Courage

တခါတလေ ကိုယ့်ကို ခတ်ထားတဲ့
ဘောင်တွေရဲ့ အပြင်ဖက်ကို
ရုန်းထွက်နိုင်ဖို့လိုတယ်။

ငယ်ငယ်လေးကတည်း ဟိုဟာ မလုပ်ရဘူး။ ဒီဟာအလုပ်ရဘူး။ ဘာဖြစ်နိုင်တယ်။ ဘာမဖြစ်နိုင်ဘူး။ အားတီ၊ အားမေတို့ရဲ့ ပတ်ဝန်းကျင်ကဘောင်တွေ ခတ်ကြလိမ့်မယ်။ ငယ်ငယ်တည်းက ဘောင်ခတ်ခံလာခဲ့ရင်တခါတလေ အပြင်ကိုထွက်ဖို့ အခက်အခဲတွေ အများကြီးရှိနေနိုင်တယ်။ တခါတလေ ကိုယ့်ကို ခတ်ထားတဲ့ဘောင်တွေရဲ့ အပြင်ဖက်ကိုရုန်းထွက်နိုင်ဖို့လိုတယ်။ ဒီလို ထွက်နိုင်ဖို့ သတ္တိလိုတယ်။ Phyo Paing @ Derek

တခါတလေ ကိုယ့်ကို ခတ်ထားတဲ့
ဘောင်တွေရဲ့ အပြင်ဖက်ကို
ရုန်းထွက်နိုင်ဖို့လိုတယ်။
Read More Âť

နေ့စဥ်ဘဝကို လတ်လတ်ဆတ်ဆတ်
ဖြတ်သန်း

လူတွေရဲ့ အထင်အမြင်မှာ အသက်မရှင်နဲ့။ကိုယ်ကြိုက်တာကိုယ်လုပ်။ ပတ်ဝန်းကျင်က သတ်မှတ်ထားတဲ့အလုပ်မဖြစ်တဲ့ ရှေးရိုးစွဲအယူအဆတွေကိုမလိုက်နာရဲတဲ့ သတ္တိလိုတယ်။ လူအများနဲ့ မတူတဲ့ လမ်းကိုလျှောက်ရဲဖို့မတူတဲ့ အလုပ်ကို လုပ်ရဲဖို့က သတ္တိအကြီးကြီးလိုတယ်။ ဒီလို ပတ်ဝန်းကျင်နဲ့ သဟဇာတမဖြစ်တဲ့လူတွေကို misfit လို့ခေါ်တယ်။ ဒီလို ပတ်ဝန်းကျင်ကချမှတ်ထားတဲ့ သိုးကလေးဖြစ်စေမည့် အလုပ်မဖြစ်တဲ့ စည်းကမ်းတွေကိုချိုးဖောက်ရဲတဲ့သူ misfit တွေက အပြောင်းအလဲကို အမှန်တကယ်ဖော်ဆောင်ပေးသူတွေဆိုတာကြားဖူးလိမ့်မယ်။ လောကကြီးနဲ့ အံဝင်ဂွင်ကျမဖြစ်လို့ လူတွေကိုယ့်ကို နားမလည်လို့ စိတ်မညစ်နဲ့။ လောကနဲ့ သဟဇာတမဖြစ်လဲကိုယ့်ရဲ့ နှလုံးသားက လုပ်သင့်တယ်လို့ပြောတဲ့အရာတွေကိုကိုယ်ကလုပ်ရမှာပဲ။ လူတွေက သူတို့နဲ့ မတူလို့ငါ့ကိုပြက်ရယ်ပြုကြတယ်။ ငါကလဲ သူတို့အားလုံးက အတူတူဖြစ်နေလို့ပြန်ရယ်မိတယ်ဆိုတာ ကြားဖူးလိမ့်မယ်။ မတူတာက ပြဿနာဟုတ်ချင်မှ ဟုတ်လိမ့်မယ်။ Phyo Paing @ Derek

နေ့စဥ်ဘဝကို လတ်လတ်ဆတ်ဆတ်
ဖြတ်သန်း
Read More Âť

ဆာလောင်မှုက အကြောက်တရားထက်
ကြီးနေဖို့လိုတယ်

ဘယ်ကစလဲဆိုတာ အရေးမကြီးဘူး။နောက်ငါးနှစ်၊ ဆယ်နှစ်၊ အနှစ်နှစ်ဆယ် နေရင်ဘယ်ကို ရောက်နေမလဲ အရေးကြီးတာပဲ။ ဒါကြောင့် ဆာလောင်မှုကို လျော့လိုက်လို့မရဘူး။ဆာလောင်မှုက အကြောက်တရားထက်ပိုကြီးမှ သတ္တိဆိုတာ ထွက်လာတဲ့သဘောရှိတယ်။ ဆာလောင်မှုဟာ ရဲရဲတောက်မီးခဲလို ဖြစ်နေဖို့လိုတယ်။ ကောက်ရိုးမီးနဲ့ ဘာကြီးကြီးကျယ်ကျယ်အလုပ်မှ လုပ်လို့ရနိုင်မှာ မဟုတ်ဘူး။ ဒူပေဒါပေခံဖို့လိုတယ်။စိတ်ရှည်ဖို့ လိုတယ်။ကိုယ့်ကိုကိုယ် ဂုဏ်ယူတဲ့အလုပ်တွေကိုပိုးစိုးပက်စက်လုပ်ဖို့လိုတယ်။ဆာလောင်မှုက အကြောက်တရားထက်ကြီးနေဖို့လိုတယ်။ Phyo Paing @ Derek

