Knowledge

မသိတဲ့အရာတွေကိုတပည့်ခံတတ်ဖို့လဲလိုသေးတယ်။

အလုပ်ပဲလုပ်နေလို့မရဘူး။တိုးတက်ရေးအတွက်လဲစာဖတ်၊ သင်တန်းတွေတက်၊Event မျှဝေပွဲတွေသွား၊​သက်ဆိုင်ရာနယ်ပယ်ကပညာရှင်တွေနဲ့ စကားပြောကြည့်၊ကိုယ်လုပ်နေတဲ့ လုပ်ပုံလုပ်နည်းတွေကိုပြောင်းလဲကြည့်။ဒါမှ တိုးတက်လာမှာ။ ကိုယ်ကကြီး အမြဲဆရာလုပ်နေလို့မရဘူး။မသိတဲ့အရာတွေကိုတပည့်ခံတတ်ဖို့လဲလိုသေးတယ်။ Phyo Paing @ Derek

မသိတဲ့အရာတွေကိုတပည့်ခံတတ်ဖို့လဲလိုသေးတယ်။ Read More »

ဗုဒ္ဓဟောကြားခဲ့တဲ့ ပဋိစ္စသမုပ္ပါဒ် လိုအကြောင်းအကျိုးဆက်စပ်ဖြစ်ပေါ်ခြင်းပဲ။

ကိုယ်တစ်ယောက်တည်းတော်လို့မဟုတ်ဘူး။ အောင်မြင်တယ်၊တိုးတက်တယ်ဆိုတာအထောက်အပံကောင်းလို့။ ဒီနေ့ခေတ် မိဘတွေကသားသမီးတွေကိုငွေကုန်ခံပြီး ပညာသင်ပေးတာကအထောက်အပံ့တစ်ခုဖြစ်စေချင်လို့။ ကိုယ့်မိဘတွေရဲ့ genes မျိုးရိုးဗီဇ၊မိဘတွေရဲ့ အထောက်အပံ၊ပံ့ဝန်းကျင်ရဲ့အထောက်အပံ့၊ချစ်သူရည်းစား လင်မယားရဲ့နားလည်ပံ့ပိုးမှု၊ဆရာသမားတွေရဲ့ပံ့ပိုးမှု၊ကိုယ်နေထိုင်တဲ့နေရာရဲ့ပံ့ပိုးမှုဒီအချက်တွေအပေါ်အများကြီးမူတည်တယ်။ ဘဝမှာ အသက်အရွယ်တစ်ခုထိရွေးချယ်လို့မရခဲ့တာတွေရှိမယ်။​အသက်အရွယ်တစ်ခုရောက်တဲ့အခါရွေးချယ်လို့ရတဲ့ သေးသေးလေးကစလို့အကြီးကြီး ရွေးချယ်မှုတွေလုပ်လို့ရတာရှိမယ်။ အဖေ၊ အမေကို ရွေးလို့မရဘူး။ငယ်ဘဝဖြတ်သန်းမှုကိုရွေးချယ်ဖို့မလွယ်ကူဘူး။ဒါပေမယ့် ဘဝမှာဘယ်မှာနေမယ်၊ ဘယ်သူတွေနဲ့တွေ့မယ်၊ဘယ်လိုအတွေးအခေါ်မျိုးတွေးမယ်ဒါတွေက ရွေးချယ်လို့ရတယ်။တွေးခေါ်၊ ကြံစည်၊ လုပ်ဆောင်လို့ရတယ်။ တခါတလေ တချို့တွေကပညာအထောက်အပံ့နဲ့မျိုးရိုးဗီဇ အလုံအလောက်မကောင်းတဲ့အခါပညာသင်ရခက်တာ၊ကိုယ်လိုချင်တဲ့ရလဒ်ရဖို့လိုအပ်တဲ့ IQ မရှိတာဒါမျိုးလဲဖြစ်နိုင်တယ်။ လူတစ်ယောက် အောင်မြင်တယ်ဆိုတိုင်းအထင်အရမ်းကြီးဖို့မလိုသလို၊ညံ့နေတယ်ဆိုတာကလဲသူမကြိုးစားလို့ မဟုတ်တာလဲဖြစ်နိုင်တယ်။ ဗုဒ္ဓဟောကြားခဲ့တဲ့ ပဋိစ္စသမုပ္ပါဒ် လိုအကြောင်းအကျိုးဆက်စပ်ဖြစ်ပေါ်ခြင်းပဲ။ Phyo Paing @ Derek

