Mind Your Own Business
ဘဝမှာ ဒူနေ၊ ဘူနေတာအမုန်းဆုံးပဲ။ ကိုယ်လဲ အရင်က ဒူတယ်။တော်တော်လေးလဲ ဘူတယ်။ ပထမဆုံးဒူကိုကျော်လွှားဖို့ဦးနှောက်ကောင်းဖို့နည်းလမ်းရှာတယ်။ မှတ်ဥာဏ်ကောင်းအောင်ဘယ်လိုလုပ်မလဲ၊ဦးနှောက်ကို စဥ်းစားတာမြန်အောင်ဘယ်လိုလုပ်မလဲနည်းလမ်းတွေရှာ လေ့ကျင့်မှုတွေလုပ်တယ်။ လူရှေ့သူရှေ့စကားထွက်ပြောခြင်းသင်တန်းတွေတက်တယ်။ ကိုယ်တိုင်လဲ အခွင့်အခါသင့်တိုင်းလူရှေ့ထွက်စကားပြောကြည့်တယ်။ နေ့စဥ်စာဖတ်တယ်။ မေးခွန်းတွေမေးတယ်။ အဖြေတွေရှာတယ်။ ဒူတာနည်းလာတယ်။ ဘူတာကို ကျော်လွှားဖို့ကအပြစ်မတင်ဘဲ အဖြေရှာတယ်။ဘဝမှာ ထိန်းချုပ်လို့မရတဲ့ “ကံ”ရှိတယ်။ ထိန်းချုပ်လို့ရတဲ့ “ကံ” ရှိတယ်။ ထိန်းချုပ်လို့ရတဲ့ “ကံ” က အလုပ်။ အဲ့တော့ MYOB လုပ်တယ်။Mind Your Own Business အားရင်အများဆုံးစဥ်းစားတာကိုယ့်အကြောင်း။ ဘာဆက်လုပ်မလဲ၊ ကိုယ်ဘယ်လိုစဥ်းစားလဲ၊ မနက်ဖြန်ကို ဒီနေ့ထက်ပိုကောင်းအောင်ဘယ်လိုလုပ်မလဲ။ လုပ်မိတဲ့အမှားတွေကို ကိုယ့်ကိုကိုယ် ခွင့်လွတ်တယ်။ သင်ခန်းစာယူတယ်။ ကိုယ်နဲ့တွေ့တဲ့ လူတွေ၊ နေရာတွေ၊ အိုင်ဒီယာတွေကိုဂရုစိုက်ရွေးချယ်တယ်။ ဘူကောင်၊ ဘူနေရာ၊ ဘူအိုင်ဒီယာကိုရှောင်တယ်။ ဒီနည်းနဲ့ ဒူတာနဲ့ ဘူတာကိုတဖြည်းဖြည်းကျော်လွှားလာခဲ့တယ်။ […]