ဆာလောင်မှုက အကြောက်တရားထက်
ကြီးနေဖို့လိုတယ်
Read More Âť

စမ်းသပ်ရမှာ မကြောက်ပါနဲ့။

ကိုယ့်ကိုကိုယ် အစမ်းသပ်ခံတဲ့လူတစ်ယောက်လိုပဲ စဉ်းစားတယ်။ စိတ်ညစ်မရာတွေ မရှိသလောက်နဲ့ဘဝကို အရသာရှိရှိဖြတ်သန်းဖို့ဖြစ်နိုင်မလား စမ်းသပ်ကြည့်တယ်။ ဥာဏ်မကောင်းဘူးလို့ ကိုယ့်ကိုကိုယ်ထင်နေတဲ့ သူတစ်ယောက်ကနည်းစနစ်မှန်မှန်လေ့ကျင့်ရင်ဥာဏ်ကောင်းတာ၊ စာဖတ်မြန်တာလုပ်လို့ရသလား စမ်းသပ်ကြည့်တယ်။ ၄၊၅ နှစ်အတွင်း ပညာတစ်ခုလေ့လာပြီး ဆရာကျအောင်လုပ်လို့ရမလား စမ်းသပ်ကြည့်တယ်။ ကိုယ်မပါပဲ ကိုယ့်ကို passive incomeပုံစံမျိုးရှာပေးလို့ရတဲ့ လုပ်ငန်းတည်ဆောက်လို့မရလား စမ်းကြည့်တယ်။ မြန်မာစကားပီအောင်မပြောတတ်လဲTrainer တို့၊ Public Speaker တို့လုပ်လို့ရမလား စမ်းသပ်ကြည့်တယ်။ Content Marketing ကနေ Content Inc လို Business တည်ဆောက်လို့ရမလားစမ်းသပ်ကြည့်တယ်။ စာကောင်းကောင်းမရေးတတ်ပဲစားလုံးပေါင်းအမှားမှား၊စကားမကြွယ်ပဲ blogging မှာနေရာတစ်ခုရနိုင်မလား စမ်းကြည့်တယ်။ ဖက်တီးပုတ် ကနေ fit ဖြစ်အောင်အချိန်တိုအတွင်း ဝိတ်ချပြီးFit ဖြစ်အောင် strength တက်အောင်လုပ်လို့ရမလား စမ်းသပ်ကြည့်တယ်။ မြန်မာပြည်မှာ Zoom တစ်ခုတည်းနဲ့တစ်ပတ်ကို ကိုယ် Coach

စမ်းသပ်ရမှာ မကြောက်ပါနဲ့။ Read More »

ဖက်တွယ်မထားပါနဲ့။

အရင်အလုပ်ဖြစ်ခဲ့တဲ့နည်းလမ်းတွေကအခု အလုပ်ဖြစ်ချင်မှ ဖြစ်တော့မယ်။ဘဝဆိုတာ ရေလိုပဲ အမြဲစီးဆင်းနေတယ်။တချို့ကိစ္စ တွေ၊ တချို့အရာတွေက ထားခဲ့သင့်ရင် ထားခဲ့ပြီးရှေ့ဆက်ရတဲ့အချိန်တွေရှိကောင်းရှိမယ်။ဖက်တွယ်မထားပဲ ရှေ့ဆက်ရဲတဲ့ သတ္တိလိုတယ်။ Phyo Paing @ Derek

ဖက်တွယ်မထားပါနဲ့။ Read More »

ကိုယ့်သေအောင် မသတ်နိုင်တဲ့အရာကပိုသန်မာစေတာပဲလေ။

ကိုယ့်လုပ်ငန်းက Covid-19 နဲ့Coup အတွင်းမှာ ရှင်သန်ရင်ကိုပဲတော်တော်လေး ခံနိုင်ရည်မြင့်တဲ့ဦးဆောင်တဲ့သူလို့ ပြောလို့ရနေပြီ။ Omicron ဖြစ်လို့အပြင်မထွက်သူတွေနဲ့အိမ်မှာနေရင်းနဲ့ Mobile Internetမရတဲ့ စားသုံးသူတွေကြားရိုးရိုးသားသား ကြိုးစားကြံဆပြီးကိုယ့်လုပ်ငန်းဘယ်လိုရှင်သန်ကြီးထွားခဲ့လဲဆိုတာ ကိုယ်နောက်လူတွေပြန်ပြောပြရင် တစ်ထောင့်တစ်ညပုံပြင်တွေ ဖြစ်နေတော့မယ်။ ကိုယ့်သေအောင် မသတ်နိုင်တဲ့အရာကပိုသန်မာစေတာပဲလေ။ Phyo Paing @ Derek

