ကိုယ့်ရဲ့ passive income ကိုပဲ သုံး။
Active income ကို ပြန် ရင်းနှီးမြုပ်နှံမှုလုပ်။ဒါက Personal Finance ရဲ့အကောင်းဆုံးထဲက အကြံတစ်ခုပဲ။လူတွေရဲ့ သဘောတရားအရငွေဝင်လေ လက်ယားလေ။ပိုသုံးချင်လေပဲ။ Phyo Paing @ Derek
Active income ကို ပြန် ရင်းနှီးမြုပ်နှံမှုလုပ်။ဒါက Personal Finance ရဲ့အကောင်းဆုံးထဲက အကြံတစ်ခုပဲ။လူတွေရဲ့ သဘောတရားအရငွေဝင်လေ လက်ယားလေ။ပိုသုံးချင်လေပဲ။ Phyo Paing @ Derek
ဒီနေ့ကျွန်တော်တို့သုံးနေတဲ့Zoom တို့၊ Siri တို့မှာ ရင်းနှီးမြုပ်နှံမှုတွေပြုခဲ့တဲ့ဟောင်ကောင် သူကြွယ် လီကာရှင်းက သူပစ္စည်းတစ်ခု မဝင်ခင်ဘယ်မှာ ပြန်ရောင်းရမလဲကြိုတင်စဉ်းစားပြီးမှ ဝယ်တယ်တဲ့။ ဒါနဲ့ ငယ်ငယ်က လုပ်ငန်းတစ်ခုလုပ်ဖို့ idea ရှာတဲ့အခါကိုယ့်ရဲ့ daily expense app ထဲမှာပြန်သွားကြည့်တာပဲ။ ကိုယ့်ထွက်ငွေတွေက လုပ်ငန်းသစ် idea တွေ အများကြီးရစေတယ်။ထွက်ငွေတွေကို ဝင်ငွေအဖြစ်ပြန်ပြောင်းလို့ ရနိုင်တယ်။ Phyo Paing @ Derek
ပိုက်ဆံက motivation ပဲ။အိပ်ကပ်ထဲငွေမပါပဲသွားတာနဲ့ငွေအပြည့်ပါတာနဲ့ခံစားချက်မတူဘူး။ဒါကြောင့် အိပ်ဖောင်းရင်စိတ်ပြောင်းတယ်တဲ့။ ရှေးတရုတ်အယူအဆမှာ ငွေကိုရန်သူလို့ မသတ်မှတ်ဘူး။ငွေဆိုတာ energy စွမ်းအင်တစ်ခုလို့မှတ်ယူကြတယ်။ငွေရှိတဲ့နေရာ ငွေပိုလာတယ်။ ဒါကြောင့် bank account ထဲဟောင်းလောင်းထားတာထက်ငွေဆောင်ထားတာ ငွေပိုလာတဲ့အယူအဆဖြစ်တယ်။ ငွေကိုချစ်တာ ပြဿနာမဟုတ်ဘူး။ချစ်ရက်နဲ့ မချစ်ဘူးလို့ညာတာ ပြဿနာ။ ငွေဆိုတာ စွမ်းအင်တစ်ခုပါ။အဲ့စွမ်းအင် မပြတ်လပ်ဖို့အရံအနေနဲ့ အဆောင်ထားပါ။စဉ်းစားမှု၊ တွေးခေါ်မှု၊ လုပ်ဆောင်မှုပေါ်သက်ရောက်မှုရှိပါတယ်။ Phyo Paing @ Derek
