Self-love

ကိုယ့်ကိုကိုယ် ခွင့်မလွှတ်နိုင်သူသူများကို ခွင့်လွှတ်နိုင်မှာ မဟုတ်ဘူး။

ကိုယ့်ကိုကိုယ် အလွန်အကျွံ အပြစ်မတင်ပါနဲ့။ အမှားလုပ်မိတိုင်းကိုယ့်ကိုကိုယ် အပြစ်တင်တာလူတိုင်း လုပ်ဖူးတယ်။ ဒါပေမယ့် —အပြစ်တင်တာနဲ့ သင်ခန်းစာယူတာ မတူဘူး။ အပြစ်တင်တာက ကိုယ့်ကို ဖျက်ဆီးတယ်။သင်ခန်းစာယူတာက ကိုယ့်ကို တည်ဆောက်တယ်။ ကျွန်တော်လဲ အဲဒါကို နှစ်ပေါင်းများစွာ ခွဲခြားမသိခဲ့ဘူး။ အမှားတစ်ခု လုပ်မိရင်ခေါင်းထဲမှာ အသံတစ်ခု ပေါ်လာတယ်။“မင်း ဘာမှ မဟုတ်ဘူး။”“ဒါလဲ မလုပ်တတ်ဘူး။”“တခြားသူတွေ လုပ်တတ်တာ မင်းဘာလို့ မလုပ်တတ်တာလဲ။” ဒီအသံက ကိုယ့်အသံ မဟုတ်ဘူး။ဒါ inner critic ရဲ့ အသံ။ Psychology မှာinner critic ဆိုတာ ကိုယ့်ကို ကာကွယ်ဖို့ ဖန်တီးထားတဲ့ စနစ်။ဒါပေမယ့် အလွန်အကျွံ ဖြစ်ရင်ကာကွယ်တာ မဟုတ်တော့ဘူး — ဖိနှိပ်နေတာ။ Kristin Neff ပြောတယ်။“Self-compassion is not self-indulgence. […]

ကိုယ့်ကိုကိုယ် ခွင့်မလွှတ်နိုင်သူသူများကို ခွင့်လွှတ်နိုင်မှာ မဟုတ်ဘူး။ Read More »

ကိုယ့်အတွက်ကိုယ်အချိန်ပြန်ပေးဖို့လဲလိုတယ်။

ဘဝမှာ ငါ့အတွက်ငါပဲရှိရင်စိတ်နဲ့ကိုယ်ကို အကောင်းဆုံးအသုံးချရမှာပဲ။ စိတ်အတွက်နေ့စဉ်ပြုစုပျိုးထောင်ဖို့သတိလေးနဲ့နေတာ၊တရားထိုင်တာ၊စာဖတ်လေ့လာသင်ယူမှုပြုလုပ်တာ၊ကိုယ့်အတွေးတွေကိုချရေးတာ၊ကျေးဇူးတင်စိတ်ထားပြီးကောင်းမွန်တဲ့စေတသိတ်တွေနဲ့နေထိုင်တာမျိုးလုပ်ဆောင်လို့ရနိုင်တယ်။ ခန္ဓာကိုယ်အတွေ့ဆိုနေ့စဉ်ကိုယ်လက်လှုပ်ရှား၊ အားကစား၊​အစားအသောက်၊ကောင်းမွန်စွာအိမ်စက်အနားယူတာဒါမျိုးလုပ်ဆောင်လို့ရနိုင်တယ်။ သူအများအတွက်ကြီးပဲဂရုစိုက်နေမိတဲ့သူတွေအတွက်ကိုယ့်အတွက်ကိုယ်အချိန်ပြန်ပေးဖို့လဲလိုတယ်။ Phyo Paing @ Derek

ကိုယ့်အတွက်ကိုယ်အချိန်ပြန်ပေးဖို့လဲလိုတယ်။ Read More »

လူတိုင်းကိုယ့်ကို စွန်ပစ်သွားနိုင်ပေမယ့်
ကိုယ့်ကိုကိုယ်တော့ စွန့်ပစ်လို့မရဘူး။

ကိုယ့်ကိုကိုယ် လိုတာထက်ပိုချစ်ဖို့လိုတတ်တယ်။သံသရာထဲမှာ တစ်ယောက်တည်းဖြတ်သန်းရမှာ။ခုတွေ့တဲ့ ချစ်သူ၊ ရည်းစား၊ လင်မယား၊အသိုင်းအဝိုင်း၊ ဆွေမျိုး၊ မိဘအကုန်လုံးကရထားတစ်တက်မှာ တွေ့တဲ့သူကြီးပဲလို့ဆိုကြတယ်။ လူတိုင်းကိုယ့်ကို စွန်ပစ်သွားနိုင်ပေမယ့်ကိုယ့်ကိုကိုယ်တော့ စွန့်ပစ်လို့မရဘူး။ရုပ်၊ နမ်က ထာဝရမဟုတ်ဘူး။ကိုယ်ကကိုယ်။အဲ့အသိ။ဒါကအမြဲရှိနေမှာ။ Phyo Paing @ Derek

လူတိုင်းကိုယ့်ကို စွန်ပစ်သွားနိုင်ပေမယ့်
ကိုယ့်ကိုကိုယ်တော့ စွန့်ပစ်လို့မရဘူး။
Read More »