ဗုဒ္ဓဟောကြားခဲ့တဲ့ ပဋိစ္စသမုပ္ပါဒ် လိုအကြောင်းအကျိုးဆက်စပ်ဖြစ်ပေါ်ခြင်းပဲ။ Read More »

စိတ်အေးအေးထားပြီး ရှေ့ဆက်ရအောင်။

အမှားဆိုတာ ဒေတာ (Data) ပဲ၊အပြစ်ရှိတယ်လို့ ခံစားဖို့ မဟုတ်ဘူး။” ကျွန်တော်တို့ အမှားတစ်ခု လုပ်မိတဲ့အခါ“ငါ ညံ့လို့” ဆိုတဲ့ စိတ်ခံစားမှုနောက်ကိုမလိုက်ပါနဲ့။ အဲ့ဒီအစား “ဘာကြောင့် မှားသွားတာလဲ” ဆိုတဲ့အဖြေကို ရှာပါ။ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေတာဟာစွမ်းအင်တွေကို အလဟဿဖြုန်းတီးနေတာနဲ့ တူပါတယ်။ ဒီနည်းလမ်းကို သုံးကြည့်ပါ – ၁။ ခံစားချက်ကို ခွာထုတ်ပါ –အမှားထဲကနေ သင်ခန်းစာကိုပဲ ယူပြီးစိတ်နာကျင်မှုကို ထားခဲ့ပါ။ ၂။ မေးခွန်းပြောင်းမေးပါ –“ငါ ဘာလို့ ဒါမျိုးဖြစ်ရတာလဲ” အစား “နောက်တစ်ခါ ဒါမျိုးမဖြစ်အောင်ဘာပြင်ဆင်ရမလဲ” လို့ မေးပါ။ ၃။ ချက်ချင်း အလုပ်လုပ်ပါ –အပြစ်တင်နေမယ့်အစားလက်ရှိမှာ လုပ်လို့ရတဲ့ အသေးဆုံးအမှန်ပြင်မှုကို စတင်ပါ။ မိတ်ဆွေရဲ့ တန်ဖိုးဟာ အမှားတစ်ခုကြောင့်လျော့မသွားပါဘူး။အမှားကို ဘယ်လို တုန့်ပြန်သလဲဆိုတဲ့အပေါ်မှာပဲမိတ်ဆွေရဲ့ ရလဒ်က ပြောင်းလဲသွားမှာပါ။ စိတ်အေးအေးထားပြီး

စိတ်အေးအေးထားပြီး ရှေ့ဆက်ရအောင်။ Read More »

Nietzsche ရဲ့ “Become Who You Are” အတွေးအခေါ်အရလူတွေကို ဒီလိုမြင်နိုင်တယ်

ဘဝကို ပေးထားတဲ့အတိုင်းလက်ခံတဲ့သူနဲ့၊​ဘဝကို ပေးထားတာကိုစိတ်တိုင်းမကျရင်ပြုပြင်ပြောင်းလဲတဲ့သူကွာတယ်။ ပြုပြင်ပြောင်းလဲတဲ့သူတွေထဲမှာမှပြင်လို့မရလို့ လက်မှိုင်ချတဲ့သူ။​ပြင်လိုက်၊ ရလိုက်၊ ပြန်ကြိုးစားရလိုက်နဲ့အလုပ်ဖြစ်လိုက်၊ မဖြစ်လိုက်အဆင့်မှာရောက်နေတဲ့သူ။ပြင်ရင်းလမ်းပေါ်ရောက်နေတဲ့သူ။ပြင်ပြီးလို့ နောက်တစ်ဆင့်ထပ်သွားနေတဲ့သူ။ Nietzsche ရဲ့ “Become Who You Are” အတွေးအခေါ်အရလူတွေကို ဒီလိုမြင်နိုင်တယ် ဘဝကို ပေးထားတဲ့အတိုင်း လက်ခံပြီးနေတဲ့သူတွေမကျေနပ်ပေမယ့် နာကျည်းပြီး လက်လျှော့သွားတဲ့သူတွေကိုယ့်ကိုယ်ကို ကျော်ဖြတ်ပြီး ဆက်ပြောင်းလဲတိုးတက်နေတဲ့သူတွေ။ Phyo Paing @ Derek

Nietzsche ရဲ့ “Become Who You Are” အတွေးအခေါ်အရလူတွေကို ဒီလိုမြင်နိုင်တယ် Read More »

