Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ဒီနေ့က တစ်သက်တာမှာ
အသက်အငယ်ဆုံးနေ့ပဲ။

သန်တုန်းမြန်တုန်း
အလုပ်လုပ်နိုင်တုန်း
အလုပ်ကိုသေချာလုပ်ရမှာ။

တစ်သက်လုံး အသက်ငယ်နေမှာမဟုတ်သလို
အခုလိုပဲ နုပျိုသန်မာနေမှာမဟုတ်ဘူး။

အချိန်နှောင်းရင်တချို့
အလုပ်တွေက လုပ်လို့မလွယ်တော့ဘူး။

ငယ်ရွယ်တုန်းအလုပ်လုပ်
ငွေပြန်ပွားပေးနိုင်တဲ့
ပိုင်ဆိုင်မှုတွေရှိထားရင်
ဘယ်အချိန် နားနား
နားလို့ရနိုင်တယ်။

ဘဝမှာ ပိုင်ဆိုင်မှုတွေ၊
အစွမ်းအစတွေ၊
ပညာတွေက ပိုနေရင်ကောင်းတဲ့အရာတွေပဲ။

ဒီနေ့က တစ်သက်တာမှာ
အသက်အငယ်ဆုံးနေ့ပဲ။

နေသလိုဖြစ်တဲ့ဘဝမှာ
သန်တုန်းမြန်တုန်းမှာ ဖြစ်သလိုနေရင်
အသက်ကြီးမှ နောင်တရလိမ့်မယ်။

Phyo Paing @ Derek

Share Your Idea!​