စာဖတ်တယ်ဆိုတာ
ဦးနှောက်ကို အစာကျွေးတာပဲ။
စာဖတ်ခြင်း အလေ့အကျင့်ကအမြင်ကျယ်စေတယ်။ လူအများစုက စာမဖတ်တတ်ကြဘူး။ ဒါကြောင့် စာဖတ်ခြင်းအနှစ်သာရကိုမသိဘူး။ စာဖတ်တယ်ဆိုတာ ဦးနှောက်ကို အစာကျွေးတာပဲ။ အတွေးတွေကို တချက်တချက်အလင်းတွေ ဖွင့်ပေးတယ်။ ပြဿနာအများစုရဲ့အဖြေဟာစာအုပ်တွေထဲမှာ ရှိပြီးသား။ ChatGPT နဲ့ AI တွေက ဒါကို ၆ တန်းအရွယ်နားလည်နိုင်တဲ့ဘာသာစကားနဲ့ပြန်ပြောတယ်။ တခါတလေ စာရေးသူသုံးလိုက်တဲ့စကားလုံး၊ စာကြောင်းက အလင်းဖွင့်ပေးတာ။ ဒါပေမယ့် အေအိုင်မှာ ဒီစကားလုံးတွေက ပါချင်မှပါမှာ။ စာဖတ်ခြင်းဟာ စာရေးသူနဲ့စကားပြောခြင်းပဲ။ စာအုပ်တွေမှာတောင်AI-generated, AI-assisted သို့လူရေး အဲ့လိုရှိသေးတာမဟုတ်လား။ စာဖတ်ခြင်းက အရေးကြီးသေးတယ်လို့ထင်တယ်။ အရမ်းတော်တဲ့ အင်္ဂလိပ်အဖိုးကြီးတစ်ယောက်တွေ့ဖူးတယ်။ ကိုယ်နဲ့လဲတော်တော်ခင်တယ်။ သူလုပ်တဲ့အလုပ်အကြောင်းမှာ အကုန်သိတယ်။ တစ်ခုပဲ အလုပ်အပြင်ကို မသိဘူး။ စာဖတ်တာကို မယုံဘူး။ သိချင်ရင် အင်တာနက်မှာရှာလို့ရတယ်။ ကိုယ်ကျွမ်းကျင်တာကိုပဲသိတာကကိုယ့်ကို တခြားနယ်ပယ်တွေကိုမမြင်စေနိုင်ဘူး။ Myopia အမြင်ကျဉ်းစေနိုင်တယ်။ စာဖတ်ခြင်းအတွက် အချိန်ပေးဖို့လိုတယ်။ […]