ငယ်ငယ်တက်ကျမ်းတွေ ဘာတွေအရမ်းဖတ်တော့ ဆင်းရဲဖေဖေ ချမ်းသာဖေဖေRich Dad Poor Dad ကိုရေးတဲ့Robert Kiyosaki ရဲ့ အယူအဆတစ်ခုကခေါင်းထဲ အရမ်းစွဲနေတယ်။ Cashflow is King တို့Cashflow > Capital Gain တို့ကFinancial Decision အများစုကိုလွမ်းမိုးနေတယ်။ ကိုယ့်ကို ငွေရှာပေးတဲ့အရာတွေမှာငွေသုံး မနှမြောဖို့၊လူအထင်ကြီးဖို့ထက် ကိုယ်ပျော်တဲ့အရာမှာသုံးစွဲဖို့ အဓိကစဉ်းစားတယ်။ ဘယ်သူပဲဖြစ်ဖြစ် Financial Educationသိထားမှာ မှန်ကန်တဲ့ Financial decisionချမှတ်လို့ရမှာ။ တခါတလေ အလုပ်လုပ်တာ ဒီလောက်ကြာပြီဘာပိုင်ဆိုင်မှုတွေ ရှိနေပြီလဲဆိုတဲ့ မေးခွန်းကမှားတယ်။ ပိုင်ဆိုင်မှုရှိပြီး ဒီပိုင်ဆိုင်မှုကငွေပြန်မရှာပေးရင် revenue-producing assetမဟုတ်တဲ့အတွက် အဖိုးမတန်ဘူး။ မှန်ကန်တဲ့မေးခွန်းက အလုပ်လုပ်တာဒီလောက်ကြာပြီ တစ်လတစ်လPositive Cashflow ဘယ်လောက်ရှိလဲဖြစ်ရမယ်လို့ထင်တယ်။ လူတိုင်း တိုင်းတာတဲ့ metrics တွေတော့မတူဘူး။ကျွန်တော်ကတော့ Cashflow is king
ငွေဝင်တာနဲ့ စုမိတာမတူဘူး။ဝင်ငွေများလေ၊ အသုံးများလေဖြစ်တတ်တာ လူ့သဘာဝပဲ။ လူအများစုက ကိုယ့်ငွေကြေးပန်းတိုင်ကို ဝင်ငွေနဲ့ သတ်မှတ်လေ့ရှိတယ်။DIG လို့ခေါ်တဲ့ Daily Income Goal ပေါ့။ ဒီထက်ကောင်းတဲ့ နောက်နည်းတစ်ခုကDSG လို့နာမည်ပေးထားတယ်။Daily Saving Goals ပါ။တစ်ရက်ကို မဖြစ်မနေ ဘယ်လောက်စုမလဲ။ Personal Finance မှာPay Yourself Firstကိုယ့်ကိုကိုယ် အရင်ပေးဖို့ကအရမ်းအရေးကြီးတယ်။ နောက်ပြီး နေ့စဉ်ဝိတ်ချိန်သလိုပဲDaily expense ကိုနေ့စဉ်မှတ်ထားရင်အနာဂတ်အတွက် personal finance plan ကိုကောင်းကောင်းပို တည်ဆောက်နိုင်တယ်။ Phyo Paing @ Derek
ပစ္စည်းတစ်ခုရောင်း တစ်သောင်းမြတ်။ဖောက်သည်တစ်ယောက်ရဖို့ သုံးဒေါ်လာ။ ခြောက်ထောင်ကျနေပြီ။ ဒါကို CAC (Customer Acquisition Cost) လို့ခေါ်တယ်။ဝန်ထမ်းစရိတ်၊ ကုန်ပစ္စည်းစရိတ်၊အထွေထွေကုန်ကျစရိတ်အဲ့မှာ ကိုက်မကိုက်စဉ်းစားကြည့်ကြည့်။Online Shop တွေကို customer list တွေကြိုလုပ်ထားဖို့၊ Brand ဆောက်ထားဖို့၊Personal Brand နဲ့တွဲထားဖို့၊ Content တည်ဆောက်ဖို့၊Business Model ကို ပြုလွယ်ပြင်လွယ်ဖြစ်ဖို့၊Value ladder or sale funnel သေချာလုပ်ဖို့အရေးကြီးလို့ ခဏခဏ ပြောခဲ့တယ်။ Dollar စျေးတွေတက်တော့ ပိုဆိုး။အားလုံးအဆင်ပြေကြပါစေ။ Phyo Paing @ Derek