သေဖို့ တန်တဲ့ ဘဝကို နေထိုင်ကြည့်ပါ။

ကိုယ့်ဘဝမှာ ရက်ဘယ်နှစ်ရက် ကျန်သေးလဲ။ ရေတွက်ကြည့်ဖူးလား။ ဘဝကို “နှစ်” နဲ့ တွက်ရင်ရှည်တယ် ထင်ရတယ်။ “ငါ ၃၀ ပဲ ရှိသေးတယ်။ အချိန် ရှိသေးတယ်”“ငါ ၄၀ ပဲ ရှိသေးတယ်။ နောက်မှ စမယ်” ဒါပေမယ့်“ရက်” နဲ့ တွက်ကြည့်ရင်ခံစားချက် ပြောင်းသွားတယ်။ အသက် ၁၀၀ နှစ် = ၃၆,၅၂၅ ရက်အသက် ၉၀ နှစ် = ၃၂,၈၇၂ ရက်အသက် ၈၀ နှစ် = ၂၉,၂၂၀ ရက်အသက် ၇၀ နှစ် = ၂၅,၅၆၇ ရက်အသက် ၆၀ နှစ် = ၂၁,၉၁၅ ရက်အသက် ၅၀ နှစ် = ၁၈,၂၆၂ ရက်

သေဖို့ တန်တဲ့ ဘဝကို နေထိုင်ကြည့်ပါ။ Read More »

ဒါ ပညာရဲ့ စွမ်းအား ဖြစ်တယ်။

နားမလည်ရင် မှားမယ်။ဘယ်လောက် ကြိုးစားကြိုးစား။ လူအများစုက မှားရင်“ငါ မကြိုးစားလို့” ထင်တယ်။ ပိုကြိုးစားတယ်ပိုအချိန်ပေးတယ်ပိုအားစိုက်တယ် ပြီးရင် ထပ်မှားတယ်။ ဘာကြောင့်လဲဆိုတော့ကြိုးစားမှု မလုံလောက်လို့ မဟုတ်ဘူးနားလည်မှု မလုံလောက်လို့ ဖြစ်ပါတယ်။ နားမလည်ဘဲ ကြိုးစားတာမှားတဲ့ လမ်းပေါ်မှာ အမြန်ပြေးနေတာနဲ့ အတူတူပါပိုမြန်လေ ပိုဝေးလေ။ ဘယ်နေရာတွေမှာ နားမလည်လို့ မှားတတ်လဲ။ ဆက်ဆံရေးမှာ — ချစ်သူကို နားမလည်ဘူး ဆိုရင်ချစ်ပေမယ့် နာကျင်စေတယ်ကူညီချင်ပေမယ့် ဖိအားပေးမိတယ်ပြောချင်ပေမယ့် ဝေဖန်သလို ဖြစ်သွားတယ် “ငါ ချစ်လို့ ပြောတာ” ဆိုပေမယ့်ပြောပုံ ပြောနည်း ကို နားမလည်ရင်ချစ်ခြင်းက ဒဏ်ရာ ဖြစ်သွားတယ်။ ဝန်ထမ်းကို နားမလည်ဘူး ဆိုရင်မြဲစေချင်ပေမယ့် ထွက်သွားတယ်။လစာ တိုးပေးပေမယ့် ပျော်ရွှင်မှု မရှိဘူး။ချီးကျူးပေမယ့် ယုံကြည်မှု မရဘူး။ “ငါ စီမံခန့်ခွဲတယ်” ဆိုပေမယ့်လူကို နားမလည်တဲ့

ဒါ ပညာရဲ့ စွမ်းအား ဖြစ်တယ်။ Read More »

ပညာကို မရှာဘဲလာဝယ်ဖို့
အမှတ်တံဆိပ်တည်ဆောက်ရတယ်။

ပညာတတ်ပြီး ပိုက်ဆံမရှိတာပညာကိုမရောင်းတတ်လို့။ပညာကို လုပ်အားအနေနဲ့ရောင်းလို့ရတယ်။ထုတ်ကုန်အနေနဲ့ရောင်းလို့ရတယ်။အမှတ်တံဆိပ်အနေနဲ့ရောင်းလို့ရတယ်။ ပညာကို လုပ်အားနဲ့ရှာဖို့အလုပ်လျှောက်တာနဲ့စလို့ရတယ်။ပညာကို မရှာဘဲလာဝယ်ဖို့အမှတ်တံဆိပ်တည်ဆောက်ရတယ်။ Phyo Paing @ Derek

ပညာကို မရှာဘဲလာဝယ်ဖို့
အမှတ်တံဆိပ်တည်ဆောက်ရတယ်။
Read More »

အရင်ခေတ်
knowledge is power.

