကို ဆက်လုပ်ရမလဲ။ ဘာတွေကို ပိုလုပ်ရမလဲ။ ဘာတွေကို စမ်းသပ်ရမလဲ။ ဘယ်လိုနေရာတွေသွားရမလဲ။ဘယ်သူတွေနဲ့ တွေ့ရမလဲ။ဘာလိုတွေးခေါ်ကြံဆအိုင်ဒီယာတွေရှိရမလဲ။ တစ်ရက်တစ်ရက်ဘာတွေကို မဖြစ်မနေလုပ်ဖို့လိုမလဲ။ ကိုယ့်ကိုကိုယ် နေ့စဉ်မေးတဲ့မေးခွန်းတွေ။ ကိုယ့်ရဲ့အဖြေကိုယ်ပဲသိတယ်။ကိုယ့်ရွေးချယ်မှု။ Phyo Paing @ Derek

ကိုယ့်ရဲ့အဖြေကိုယ်ပဲသိတယ်။
ကိုယ့်ရွေးချယ်မှု။
Read More »

အနာဂတ်ရှိတဲ့အလုပ်ကိုလုပ်။
နေသလိုဖြစ်တဲ့ဘဝမှာ
ဖြစ်သလိုမနေနဲ့။

၂၄ နာရီတစ်ရက်မှာ၈ နာရီအိပ်၈ နာရီအလုပ်လုပ်၄ နာရီဝေယျာဝိစ္စလုပ် လမ်းသွားလမ်းလာကုန်၄ နာရီပဲ ထပ်အချိန်ပိုရမယ်။ ဒါကြာင့်အကောင်းဆုံး Life hack ကကိုယ်လုပ်တဲ့အလုပ်ကိုရွေးချယ်ခြင်းပဲ။ ကိုယ်လဲတော်လာမယ်၊အလုပ်လုပ်ရင်း ပျော်နေမယ်၊ဝင်ငွေတိုးပွါးမယ်၊ကုသိုလ်ရတဲ့ ပေးဆပ်မှုတစ်ခုလဲဖြစ်မယ်။ တော်၊ ပျော်၊ ပွါး၊ ပေးဖြစ်မယ်။ ပိုက်ဆံရှာ၊ပြီးရင် ကိုယ်ချစ်မြတ်နိုးငွေရပြီးအနာဂတ်ရှိတဲ့အလုပ်ကိုလုပ်။နေသလိုဖြစ်တဲ့ဘဝမှာဖြစ်သလိုမနေနဲ့။ Phyo Paing @ Derek

အနာဂတ်ရှိတဲ့အလုပ်ကိုလုပ်။
နေသလိုဖြစ်တဲ့ဘဝမှာ
ဖြစ်သလိုမနေနဲ့။
Read More »

အနာဂတ်အတွက် အရေးကြီးတာပြန်လုပ်နိုင်မယ်။

အရေးမကြီးသေးတဲ့အချိန်အရေးကြီးတာတွေလုပ်ထားမှအရေးကြီးတဲ့အချိန်အနာဂတ်အတွက် အရေးကြီးတာပြန်လုပ်နိုင်မယ်။ Phyo Paing @ Derek

အနာဂတ်အတွက် အရေးကြီးတာပြန်လုပ်နိုင်မယ်။ Read More »

အနာဂတ်အတွက်ကြိုတင်ပြင်ဖို့လိုတယ်။

ဘဝတွေ ဘာကြောင့် ကွာသွားတာလဲ။ အကြောင်းကတော့ တစ်ခုပဲအနာဂတ်အတွက် ကြိုတင်ပြင်ဆင်ပုံ မတူလို့ပဲ။ တရုတ်တွေ ဆိုကြတယ်။ “人无远虑,必有近忧。” ဝေးတဲ့နေ့တွေအတွက် မစဉ်းစားဘဲနေရင်နီးတဲ့ပြဿနာတွေ မုချ ရောက်လာမည်။ ကွန်ဖြူးရှပ် ၂၅၀၀ နှစ်ကြာ ပြောခဲ့တာ။ဒီနေ့ထိ မပြောင်းသေးဘူး။ စီးပွားရေးသုတေသနလေ့လာချက်တစ်ခုအရကုမ္ပဏီတွေ ဘာကြောင့် ပျက်ကွက်တာလဲ စစ်ဆေးတဲ့အခါ အများစုက ငွေကြေးကြောင့် မဟုတ်ဘူး။အစွမ်းမရှိလို့ မဟုတ်ဘူး။ ရေတိုဖိအားကြောင့်ရေရှည်စီမံကိန်းကိုလမ်းခုလတ်မှာပဲ စွန့်လွှတ်လိုက်တာကြောင့်ပဲ။ ဒါ အသိပညာ ပြဿနာ မဟုတ်ဘူး။ဒါ ဦးစားပေးမှု ပြဿနာ။ နေ့စားသမား ဒီလ လုံလောက်ရင် ပြီးတယ်။နောက်လ ရောက်မှ နောက်လ စဉ်းစားမယ်။ ဖြစ်လာမှ တုံ့ပြန်တယ်။ပြင်ဆင်တာ မဟုတ်ဘဲ ကယ်ဆယ်နေတာ။ ဘဝကို လက်ခံနေတာ —ဘဝကို ဦးဆောင်နေတာ မဟုတ်ဘူး။ မန်နေဂျာ သုံးလ၊ တစ်နှစ်အတွက် စီမံကိန်းဆွဲတယ်။ရည်မှန်းချက်ပြည့်အောင်