တချိန်က ကိုယ့်အတွက် အကြီးဆုံးသောပြဿနာတွေဟာ ကိုယ့်အတွက် business တွေဖြစ်လာတယ်။အစ္စရေးက စိုက်ပျိုးရေးပြဿနာကြုံတယ်။စိုက်ပျိုးရေးနဲ့ ဝင်ငွေပြန်ရှာနိုင်တယ်။စလုံးကရေပြဿနာကြုံတယ်။ ရေစီမံခန့်ခွဲမှုနဲ့ ငွေပြန်ရှာနိုင်တယ်။ ကြုံတွေ့လာတဲ့ ကိုယ့်ပြဿနာတွေကို ကျေးဇူးတင်ပါ။ ဖြေရှင်းပါ။ အဖြေကို ပြန်ပြီး ဖြန့်ဝေပါ။ Phyo Paing @ Derek
Russian Roulette Casino ကို ဆေးကျောင်းတတိယနှစ် ကစပြီးစွဲစွဲလမ်းလမ်းဆော့ခဲ့ဖူးတယ်။ အလောင်းအစား စိတ်ပညာကိုလဲတော်တော်လေး လေ့လာခဲ့ဖူးတယ်။ ဘယ်နေရာမှာပဲ ဖြစ်ဖြစ်ကိုယ်က ကစားပွဲတစ်ခုရောက်သွားတဲ့အခါLoss aversion လို့ခေါ်တဲ့ ရှုံးသွားတာကို ပြန်ရဖို့ မဲတတ်တဲ့စိတ်ကိုအရင်ဖျောက်ရတယ်။ ဒီလို လုပ်ဖို့ ကိုယ်ရှုံးမည့် amount ကိုအရင်သတ်မှတ်ရတယ်။ ဥပမာ ကိုယ်က $1000 ပဲဆော့မယ်ဆိုဒါရှုံးရင် မဆော့တော့ဘူး။ limit လုပ်ပြီး အစကတည်းက ပျော်ဖို့ဆိုတဲ့ စိတ်နဲ့ ဆော့တာပဲဖြစ်တယ်။ Loss limitation ဆိုတဲ့ နည်းစနစ်ဟာ ဘဝတစ်သက်တာမှာ တော်တော်လေးအထောက်အကူပြုခဲ့တယ်။ တစ်ခုခုလုပ်တော့မယ်ဆို ပထမဆုံးမေးဖြစ်တာ ငါဘယ်လောက်ထိအရှုံးခံနိုင်လဲ။ ဘယ်လောက်ပမာဏကို comfortable ဖြစ်သလဲ။ ဒါသတ်မှတ်ပြီးရင်တော့ ကျန်တာ အကုန်လုံးက ရင်ခုန်စရာကြီးပဲ။ Stress နည်းသွားမယ်။ Phyo Paing @ Derek
စီးပွားရေး၊ လူမှုရေး၊ အနာဂတ်ရေးရာ
အတွက် အဆုံးရှုံးခံနိုင်တဲ့ ပမာဏ
သတ်မှတ်ထားဖို့လိုတယ်။ Read More »
ငွေရေးကြေးရေး ငယ်ငယ်တက်ကျမ်းတွေ ဘာတွေအရမ်းဖတ်တော့ ဆင်းရဲဖေဖေ ချမ်းသာဖေဖေRich Dad Poor Dad ကိုရေးတဲ့ Robert Kiyosaki ရဲ့ အယူအဆတစ်ခုကခေါင်းထဲ အရမ်းစွဲနေတယ်။ Cashflow is King တို့ Cashflow > Capital Gain တို့ကFinancial Decision