ကိုယ့်သေအောင် မသတ်နိုင်တဲ့အရာကပိုသန်မာစေတာပဲလေ။ Read More »

Vision > Memory

အနာဂတ်ကို မြင်တဲ့ အမြင်က အတိတ်ကိုမှတ်မိတဲ့ မှတ်ဉာဏ်ထက် ရှင်းလင်း ပြတ်သားနေတဲ့အခါ ဘ၀က ပို ရင်ခုန်ဖို့ ကောင်းလာတယ်။

Vision > Memory Read More Âť

မဟုတ်ရင် အကျင့်ပါတယ်။

လုပ်မယ်လို့ဆုံးဖြတ်ပြီးရင် တုံးတိုက်တိုက်၊ ကျားကိုက်ကိုက် လုပ်ရမှာဘဲ။

မဟုတ်ရင် အကျင့်ပါတယ်။ Read More »

Personal development ဆိုတာ
သင်တန်းတွေတက်ပြီး ဝူးဝူးဝါးဝါး
အော်တာတစ်ခုတည်းကိုပြောတာ
မဟုတ်ပဲ ကိုယ့်ရဲ့ စွမ်းဆောင်ရည်
Productivity ကိုတိုးတက်စေတဲ့
အရာမှန်သမျှကိုခေါ်တယ်။

Elon Musk က Personal development တို့Emotional mastery တို့လုပ်သလား?2021 နှစ်ကုန် Time Magazine မှာသူ့အကြောင်းရေးထားတယ်။ငယ်ငယ် တောင်အာရိကမှာနေတုန်းကတစ်ရက်ကို စာအုပ်နှစ်အုပ်ဖတ်တယ်တဲ့။နောက် ဖတ်စရာစာအုပ်ကုန်သွားတယ်တဲ့။ Personal development ဆိုတာသင်တန်းတွေတက်ပြီး ဝူးဝူးဝါးဝါးအော်တာတစ်ခုတည်းကိုပြောတာမဟုတ်ပဲ ကိုယ့်ရဲ့ စွမ်းဆောင်ရည်Productivity ကိုတိုးတက်စေတဲ့အရာမှန်သမျှကိုခေါ်တယ်။ Speed-reading စာဖတ်မြန်အောင်လေ့ကျင့်တာ၊မှတ်ဥာဏ်ကောင်းအောင် လေ့ကျင့်တာ၊စိတ်အကြည်ဓာတ်မပျောက်ဖို့Emotional management လုပ်တာ၊အစားအသောက် plan သေချာလုပ်လေ့ကျင့်ခန်းလုပ်၊ အချိန်စီမံခန့်ခွဲတာ၊လူရှေ့သူရှေ့စကားထွက်ပြောတဲ့အခါလူတွေကိုယ့် presentation ကိုပြီးသွားမှာ စိုးရိမ်တဲ့အထိ skill ကိုမြင့်တာ၊ဘာသာစကားကို ကျွမ်းကျွမ်းကျင်ကျင်ပြောတတ်အောင်လုပ်တာကိုယ့်ရဲ့ ရည်မှန်းချက်ပန်းတိုင်ရောက်အောင်လုပ်တာ အကုန်ပါတယ်။ Personal Development ကProfessional နဲ့ Business Development ရဲ့အုပ်မြစ်ပဲ။စိတ်ဓာတ်ကျတဲ့လုပ်ငန်းရှင် ဦးဆောင်တဲ့အောင်မြင်တဲ့လုပ်ငန်း မရှိသေးဘူး။ Phyo Paing @ Derek

Personal development ဆိုတာ
သင်တန်းတွေတက်ပြီး ဝူးဝူးဝါးဝါး
အော်တာတစ်ခုတည်းကိုပြောတာ
မဟုတ်ပဲ ကိုယ့်ရဲ့ စွမ်းဆောင်ရည်
Productivity ကိုတိုးတက်စေတဲ့
အရာမှန်သမျှကိုခေါ်တယ်။
Read More Âť

Courage

ပိုင်ဆိုင်နိုင်အောင်ကြိုးစားတာသတ္တိလို့ထင်ကြတယ်။စွန့်လွတ်ရဲတာလဲ သတ္တိပဲ။အလုပ်မဖြစ်တာတွေကိုရပ်ရဲတာသတ္တိ။ Singapore အောင်မြင်တဲ့လီကွမ်းယူရဲ့ formula ကရှင်းတယ်။အလုပ်ဖြစ်တာ၊ မဖြစ်တာကိုခွဲတယ်။အလုပ်မဖြစ်တာကို ထားခဲ့လိုက်တယ်။ကိုယ်က သတ္တိရှိတဲ့လူလား? Phyo Paing @ Derek

Courage Read More Âť