ဘဝမှာ အရေးအကြီးဆုံးလုပ်ရမှာက
ကြိုးစားတိုင်း မအောင်မြင်ဘူး။ ကိုက်ညီမှ အောင်မြင်တာ။ ဒါက ဘဝရဲ့မဟာဗျူဟာတစ်ခုပဲ။ လူတိုင်းမှာ ပေးထားချက်တွေရှိတယ်။ စူပါပါဝါတွေရှိတယ်။ Life’s Task တွေရှိတယ်။ တချို့အတွက် အင်မတန်ခက်ခဲပေမယ့်ကိုယ့်အတွက် ကလေးကစားသလို လွယ်ကူတဲ့အရာတွေရှိတတ်တယ်။ ဘဝမှာ အရေးအကြီးဆုံးလုပ်ရမှာကသူများအတွက် ခက်ခဲပြီးကိုယ့်အတွက် ကလေးကစားသလို လွယ်ကူတဲ့ အလုပ်တွေကိုရှာဖွေရမှာ။ တချို့အလုပ်တွေက ရုန်းကန်စရာမလိုဘူးကိုယ့်အတွက် လွယ်ကူပြီးရေစီးကြောင်းနဲ့အတူ တိုးတက်နေတာမျိုး။ တချို့အလုပ်တွေက ရုန်းကန်လဲနောက်ဆုံးတော “ဆုံးရန်” အကုန်ကုန်တာမျိုး။ ကိုယ့်ရဲ့ စူပါပါဝါ ကိုယ်သိဖို့လိုတယ်။ ကိုယ့်ကို ပေးထားတဲ့ သမိုင်းပေးတာဝန်ကိုကျေပြွန်အောင်လုပ်ရင်ဘဝက လွယ်ကူနေမှာပဲ။ Alignment အလိုင်းမန့်အရေးကြီးတယ်။ Phyo Paing @ Derek