အများစုကိုလွမ်းမိုးနေတယ်။ ကိုယ့်ကို ငွေရှာပေးတဲ့အရာတွေမှာ ငွေသုံး မနှမြောဖို့၊ လူအထင်ကြီးဖို့ထက် ကိုယ်ပျော်တဲ့အရာမှာသုံးစွဲဖို့ အဓိကစဉ်းစားတယ်။ ဘယ်သူပဲဖြစ်ဖြစ် Financial Education သိထားမှာ မှန်ကန်တဲ့ Financial decision ချမှတ်လို့ရမှာ။ တခါတလေ အလုပ်လုပ်တာ ဒီလောက်ကြာပြီဘာပိုင်ဆိုင်မှုတွေ ရှိနေပြီလဲဆိုတဲ့ မေးခွန်းကမှားတယ်။ ပိုင်ဆိုင်မှုရှိပြီး ဒီပိုင်ဆိုင်မှုက ငွေပြန်မရှာပေးရင် revenue-producing assetမဟုတ်တဲ့အတွက် အဖိုးမတန်ဘူး။ မှန်ကန်တဲ့မေးခွန်းက အလုပ်လုပ်တာဒီလောက်ကြာပြီ တစ်လတစ်လPositive Cashflow
ကိုယ့်ကို ငွေရှာပေးတဲ့အရာတွေမှာ
ငွေသုံး မနှမြောပါနဲ့။ Read More »
လူအများစု Stress များတယ်ဆိုတာငွေကြေးကြောင့်အများစုပဲ။ နောက် ကျန်းမာရေးပေါ့။ဒီနှစ်ခုပြည့်စုံရင် ကျန်တာက လုပ်ယူဖို့သိပ်မခက်လှဘူး။ ငွေကြေးစီမံခန့်ခွဲမှုအတွက်ကတော့ သုံးငွေနဲ့ ဝင်ငွေနဲ့ စီမံခန့်ခွဲမှုပေါ့။ အနာဂတ်ကို အကောင်းအရမ်းမြင်ပြီးချေးငှားတာကို အလွန်အကျွံမလုပ်သင့်သလိုစိတ်ညစ်ပြီး အလုပ်မလုပ်တာမျိုးလဲသတိထားဖို့လိုလာတယ်။ ငွေကြေးစီမံခန့်ခွဲမှုမှာ ၁။ Active Income ပေါ်အခြေပြုပြီး၂။ Partially Active Income တည်ဆောက်၃။ Passive income ပြန်ပြောင်းဒါကအရေးကြီးတာပဲ။ ကိုယ်နားမလည်တဲ့ စီးပွားရေးကို ချေးငှားပြီး မလုပ်သင့်သလို ငွေကြေးအတွက် လုပ်ငန်းငွေကြေးအပြင်သီးသန့်ငွေကြးစုဆောင်းရေးစနစ်၊ ကိုယ့်ကျန်းမာရေးအတွက်၊ သားသမီးနောက်ရေးအတွက်မတူညီတဲ့ အခွဲတွေ ထားရှိသင့်တယ်လို့မြင်တယ်။မဟုတ်ရင် အသက်ကြီးခါမှဒုက္ခတွေရောက်နေမယ်။ အိမ်ထောင်ပြုတဲ့အခါ prenupလုပ်ဖို့လိုတယ်ဆိုတာ အလကားပြောထားကြတာ မဟုတ်ဘူး။ မလိုအပ်တဲ့ ပြဿနာကို ကြိုတင်ဖြေရှင်းတဲ့သဘောပဲ။ ဝင်ငွေကောင်းနေတုန်း တစ်သက်လုံးဒီလိုကောင်းမယ်ယူဆပြီးလျှောက်သုံးစွဲတာ စဥ်းစားဖို့လိုတယ်။ အရာရာ စည်းစနစ်မရှိရင် ပရမ်းပတာ ဖြစ်တတ်တယ်။ Phyo Paing @