အရင်ခေတ်knowledge is power.ပညာဆိုတာ ပါဝါ။ ဒီနေ့ခေတ်Secret and Specialized Knowledge is Power.လူအများမသိတဲ့ ကိုယ့်လုပ်ငန်းနယ်ပယ်လျှိုဝှက်ချက်၊အထူးပြုအသိပညာက ပါဝါ။ Phyo Paing @ Derek

အရင်ခေတ်
knowledge is power.
Read More »

လူတွေရဲ့
အစွမ်းအစတိုးတက်အောင်
လုပ်ဆောင်ပေးတဲ့အရာ

ပညာရေးက လူတွေရဲ့အစွမ်းအစတိုးတက်အောင်လုပ်ဆောင်ပေးတဲ့အရာပဲ။ ပညာရေးကို ကျောင်းတွေကရတယ်။စာအုပ်တွေက ရတယ်။သင်ယူမှုက ရတယ်။ တက်ခဲ့တဲ့ကျောင်းမတူရင်အရည်အချင်းမတူဘူး။ဖတ်ခဲ့တဲ့စာအုပ်မတူရင်အတွေးအခေါ်မတူဘူး။သင်ယူမှုမတူရင်လုပ်ဆောင်နိုင်စွမ်းမတူဘူး။ ဒါကြောင့်လဲ မိဘတွေကပိုက်ဆံရှိလာရင်ကိုယ့်ကလေးတွေကိုငွေကုန်ကြေးကျခံပြီးကျောင်းကောင်းကောင်းထားကြတယ်။ သာမန်အသိုင်းအဝိုင်းထဲကျင်လည်မယ်ဆို ကိစ္စမရှိပေမယ့်ဘဝရဲ့ကျင်လည်ရာနောက်အသိုင်းအဝိုင်းတစ်ခုသွားဖို့ပညာရေးနောက်ခံလိုတယ်။ သူဌေးချင်းတူပေမည့်ပညာတတ်တာနဲ့မတတ်တာကလဲလူတောတိုးမှုလေးစားမှု မတူပြန်ဘူး။ ဒါက လောကသဘာဝတရားတွေ။ဒါကြောင့် ငယ်ရွယ်တုန်းပညာသင်လို့ဆိုခဲ့ကြတာ။ အစွမ်းအစနဲ့ အားထုတ်မှုပေါင်းမှအမြင့်ဆုံးရောက်နိုင်မယ်မဟုတ်လား။ Phyo Paing @ Derek

လူတွေရဲ့
အစွမ်းအစတိုးတက်အောင်
လုပ်ဆောင်ပေးတဲ့အရာ
Read More »

အဓိပ္ပာယ်ရှိတဲ့ တိုက်ဆိုက်မှုများ

ဒီလိုကြုံဖူးလားမသိဘူး။လူတစ်ယောက်အကြောင်းစဉ်းစားနေတုန်းသူ့ဆီက မက်ဆေ့ပို့လာတာမျိုး။တစ်ယောက်ယောက်ကို တွေးနေတုန်းသူနဲ့လမ်းမှာ ဆုံတာမျိုး။ ဒါကို စိတ်ပညာရှင်ကြီးCarl Jung က synchronicityအဓိပ္ပာယ်ရှိတဲ့ တိုက်ဆိုက်မှုများလို့နာမည်ပေးခဲ့တယ်။ ဒါဖြစ်တော့မလားမသိဘူးဆိုတဲ့အချိန်ဖြစ်သွားတာမျိုး။လူတချို့ ဘဝမှာ မကြာမကြာကြုံဖူးတတ်ကြတယ်။အထူးသဖြင့် intuitive ဖြစ်တဲ့သူတွေမှာဒီလိုအဖြစ်အပျက်ပိုတွေ့တတ်တယ်လို့ဆိုတယ်။ ဒါကို တချို့က cognitive biasစဉ်းစားမှုဆိုင်ရာဘက်လိုက်မှုလို့ဆိုသလို၊တချို့က ရာခိုင်နှုန်းအရကြည့်ရင်ဖြစ်နိုင်ခြေရှိတဲ့အရာတစ်ခုလို့ဆိုပြီး၊Carl Jung ကတော့Collective unconsciousness ကြောင့်လို့ဆိုတယ်။ ဘဝမှာ အဲ့လို ကြုံဖူးသလား။ Phyo Paing @ Derek

အဓိပ္ပာယ်ရှိတဲ့ တိုက်ဆိုက်မှုများ Read More »