လူတွေရဲ့
အစွမ်းအစတိုးတက်အောင်
လုပ်ဆောင်ပေးတဲ့အရာ
ပညာရေးက လူတွေရဲ့အစွမ်းအစတိုးတက်အောင်လုပ်ဆောင်ပေးတဲ့အရာပဲ။ ပညာရေးကို ကျောင်းတွေကရတယ်။စာအုပ်တွေက ရတယ်။သင်ယူမှုက ရတယ်။ တက်ခဲ့တဲ့ကျောင်းမတူရင်အရည်အချင်းမတူဘူး။ဖတ်ခဲ့တဲ့စာအုပ်မတူရင်အတွေးအခေါ်မတူဘူး။သင်ယူမှုမတူရင်လုပ်ဆောင်နိုင်စွမ်းမတူဘူး။ ဒါကြောင့်လဲ မိဘတွေကပိုက်ဆံရှိလာရင်ကိုယ့်ကလေးတွေကိုငွေကုန်ကြေးကျခံပြီးကျောင်းကောင်းကောင်းထားကြတယ်။ သာမန်အသိုင်းအဝိုင်းထဲကျင်လည်မယ်ဆို ကိစ္စမရှိပေမယ့်ဘဝရဲ့ကျင်လည်ရာနောက်အသိုင်းအဝိုင်းတစ်ခုသွားဖို့ပညာရေးနောက်ခံလိုတယ်။ သူဌေးချင်းတူပေမည့်ပညာတတ်တာနဲ့မတတ်တာကလဲလူတောတိုးမှုလေးစားမှု မတူပြန်ဘူး။ ဒါက လောကသဘာဝတရားတွေ။ဒါကြောင့် ငယ်ရွယ်တုန်းပညာသင်လို့ဆိုခဲ့ကြတာ။ အစွမ်းအစနဲ့ အားထုတ်မှုပေါင်းမှအမြင့်ဆုံးရောက်နိုင်မယ်မဟုတ်လား။ Phyo Paing @ Derek
လူတွေရဲ့
အစွမ်းအစတိုးတက်အောင်
လုပ်ဆောင်ပေးတဲ့အရာ Read More »