အနာဂတ်အတွက်ကြိုတင်ပြင်ဖို့လိုတယ်။ Read More »

Begin with the End in Mind ဆိုတာအနာဂတ်ကို ကြိုပြီး ဘဝထဲ ထည့်လိုက်တာပါ။

ဘဝ နဲ့ပတ်သက်ရင် လူအများစုကဘာမှ မစဉ်းစားဘဲပေးတဲ့ လမ်းကိုပဲ လိုက်သွားတယ်။ ကျောင်းပြီးရင် အလုပ်ရှာ။အလုပ်ရရင် လုပ်ငန်းလုပ်။လုပ်ငန်းလုပ်ရင်း ကြီးသွားတယ်။ ဒါပေမဲ့ ဘယ်ကို သွားနေမှန်း မသိဘဲ။ Stephen Covey (စတီဖင် ကိုဗေး) က ပြောခဲ့တယ်။“Begin with the End in Mind (အဆုံးကိုအမြင်ကနေ စပါ)” ဆိုလိုတာ က —ဒီနေ့ ဘာလုပ်မလဲ မမေးခင်ကိုယ် တစ်နေ့ ဘယ်လို ဆုံးချင်သလဲ မေးပါ။ ကိုယ် သေတဲ့နေ့မှာဘယ်သူတွေ ကိုယ့်ကို မှတ်မိစေချင်သလဲ။ဘာကိုကြောင့် မှတ်မိစေချင်သလဲ။ ဒါကို အရင် သိမှဒီနေ့ ဘာလုပ်ရမလဲ ရှင်းလာတယ်။ ဥပမာ —လူတစ်ယောက် အသက် ၈၀ ပြည့်တဲ့နေ့မှာဘဝကို ပြန်ကြည့်တယ်။ “ငါ ဘာတွေ ဖန်တီးခဲ့လဲ”“ဘာတွေ

Begin with the End in Mind ဆိုတာအနာဂတ်ကို ကြိုပြီး ဘဝထဲ ထည့်လိုက်တာပါ။ Read More »

အနာဂတ်က ဒီနေ့ ကိုယ့်လက်ထဲ ရှိတယ်ဒီနေ့ ဘာလုပ်မလဲ

အနာဂတ် လူတိုင်း စဉ်းစားတယ်လူတိုင်း ကြောက်တယ်လူတိုင်း plan ချတယ် ဒါပေမဲ့ plan ချတဲ့ လူ ၁၀ ယောက်ထဲတကယ် အနာဂတ် ပြောင်းသွားတဲ့သူ ၁ ယောက်ပဲ ကျန် ၉ ယောက် ဘာဖြစ်သွားလဲ plan ချတယ်ကြောက်တယ်ရွှေ့တယ်မေ့တယ်ပြန်ချတယ်ပြန်ကြောက်တယ်ပြန်ရွှေ့တယ် Loop ကိုယ်လည်း ဒီ loop ထဲ ရှိနေလား ရိုးသားစွာ ဝန်ခံပါ ပြီးခဲ့တဲ့ နှစ်ဆန်း ကိုယ် ဘာ plan ချခဲ့လဲဘယ်နှစ်ခု ပြီးလဲ အများစု မပြီးဘူးဒါ ကိုယ် ပျင်းလို့ မဟုတ်ဘူးဒါ ကိုယ့် စဉ်းစားပုံ မှားလို့ အနာဂတ်ကို စဉ်းစားပုံ ၃ မျိုး ရှိတယ် — ပထမ — အိမ်မက်သမား —

အနာဂတ်က ဒီနေ့ ကိုယ့်လက်ထဲ ရှိတယ်ဒီနေ့ ဘာလုပ်မလဲ Read More »

မျက်စိလေးမှိတ်ပြီး ကိုယ့်ဘဝမှာ ဖြစ်ချင်ပြီးမဖြစ်သေးတဲ့အရာတစ်ကိုစဉ်းစားကြည့်ကြည့်။ အဲ့ဒီအရာကို ပုံရိပ်အနေနဲ့ပုံဖော်ကြည့်၊ သူနဲ့တွဲစပ်နေတဲ့ခံစားချက်ကို ကြည့်ကြည့်။ ဘာတွေမြင်လဲ၊ဘာတွေကြားလဲ၊ဘယ်လိုခံစားရသလဲ။ ဒီလိုပုံရိပ်တွေ၊ ခံစားချက်တွေကို အမြဲတွေးပေးတာက ကိုယ့်ဦးနှောက်ကိုလေ့ကျင့်ပေးတာပဲ။ ဒါကို visualization ပုံရိပ်ဖော်ခြင်းလို့ခေါ်တယ်။ အားကစားမှာလဲ စိတ်ပိုင်းဆိုင်ရာrehearsal လေ့ကျင့်မှုပြုလုပ်ခြင်းကစွမ်းဆောင်ရည်တိုးတက်စေတာကိုတွေ့ရတယ်။ Neuroscience အာရုံကြောသိပ္ပံအရNeural overlap လို့လဲခေါ်တယ်။ တကယ်လုပ်ဆောင်တာနဲ့စိတ်ကူးပုံဖော်တာနဲ့က တူညီတဲ့ဦးနှောက်အစိတ်အပိုင်းကိုသွားလှုံ့ဆော်တယ်။ စိတ်ကျရောဂါဖြစ်ရင်လဲ Cognitive Behavioral Therapy (CBT) မှာစိတ်ညစ်စေတဲ့ပုံရိပ်ကို ပိုခွန်အားဖြစ်စေတဲ့ပုံရိပ်အနေနဲ့ပြောင်းတဲ့Imagery rescripting နည်းစနစ်နဲ့လဲအသုံးပြုတယ်။ ဘဝမှာ ဦးနှောက်ကို အလေ့အကျင့်လုပ်နိုင်ရင်ဘဝကို အကြီးအကျယ်အပြောင်းအလဲလုပ်လို့ရတယ်။ တရားထိုင်တာ၊ အားရုံစူးစိုက်မှုကောင်းအောင်လုပ်တာ၊အနာဂတ်အတွက် စိတ်ကူးပုံဖော်တာ၊ ဒါတွေက ဘဝပြောင်းလဲရေးမှာ အရေးကြီးတယ်။ ကိုယ်ဖြစ်ချင်တဲ့အနာဂတ်ပုံရိပ်တွေကို ပုံဖော်စိတ်ကူးခံစားကြည့်တာကလေ့ကျင့်မှုပြုလုပ်တာပဲ။ Phyo Paing @ Derek

Read More »

အရာရာက အပေးအယူပဲ။
ကုသိုလ်၊ ဥစ္စာ၊ ပညာအပါပေါ့။

ကိုယ့်ကို ဒီနေ့ကောအနာဂတ်မှာပါ အကျိုးမပြုနိုင်တဲ့လူတွေ၊ အကြောင်းအရာနဲ့ အလုပ်ကြောင့်စိတ်ဆင်းရဲမခံပါနဲ့။ မတန်တာကို မလုပ်နဲ့။ ကိုယ့်အချိန်နဲ့ အာရုံပေးဖို့မတန်တဲ့အရာတွေမှာအားကုန်မခံနဲ့။အရေးမပါတာကို အရာမပေးနဲ့။ အမြဲ what is in it for me?ငါရချင်တာဘာလဲ။ဘာပြန်ပေးရမလဲ။အရာရာက အပေးအယူပဲ။ကုသိုလ်၊ ဥစ္စာ၊ ပညာအပါပေါ့။ Phyo Paing @ Derek

အရာရာက အပေးအယူပဲ။
ကုသိုလ်၊ ဥစ္စာ၊ ပညာအပါပေါ့။
Read More »

အနာဂတ်ပြဿနာ ကြိုတင်အဖြေရှာပါ။

ဘဝဆိုတာ ခက်ခဲတယ်။အနာဂတ်မှာ ဖြစ်နိုင်တဲ့ပြဿနာတွေအတွက်ကြိုတင်အဖြေမရှာထားနိုင်ရင်ပိုလို့တောင်ခက်ခဲသေးတယ်။ သားသမီးရဲ့အနာဂတ်စဉ်းစားတဲ့မိဘတွေကသူတို့သားသမီးတွေရဲ့အနာဂတ်ကို ကြိုတင်စဉ်းစားထားကြတယ်။ ငွေကြေးအရတိုင်မပတ်တဲ့သူတွေကလဲအနာဂတ်ငွေကြေးပြဿနာတွေကိုကြိုတင်တွက်ချက် အဖြေရှာထားကြတယ်။ ဒီနေ့ပြဿနာကိုတောင်ဖြေရှင်းဖို့မကြိုးစားတဲ့သူ၊ဖြေရှင်းဖို့မကြိုးစားနိုင်တဲ့သူရှိမယ်။ဒီနေ့ပြဿနာပဲ ဖြေရှင်းတဲ့သူရှိတယ်။အနာဂတ်ပြဿနာတွေကိုကြိုတင်အဖြေရှာတဲ့သူတွေရှိတယ်။ လူ့ဘဝဆိုတာ ထင်သလောက်မလွယ်ဘူး။အကောင်းကြီးပဲ မြင်နေလို့မရသလို၊အဆိုးကြီးပဲမြင်နေလို့မရဘူး။ အနာဂတ်ပြဿနာ ကြိုတင်အဖြေရှာပါ။ Phyo Paing @ Derek

အနာဂတ်ပြဿနာ ကြိုတင်အဖြေရှာပါ။ Read More »